ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 စီးပြားေရးလုပ္ငန္းရွင္ အမ်ိဳးသားတစ္ဦးဟာ ေမွာ္ဆရာခုိင္းတဲ့အတုိင္း သူရဲ႕ခ်စ္သူကို အမ်ိဳးသမီးကို အရွင္လက္လက္ ေျမျမႇဳပ္ၿပီး ယစ္ပူေဇာ္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးကိုေတာ့ အသက္ရွင္ရက္ ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားဟာ သူ႕ရဲ႕ခ်စ္သူကို အခုလုိ ယစ္ပူေဇာ္လုိက္ျခင္းအားျဖင့္ ခ်က္ခ်င္းခ်မ္းသာမယ္ဆုိတဲ့ ေမွာ္ဆရာရဲ႕ ေျပာစကားကုိ ယုံၾကည္သူျဖစ္ပါတယ္။


ဒီအျဖစ္အပ်က္ဟာ တန္ဇန္နီးယားႏုိင္ငံမွာ ျဖစ္ခဲ့တာပါ။ အမ်ိဳးသမီးကေတာ့ အသက္(၂၀)ဝန္းက်င္သာ ရွိေသးၿပီး တူးေဖာ္ထားတဲ့ က်င္းအနက္ႀကီးတစ္ခုထဲမွာ သူမကို (၈)လၾကာ ထားရွိထားေၾကာင္း သိရပါတယ္။ ေမွာ္ဆရာက ခ်က္ခ်င္းခ်မ္းသာမယ့္ နည္းလမ္းကေတာ့ ခ်စ္သူကုိ ေျမထဲမွာျမႇဳပ္ျခင္းပဲလုိ႔ နည္းလမ္းေပးခဲ့တာပါ။


ျပစ္မႈက်ဴးလြန္ခဲ့တဲ့ အမ်ိဳးသားဟာ အထုိက္အေလွ်ာက္ ေငြေၾကးခ်မ္းသာသူျဖစ္ေသာ္လည္း အသိဉာဏ္ပညာ ခ်ိ႕တဲ့သူျဖစ္လုိ႔ ေမွာ္ဆရာခုိင္းတဲ့အတုိင္း ျပဳလုပ္ခဲ့ပါတယ္။ အဲဒီအမ်ိဳးသမီးရဲ႕ ဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔လာၿပီးေနာက္ပိုင္း ရဲတပ္ဖြဲ႕က အခင္းျဖစ္တဲ့ေနအိမ္ကုိ သြားေရာက္စီးနင္းခဲ့ပါတယ္။ အမ်ိဳးသမီးကို အသက္ရွင္ရက္ ကယ္တင္ႏုိင္ခဲ့ပါတယ္။


ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားကိုလည္း ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ အမ်ိဳးသမီးရဲ႕ ထုတ္ေဖာ္ဝန္ခံခ်က္အရ သူမဟာ တစ္ပတ္မွာ ႏွစ္ႀကိမ္သာလွ်င္ အစာေကၽြးတာကို ခံခဲ့ရၿပီး ရက္ပုိင္းအတြင္းမွာ ေသဆုံးသြားႏုိင္တယ္လုိ႔ ဆုိပါတယ္။ သူမကို ခ်စ္သူအမ်ိဳးသားက ဖမ္းခ်ဳပ္ၿပီးေတာ့ တစိမ့္စိမ့္ႏွိပ္စက္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ေလာေလာဆယ္ေတာ့ သူမကုိ ေဆးကုသေပးေနပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:လင္းေဇာ္ကို (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
 စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးဟာ မှော်ဆရာခိုင်းတဲ့အတိုင်း သူရဲ့ချစ်သူကို အမျိုးသမီးကို အရှင်လက်လက် မြေမြှုပ်ပြီး ယစ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အမျိုးသမီးကိုတော့ အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ သူ့ရဲ့ချစ်သူကို အခုလို ယစ်ပူဇော်လိုက်ခြင်းအားဖြင့် ချက်ချင်းချမ်းသာမယ်ဆိုတဲ့ မှော်ဆရာရဲ့ ပြောစကားကို ယုံကြည်သူဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ တန်ဇန်နီးယားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ အမျိုးသမီးကတော့ အသက်(၂၀)ဝန်းကျင်သာ ရှိသေးပြီး တူးဖော်ထားတဲ့ ကျင်းအနက်ကြီးတစ်ခုထဲမှာ သူမကို (၈)လကြာ ထားရှိထားကြောင်း သိရပါတယ်။ မှော်ဆရာက ချက်ချင်းချမ်းသာမယ့် နည်းလမ်းကတော့ ချစ်သူကို မြေထဲမှာမြှုပ်ခြင်းပဲလို့ နည်းလမ်းပေးခဲ့တာပါ။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အထိုက်အလျှောက် ငွေကြေးချမ်းသာသူဖြစ်သော်လည်း အသိဉာဏ်ပညာ ချိ့တဲ့သူဖြစ်လို့ မှော်ဆရာခိုင်းတဲ့အတိုင်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးရဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက်ပိုင်း ရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေအိမ်ကို သွားရောက်စီးနင်းခဲ့ပါတယ်။ အမျိုးသမီးကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ ထုတ်ဖော်ဝန်ခံချက်အရ သူမဟာ တစ်ပတ်မှာ နှစ်ကြိမ်သာလျှင် အစာကျွေးတာကို ခံခဲ့ရပြီး ရက်ပိုင်းအတွင်းမှာ သေဆုံးသွားနိုင်တယ်လို့ ဆိုပါတယ်။ သူမကို ချစ်သူအမျိုးသားက ဖမ်းချုပ်ပြီးတော့ တစိမ့်စိမ့်နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ သူမကို ဆေးကုသပေးနေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:လင်းဇော်ကို (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top