ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဖိလစ္ပိုင္ သမၼတ ဒူတာေတးဟာ သူ ရာထူးတက္လာတဲ့ ၂၀၁၆ ဇြန္လကစၿပီး ဆင္ႏႊဲခ့ဲတဲ့ မူးယစ္္ႏွိမ္နင္းေရး စစ္ပြဲအတြင္းမွာ ေဆးသုံးစြဲသူ၊ ေရာင္း၀ယ္ေဖာက္ကားသူေတြလို႔ စြပ္စြဲခံရတဲ့ လူေပါင္း ၇၀၀၀ ေက်ာ္ထက္မနည္းကို သုတ္သင္ရွင္းလင္းမႈေတြ ျဖစ္ၿပီးေနာက္မွာေတာ့ မူးယစ္ျပႆနာကို မေျဖရွင္းႏိုင္ဘူူးလို႔႔ ၀န္ခံေျပာလာပါတယ္။ သူရဲ႕ ေျခာက္ႏွစ္တာ သမၼတ သက္တမ္းအတြင္းမွာ ႏုိင္္ငံရဲ႕ မူးယစ္ေဆး၀ါးျပႆနာကို ေျဖရွင္းႏိုင္လိမ့္မွာ မဟုတ္ေၾကာင္း ဒူတာေတးက ၀န္ခံေျပာတာပါ။

အခု သူ႔ရဲ႕ ၀န္ခံခ်က္ဟာ ေရြးေကာက္ပြဲ မဲဆြယ္ကာလက ကတိစကားနဲ႔ လားလားႀကီး ဆန္႔က်င္လို႔ ေနပါတယ္။ေ ရြးေကာက္ပြဲမဲဆြယ္စဥ္က ႏိုင္ငံရဲ႕ ေမွာင္ခိုမူးယစ္ေဆး၀ါးကုန္ကူးမႈနဲ႔ ရာဇ၀တ္မႈေတြကို သုံးလကေန ေျခာက္လအတြင္း အျမစ္ျဖဳတ္ ေခ်မႈန္းမွာ ျဖစ္ၿပီး မျဖစ္ခဲ့ရင္ ရာထူးကေန ကိုယ္တုိင္ႏႈတ္ထြက္မယ္လို႔ ကတိေပးေျပာဆိုထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သမၼတအျဖစ္ တစ္ႏွစ္နဲ႔ ႏွစ္လ ရာထူးသက္တမ္းရွိလာခ်ိန္မွာ ဒါဗာအိုၿမိဳ႕က ဆရာ၀န္၊ သူနာျပဳေတြကို မိန္႔ခြန္းေျပာဆုိရာမွာေတာ့ ဖိလစ္ပိုင္ဟာ မူးယစ္ေဆး၀ါးျပႆနာကို မထိန္းခ်ဳပ္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ႏုိင္ငံအတြင္း မူးယစ္ေဆး၀ါး ၀င္ေရာက္ရာ ဂယ္ေပါက္ေတြကို မထိန္းခ်ဳပ္ႏိုင္ေၾကာင္္း ခုလို မေျပာၾကားခင္မွာ ဒူတာေတးဟာ မူးယစ္္ေဆး၀ါး ျပႆနာကို ေျခာက္ႏွစ္တာ ရွိတဲ့ သူ႔ရဲ႕ သမၼတ သက္တမ္းတစ္ခုစာအတြင္းမွာေတာ့ ေျဖရွင္းႏိုင္္မွာ မဟုတ္ဘူးလို႔ ေျပာထားဖူးတာပဲ ျဖစ္ပါတယ္။

“စဥ္းစားၾကည့္ပါ။ သမၼတ သက္တမ္းတစ္ခုစာမွာ ဒီလို ႀကီးမားတဲ့ မူးယစ္ေဆး၀ါးျပႆနာကို ဘယ္လိုလူမ်ဳိးကမ်ား ေျဖရွင္းႏုိင္မွာလဲ။”လို႔ ဒူတာေတးက ေျပာခဲ့ပါတယ္။
ဒူတာေတးဟာ ၂၀၁၆ ေမလ ေရြးေကာက္ပြဲမွာ ရာဇ၀တ္မႈေတြ၊ အက်င့္ပ်က္ျခစားမႈေတြနဲ႔ မူးယစ္ေဆး၀ါး ေမွာင္ခုိကုန္ကူးမႈေတြကို သုံးလနဲ႔ ေျခာက္လအတြင္း ေျဖရွင္းမယ္လို႔ ကတိက၀တ္နဲ႔ အႏုိင္ရလာခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့သည့္ႏွစ္က သမၼတ အျဖစ္ တက္ေရာက္ၿပီး ဆင္ႏႊဲခဲ့တဲ့ ဒူတာေတးရဲ႕ မူးယစ္စစ္ပြဲမွာ လူေပါင္း ၇၀၀၀ ေက်ာ္ထက္မနည္း ေသဆုံးရၿပီး လူ႔အခြင့္အေရးေစာင့္ၾကည့္သည့္အဖြဲ႔ HRW က ဖိလစ္ပိုင္ရဲေတြ ဦးေဆာင္ေနတဲ့ တရားမဲ့သတ္ျဖတ္မႈေတြအျဖစ္ ႐ႈတ္ခ်ခံထားရတာလည္း ျဖစ္ပါတယ္။

