မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





Credit: 7Daydaily
#Unicode Version#
 ကလေးမြို့နယ် နတ် ချောင်း - ချောင်းခွ - ဝေဘူလ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ သင်းခွေချပ်အကြေးခွံများ စက် တင်ဘာ ၁၆ ရက်ကဖမ်းဆီးရမိ ခဲ့သည်။

ကလေးမြို့မှ မန္တလေးသို့ သွားသော ခရီးသည်တင်ယာဉ် ပေါ်တွင် သင်းခွေချပ်အကြေးခွံ ငါးပိဿာကျော်ပါ၀င်သည့်အိတ်  ၂၀ ဖမ်းမိခဲ့သည်။

‘‘ယာဉ်မောင်းရော၊ ပစ္စည်း ပိုင်ရှင်ရောနှစ်ယောက်စလုံးကို ကလေးမြို့မရဲစခန်းမှာ အမှုဖွင့်  ထားတယ်’’ ဟု ကလေးမြို့သစ် တောဦးစီးဌာန ဦးစီးအရာရှိဦး မင်းမင်းသိုက်ကပြောသည်။

ဥပဒေအရလုံးဝကာကွယ် ထားသော တောရိုင်းတိရစ္ဆာန်အ စိတ်အပိုင်းများ လက်ဝယ် ထားခြင်း၊ သယ်ဆောင်ခြင်းများ  ကြောင့် ပစ္စည်းပိုင်ရှင်နှင့်ယာဉ် မောင်းကို ဇီဝမျိုးစုံမျိုးကွဲနှင့်သ ဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင် ရာဥပဒေဖြင့် ကလေးမြို့မရဲစခန်း  တွင် အမှုဖွင့်အရေးယူထား ကြောင်း ဦးမင်းမင်းသိုက်ကပြော သည်။

‘‘လက်ရှိအချိန်အထိတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တားမြစ်ထားတဲ့ တောရိုင်း တိရစ္ဆာန်တရားမဝင်သယ်ဆောင် တာ၊ လက်ဝယ်ထားရှိတာ ဒါပထမဆုံးတွေ့ပြီးတန်ဖိုးအားဖြင့်လည်း လက်ရှိအချိန်အထိအများ ဆုံးပါ’’ဟု စစ်ကိုင်းတိုင်းဒေသကြီးသစ် တောဦးစီးဌာနညွှန်ကြားရေး မှူး ဦးသန်းစိုးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top