ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×


တစ္ခါတုန္းက ကမၻာေက်ာ္ပန္းခ်ီဆရာၾကီး ပီကာဆို ဟာ ျပင္သစ္ႏုိင္ငံ ပဲရစ္ျမိဳ႕ရဲ႕ လမ္းမၾကီးေဘးနားက ကဖီးဆိုင္တစ္ခုမွာ ပန္းခ်ီဆြဲ ဖို႔ ျပင္ဆင္ေနခဲ့ပါတယ္ ။ အဲဒီအခ်ိန္မွာ သူဟာ ပံုတစ္ပံုဆြဲဖို႔ ပံုၾကမ္းေရးျခစ္ေနတဲ့အခ်ိန္ျဖစ္ပါတယ္ ။ ကဖီးဆိုင္ကိုလာတဲ့ အမ်ိဳးသမီး တစ္ ေယာက္က ပီကာဆိုကို ေတြ႔သြားတယ္ ။ အမ်ိဳးသမီးရဲ႕စိတ္ထဲမွာ လမ္းေဘးက ပံုတူဆြဲတဲ့ပန္းခ်ီဆရာတစ္ေယာက္လို႔ပဲ ထင္ဟန္တူ ပါ တယ္ ။ ဒါေၾကာင့္ သူ႔ဖို႔ပံုတူဆြဲေပးဖို႔ ေျပာပါတယ္ ။ ပီကာဆိုကလည္း သေဘာတူခဲ့တယ္ ။မိနစ္ပိုင္းအတြင္းမွာပဲ အမ်ိဳးသမီးရဲ႕ပံုတူကို ပန္းခ်ီဆြဲလို႔ျပီးသြားခဲ့တယ္ ။ သေဘာက်သြားတဲ့အတြက္ အမ်ိဳးသမီးက ပီကာဆိုကိုေမးတယ္ ။ “ ပန္းခ်ီဆရာရွင့္ ဘယ္ေလာက္က်ပါသလဲ ” ဒီေတာ့ ပီကာဆိုက ေလေအးေအးေလးနဲ႔ေျပာလိုက္တယ္ ။“ ငါးေထာင္က်ပါတယ္ ” အမ်ိဳးသမီးက အ့့ံၾသသြားတဲ့အရိပ္အေယာင္နဲ႔ မိနစ္ ပိုင္းေလး အခ်ိန္ေပးရတာကို ေငြငါးေထာင္ေတာင္ယူတဲ့အတြက္ မေက်မနပ္ျဖစ္သြားတယ္ ။ ဒီေတာ့ အမ်ိဳးသမီးက ပီကာဆိုကိုေျပာ တယ္ ။ “ သံုးမိနစ္ေလာက္ေလးအခ်ိန္ေပးရးတာနဲ႔ ေငြငါးေထာင္ေတာင္ ယူရသလားး ” ပီကာဆိုက အမ်ိဳးသမီးကို တည္ျငိမ္စြာနဲ႔ ေျပာ လိုက္တယ္ ။“ သံုးမိနစ္မဟုတ္ပါဘူး တစ္ဘ၀လံုးအခ်ိန္ေပးခဲ့ရတာပါ ” တဲ့ ။တန္ဖိုးဆိုတာ ေပးဆပ္ခဲ့ရတဲ့ အခ်ိန္ကာလနဲ႔ ထပ္တူညီပါ တယ္။ေ အာင္ျမင္မႈတစ္ခုရဖို႔ အတတ္ပညာတစ္ခု ကၽြမ္းက်င္ဖို႔အတြက္ အခ်ိန္အမ်ားၾကီးေပးဆပ္ခဲ့ရသလို ျဖစ္ေပၚလာတဲ့ တန္ဖိုးက လည္း လတ္တေလာ ေပးလိုက္ရတဲ့ အခ်ိန္ေပၚမူတည္ျပီး တြက္ခ်က္လို႔မရပါဘူး ။ ေပးဆပ္ခဲ့ရတဲ့ အခ်ိန္ကာလ အရင္းအႏွီးၾကီးေလ တန္ ဖိုးတက္ေလေလပါပဲ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သက္တန္႔ခ်ိဳ
