ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အမ်ိဳးသမီးတစ္ေယာက္ဟာ လက္ထပ္ပြဲက်င္းပဖုိ႔ (၃)လအၾကာမွာမင္ ခင္ပြန္းသည္စြန္႔လႊတ္တာကုိ ခံလုိက္ရပါတယ္။ ဒါေပမယ့္ သူမဟာ ကနဦးတုန္းကတည္းက စီစဥ္ထားတဲ့ ေပါင္ (၂၁၀၀၀)တန္ လက္ထပ္ပြဲကုိ ဆက္ဆက္က်င္းပခဲ့ၿပီး၊ သူမကုိယ္သူမ ျပန္ၿပီး လက္ထပ္ခဲ့တာပါ။

သတုိ႔သမီးရဲ႕နာမည္ကေတာ့ Laëtitia Nguyen ျဖစ္ၿပီး ျပင္သစ္ႏုိင္ငံသူ အသက္(၃၈)ႏွစ္ ရွိပါၿပီ။ သူမဟာ လက္ထပ္ပြဲကုိ နာမည္ေက်ာ္ Santorini ကၽြန္းေပၚမွာ ၿပီးခဲ့တဲ့ႏွစ္ ေမလက က်င္းပခဲ့တာပါ။ Laëtitia ဟာ ျပင္သစ္ႏုိင္ငံ၊ Reims ၿမိဳ႕မွာ ေနထုိင္သူျဖစ္ၿပီး စာရင္းအင္းမန္ေနဂ်ာအျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳသူျဖစ္ပါတယ္။

ခင္ပြန္းေလာင္းျဖစ္သူဟာ ေစ့စပ္ပြဲတုန္းက စိတ္ပါလက္ပါရွိခဲ့ေပမယ့္ လက္ထပ္ပြဲမတုိင္ခင္ (၃)လအလုိ ေဖေဖာ္ဝါရီလမွာ Laëtitia ကုိ စြန္႔ပစ္ခဲ့ပါတယ္။ သတၱိရွိတဲ့ Laëtitia ကေတာ့ လက္ထပ္ပြဲကုိ ဖ်က္သိမ္းျခင္းမျပဳဘဲ သူမရဲ႕ အစီအစဥ္တုိင္း ဆက္လက္က်င္းပခဲ့ပါတယ္။

သူမဟာ မဂၤလာခန္းမမွာ တစ္ေယာက္တည္း မဂၤလာေလွ်ာက္လမ္းေပၚမွာ လမ္းေလွ်ာက္ခဲ့ၿပီး မိမိကိုယ္ကုိယ္မိမိ ျပန္ၿပီး လက္ထပ္ခဲ့တာပါ။ Laëtitia က ” အစကေတာ့ စိတ္တူကုိယ္တူပါဘဲ … ကေလးေတြ ေမြးၾကမယ္ … ေပ်ာ္ေပ်ာ္ပါးပါး ဘဝကုိ ျဖတ္သန္းၾကမယ္ေပါ့ … အစီအစဥ္ေတြလည္း အမ်ားႀကီး စြဲခဲ့တယ္ “လုိ႔ ေျပာပါတယ္။

သူမက ဆက္လက္ၿပီး ” ကၽြန္မတုိ႔က တစ္ေယာက္ကုိတစ္ေယာက္ လက္ထပ္ဖုိ႔ အလြန္ဂုဏ္ယူခဲ့ၾကပါတယ္ … ႏွစ္ေယာက္စလုံး မဂၤလာပြဲအတြက္ စိတ္တူကိုယ္တူ အစီအစဥ္ေတြေရးဆြဲ ခဲ့ၾကတာ မွတ္မိေသးတယ္ .. ေဖေဖာ္ဝါရီလလယ္မွာေတာ့ ကၽြန္မတုိ႔ ျပတ္သြားတယ္ … ဘာေၾကာင့္လဲ ကၽြန္မေတာ့ မသိဘူး စိတ္ထဲမွာ အခုထိကို နာက်င္ေနတုန္းပါ “လုိ႔ ေျပာခဲ့ပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းေဇာ္ကို (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတစ်ယောက်ဟာ လက်ထပ်ပွဲကျင်းပဖို့ (၃)လအကြာမှာမင် ခင်ပွန်းသည်စွန့်လွှတ်တာကို ခံလိုက်ရပါတယ်။ ဒါပေမယ့် သူမဟာ ကနဦးတုန်းကတည်းက စီစဉ်ထားတဲ့ ပေါင် (၂၁၀၀၀)တန် လက်ထပ်ပွဲကို ဆက်ဆက်ကျင်းပခဲ့ပြီး၊ သူမကိုယ်သူမ ပြန်ပြီး လက်ထပ်ခဲ့တာပါ။

သတို့သမီးရဲ့နာမည်ကတော့ Laëtitia Nguyen ဖြစ်ပြီး ပြင်သစ်နိုင်ငံသူ အသက်(၃၈)နှစ် ရှိပါပြီ။ သူမဟာ လက်ထပ်ပွဲကို နာမည်ကျော် Santorini ကျွန်းပေါ်မှာ ပြီးခဲ့တဲ့နှစ် မေလက ကျင်းပခဲ့တာပါ။ Laëtitia ဟာ ပြင်သစ်နိုင်ငံ၊ Reims မြို့မှာ နေထိုင်သူဖြစ်ပြီး စာရင်းအင်းမန်နေဂျာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်ပါတယ်။

ခင်ပွန်းလောင်းဖြစ်သူဟာ စေ့စပ်ပွဲတုန်းက စိတ်ပါလက်ပါရှိခဲ့ပေမယ့် လက်ထပ်ပွဲမတိုင်ခင် (၃)လအလို ဖေဖော်ဝါရီလမှာ Laëtitia ကို စွန့်ပစ်ခဲ့ပါတယ်။ သတ္တိရှိတဲ့ Laëtitia ကတော့ လက်ထပ်ပွဲကို ဖျက်သိမ်းခြင်းမပြုဘဲ သူမရဲ့ အစီအစဉ်တိုင်း ဆက်လက်ကျင်းပခဲ့ပါတယ်။

သူမဟာ မင်္ဂလာခန်းမမှာ တစ်ယောက်တည်း မင်္ဂလာလျှောက်လမ်းပေါ်မှာ လမ်းလျှောက်ခဲ့ပြီး မိမိကိုယ်ကိုယ်မိမိ ပြန်ပြီး လက်ထပ်ခဲ့တာပါ။ Laëtitia က ” အစကတော့ စိတ်တူကိုယ်တူပါဘဲ … ကလေးတွေ မွေးကြမယ် … ပျော်ပျော်ပါးပါး ဘဝကို ဖြတ်သန်းကြမယ်ပေါ့ … အစီအစဉ်တွေလည်း အများကြီး စွဲခဲ့တယ် “လို့ ပြောပါတယ်။

သူမက ဆက်လက်ပြီး ” ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် လက်ထပ်ဖို့ အလွန်ဂုဏ်ယူခဲ့ကြပါတယ် … နှစ်ယောက်စလုံး မင်္ဂလာပွဲအတွက် စိတ်တူကိုယ်တူ အစီအစဉ်တွေရေးဆွဲ ခဲ့ကြတာ မှတ်မိသေးတယ် .. ဖေဖော်ဝါရီလလယ်မှာတော့ ကျွန်မတို့ ပြတ်သွားတယ် … ဘာကြောင့်လဲ ကျွန်မတော့ မသိဘူး စိတ်ထဲမှာ အခုထိကို နာကျင်နေတုန်းပါ “လို့ ပြောခဲ့ပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းဇော်ကို (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top