Rf; Eliter Readers

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ သူ ရာထူးတက်လာတဲ့ ၂၀၁၆ ဇွန်လကစပြီး ဆင်နွှဲခဲ့တဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်းမှာ ဆေးသုံးစွဲသူ၊ ရောင်းဝယ်ဖောက်ကားသူတွေလို့ စွပ်စွဲခံရတဲ့ လူပေါင်း ၇၀၀၀ ကျော်ထက်မနည်းကို သုတ်သင်ရှင်းလင်းမှုတွေ ဖြစ်ပြီးနောက်မှာတော့ မူးယစ်ပြဿနာကို မဖြေရှင်းနိုင်ဘူူးလို့ ဝန်ခံပြောလာပါတယ်။ သူရဲ့ ခြောက်နှစ်တာ သမ္မတ သက်တမ်းအတွင်းမှာ နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်လိမ့်မှာ မဟုတ်ကြောင်း ဒူတာတေးက ဝန်ခံပြောတာပါ။

အခု သူ့ရဲ့ ဝန်ခံချက်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလက ကတိစကားနဲ့ လားလားကြီး ဆန့်ကျင်လို့ နေပါတယ်။ေ ရွးကောက်ပွဲမဲဆွယ်စဉ်က နိုင်ငံရဲ့ မှောင်ခိုမူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေကို သုံးလကနေ ခြောက်လအတွင်း အမြစ်ဖြုတ် ချေမှုန်းမှာ ဖြစ်ပြီး မဖြစ်ခဲ့ရင် ရာထူးကနေ ကိုယ်တိုင်နှုတ်ထွက်မယ်လို့ ကတိပေးပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတအဖြစ် တစ်နှစ်နဲ့ နှစ်လ ရာထူးသက်တမ်းရှိလာချိန်မှာ ဒါဗာအိုမြို့က ဆရာဝန်၊ သူနာပြုတွေကို မိန့်ခွန်းပြောဆိုရာမှာတော့ ဖိလစ်ပိုင်ဟာ မူးယစ်ဆေးဝါးပြဿနာကို မထိန်းချုပ်နိုင်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအတွင်း မူးယစ်ဆေးဝါး ဝင်ရောက်ရာ ဂယ်ပေါက်တွေကို မထိန်းချုပ်နိုင်ကြောင်း ခုလို မပြောကြားခင်မှာ ဒူတာတေးဟာ မူးယစ်ဆေးဝါး ပြဿနာကို ခြောက်နှစ်တာ ရှိတဲ့ သူ့ရဲ့ သမ္မတ သက်တမ်းတစ်ခုစာအတွင်းမှာတော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောထားဖူးတာပဲ ဖြစ်ပါတယ်။

“စဉ်းစားကြည့်ပါ။ သမ္မတ သက်တမ်းတစ်ခုစာမှာ ဒီလို ကြီးမားတဲ့ မူးယစ်ဆေးဝါးပြဿနာကို ဘယ်လိုလူမျိုးကများ ဖြေရှင်းနိုင်မှာလဲ။”လို့ ဒူတာတေးက ပြောခဲ့ပါတယ်။
ဒူတာတေးဟာ ၂၀၁၆ မေလ ရွေးကောက်ပွဲမှာ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုတွေကို သုံးလနဲ့ ခြောက်လအတွင်း ဖြေရှင်းမယ်လို့ ကတိကဝတ်နဲ့ အနိုင်ရလာခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့်နှစ်က သမ္မတ အဖြစ် တက်ရောက်ပြီး ဆင်နွှဲခဲ့တဲ့ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲမှာ လူပေါင်း ၇၀၀၀ ကျော်ထက်မနည်း သေဆုံးရပြီး လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ HRW က ဖိလစ်ပိုင်ရဲတွေ ဦးဆောင်နေတဲ့ တရားမဲ့သတ်ဖြတ်မှုတွေအဖြစ် ရှုတ်ချခံထားရတာလည်း ဖြစ်ပါတယ်။

Rf; Eliter Readers

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့် ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top