# Unicode Version ျဖင့္ ဖတ္ပါ #
 တစ်ခါတုန်းက ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ လမ်းမကြီးဘေးနားက ကဖီးဆိုင်တစ်ခုမှာ ပန်းချီဆွဲ ဖို့ ပြင်ဆင်နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သူဟာ ပုံတစ်ပုံဆွဲဖို့ ပုံကြမ်းရေးခြစ်နေတဲ့အချိန်ဖြစ်ပါတယ် ။ ကဖီးဆိုင်ကိုလာတဲ့ အမျိုးသမီး တစ် ယောက်က ပီကာဆိုကို တွေ့သွားတယ် ။ အမျိုးသမီးရဲ့စိတ်ထဲမှာ လမ်းဘေးက ပုံတူဆွဲတဲ့ပန်းချီဆရာတစ်ယောက်လို့ပဲ ထင်ဟန်တူ ပါ တယ် ။ ဒါကြောင့် သူ့ဖို့ပုံတူဆွဲပေးဖို့ ပြောပါတယ် ။ ပီကာဆိုကလည်း သဘောတူခဲ့တယ် ။မိနစ်ပိုင်းအတွင်းမှာပဲ အမျိုးသမီးရဲ့ပုံတူကို ပန်းချီဆွဲလို့ပြီးသွားခဲ့တယ် ။ သဘောကျသွားတဲ့အတွက် အမျိုးသမီးက ပီကာဆိုကိုမေးတယ် ။ “ ပန်းချီဆရာရှင့် ဘယ်လောက်ကျပါသလဲ ” ဒီတော့ ပီကာဆိုက လေအေးအေးလေးနဲ့ပြောလိုက်တယ် ။“ ငါးထောင်ကျပါတယ် ” အမျိုးသမီးက အံ့သြသွားတဲ့အရိပ်အယောင်နဲ့ မိနစ် ပိုင်းလေး အချိန်ပေးရတာကို ငွေငါးထောင်တောင်ယူတဲ့အတွက် မကျေမနပ်ဖြစ်သွားတယ် ။ ဒီတော့ အမျိုးသမီးက ပီကာဆိုကိုပြော တယ် ။ “ သုံးမိနစ်လောက်လေးအချိန်ပေးရးတာနဲ့ ငွေငါးထောင်တောင် ယူရသလားး ” ပီကာဆိုက အမျိုးသမီးကို တည်ငြိမ်စွာနဲ့ ပြော လိုက်တယ် ။“ သုံးမိနစ်မဟုတ်ပါဘူး တစ်ဘဝလုံးအချိန်ပေးခဲ့ရတာပါ ” တဲ့ ။တန်ဖိုးဆိုတာ ပေးဆပ်ခဲ့ရတဲ့ အချိန်ကာလနဲ့ ထပ်တူညီပါ တယ်။ေ အာင်မြင်မှုတစ်ခုရဖို့ အတတ်ပညာတစ်ခု ကျွမ်းကျင်ဖို့အတွက် အချိန်အများကြီးပေးဆပ်ခဲ့ရသလို ဖြစ်ပေါ်လာတဲ့ တန်ဖိုးက လည်း လတ်တလော ပေးလိုက်ရတဲ့ အချိန်ပေါ်မူတည်ပြီး တွက်ချက်လို့မရပါဘူး ။ ပေးဆပ်ခဲ့ရတဲ့ အချိန်ကာလ အရင်းအနှီးကြီးလေ တန် ဖိုးတက်လေလေပါပဲ ။

ဖိုးသူတော် (www.phothutaw.com)
Credit:သက်တန့်ချို



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top