ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဇြန္လဆန္းမွ စက္တင္ဘာ၂၂ရက္အထိ ေဒၚလာေစ်းအတက္အက်ျပ Infograph

 ေဒၚလာေစ်းကစားမႈ  ကို အေရးယူမည္ဟု သမၼတ႐ံုး ကေျပာၾကားၿပီးေနာက္ ေဒၚ လာေစ်းျပန္က်လာၿပီး စက္တင္  ဘာ ၂၂ ရက္တြင္တစ္ေဒၚလာ လွ်င္ ၁,၆၁၅ က်ပ္ေပါက္ေစ်းရွိ သည္။

စက္တင္ဘာ ၁၉ တြင္တစ္ ေဒၚလာလွ်င္ ၁,၆၄၈ က်ပ္အထိ ျပင္ပေပါက္ေစ်းရွိခဲ့ၿပီးေနာက္ သမၼတ႐ံုးသတင္းစာရွင္းလင္းပြဲ ျပဳလုပ္သည့္ စက္တင္ဘာ ၂၁  ရက္တြင္ ၁,၆၂၇ က်ပ္သို႔က်ဆင္း ၿပီး ယမန္ေန႔က ၁၂ က်ပ္ထပ္မံက် ဆင္းခဲ့သည္။

သမၼတ႐ံုးေျပာေရးဆိုခြင့္ရွိ သူ ဦးေဇာ္ေဌးက ေဒၚလာအ ေရာင္း၊ အ၀ယ္ျပဳလုပ္ေနသူမ်ား ၏၀င္ေငြလမ္းေၾကာင္းကို စစ္ ေဆးမည္ျဖစ္ၿပီး စစ္ေဆး ေတြ႕ရွိပါက သင့္ေတာ္သည့္အ ေရးယူမႈမ်ား ဆက္လက္ေဆာင္ ရြက္မည္ျဖစ္ေၾကာင္း  ေျပာၾကား သည္။

‘‘ပတ္၀န္းက်င္ႏုိင္ငံေတြမွာ  ေဒၚလာေစ်းတက္တာက ကြၽန္ ေတာ္တို႔ေရွ႕မွာ အင္ဒိုနီးရွားႏုိင္ငံ တစ္ခုပဲ ၁၂ ရာခိုင္ႏႈန္းေစ်းတာ ရွိသည္။ ထိုင္းဆိုရင္လံုး၀ မေျပာင္းဘူး။ ေငြေတာင္မာလာ ေသးတယ္။ ကြၽန္ေတာ္တို႔ဆီက ပဲတက္တဲ့ႏႈန္းမ်ားေနတာပါ’’ ဟု  ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္တင္ သြင္း၊ ထုတ္လုပ္ျဖန္႔ခ်ိေရာင္းခ် သူမ်ားအသင္း ဥကၠ႒ေဒါက္တာ စိုးထြန္းကဆိုသည္။

ပြင့္လင္းရာသီတြင္ လယ္ ယာထြက္ကုန္မ်ား ျပည္ပသို႔  တင္ပို႔ေရာင္းခ်မည္ျဖစ္၍  ယင္း အခ်ိန္တြင္ေဒၚလာေစ်းမ်ား ထပ္ က်လာႏုိင္ေၾကာင္း ျမန္မာႏုိင္ငံ သားမ်ားဘဏ္ အုပ္ခ်ဳပ္မႈဒါ႐ိုက္ တာႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္ ေဒါက္တာေသာင္းဟန္က ေျပာ ၾကားထားသည္။  လက္ရွိတြင္ ေဒၚလာေစ်းျမင့္တက္မႈေၾကာင့္ ေရႊေစ်း၊ဓာတ္ဆီေစ်းႏွင့္ ေဆး၀ါးမ်ား အပါအ၀င္ သြင္းကုန္အေျခခံ သည့္ ကုန္ပစၥည္းမ်ားေစ်းတက္ ေနဆဲျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဇွန်လဆန်းမှ စက်တင်ဘာ၂၂ရက်အထိ ဒေါ်လာဈေးအတက်အကျပြ Infograph

 ဒေါ်လာဈေးကစားမှု  ကို အရေးယူမည်ဟု သမ္မတရုံး ကပြောကြားပြီးနောက် ဒေါ် လာဈေးပြန်ကျလာပြီး စက်တင်  ဘာ ၂၂ ရက်တွင်တစ်ဒေါ်လာ လျှင် ၁,၆၁၅ ကျပ်ပေါက်ဈေးရှိ သည်။

စက်တင်ဘာ ၁၉ တွင်တစ် ဒေါ်လာလျှင် ၁,၆၄၈ ကျပ်အထိ ပြင်ပပေါက်ဈေးရှိခဲ့ပြီးနောက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် စက်တင်ဘာ ၂၁  ရက်တွင် ၁,၆၂၇ ကျပ်သို့ကျဆင်း ပြီး ယမန်နေ့က ၁၂ ကျပ်ထပ်မံကျ ဆင်းခဲ့သည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ဒေါ်လာအ ရောင်း၊ အဝယ်ပြုလုပ်နေသူများ ၏ဝင်ငွေလမ်းကြောင်းကို စစ် ဆေးမည်ဖြစ်ပြီး စစ်ဆေး တွေ့ရှိပါက သင့်တော်သည့်အ ရေးယူမှုများ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း  ပြောကြား သည်။

‘‘ပတ်ဝန်းကျင်နိုင်ငံတွေမှာ  ဒေါ်လာဈေးတက်တာက ကျွန် တော်တို့ရှေ့မှာ အင်ဒိုနီးရှားနိုင်ငံ တစ်ခုပဲ ၁၂ ရာခိုင်နှုန်းဈေးတာ ရှိသည်။ ထိုင်းဆိုရင်လုံး၀ မပြောင်းဘူး။ ငွေတောင်မာလာ သေးတယ်။ ကျွန်တော်တို့ဆီက ပဲတက်တဲ့နှုန်းများနေတာပါ’’ ဟု  မြန်မာနိုင်ငံမော်တော်ယာဉ်တင် သွင်း၊ ထုတ်လုပ်ဖြန့်ချိရောင်းချ သူများအသင်း ဥက္ကဋ္ဌဒေါက်တာ စိုးထွန်းကဆိုသည်။

ပွင့်လင်းရာသီတွင် လယ် ယာထွက်ကုန်များ ပြည်ပသို့  တင်ပို့ရောင်းချမည်ဖြစ်၍  ယင်း အချိန်တွင်ဒေါ်လာဈေးများ ထပ် ကျလာနိုင်ကြောင်း မြန်မာနိုင်ငံ သားများဘဏ် အုပ်ချုပ်မှုဒါရိုက် တာနှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာသောင်းဟန်က ပြော ကြားထားသည်။  လက်ရှိတွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ရွှေဈေး၊ဓာတ်ဆီဈေးနှင့် ဆေးဝါးများ အပါအဝင် သွင်းကုန်အခြေခံ သည့် ကုန်ပစ္စည်းများဈေးတက် နေဆဲဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top