ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ တရားစြဲဆုိခဲ့ထားရတဲ့ အဆိုေတာ္ အစၥဏီကို ဒီေန႕(စက္တင္ဘာ၁၀ရက္)က တာေမြတရားရံုးမွာ ရံုးထုတ္စစ္ေဆးခဲ့ပါတယ္။ဒီေန႕ ရံုးထုတ္စစ္ေဆးတဲ့ အခ်ိန္မွာ အစၥဏီတစ္ေယာက္ က်န္းမာေရး အေျခအေနလည္း ျပန္ေကာင္းလာၿပီျဖစ္ ေပမယ့္လည္း  အမႈၾကန္႕ၾကာေနတဲ့အတြက္ သူ႕အေနနဲ႕ အရမ္းကို စိတ္ညစ္ေန တယ္လို႕ ဆိုပါတယ္။

ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ တရားစြဲဆုိခဲ့ထားရတဲ့ အဆိုေတာ္ အစၥဏီကို ဒီေန႕(စက္တင္ဘာ၁၀ရက္)က တာေမြတရားရံုးမွာ ရံုးထုတ္စစ္ေဆးခဲ့ပါတယ္။ဒီေန႕ ရံုးထုတ္စစ္ေဆးတဲ့ အခ်ိန္မွာ အစၥဏီတစ္ေယာက္ က်န္းမာေရး အေျခအေနလည္း ျပန္ေကာင္းလာၿပီျဖစ္ ေပမယ့္လည္း  အမႈၾကန္႕ၾကာေနတဲ့အတြက္ သူ႕အေနနဲ႕ အရမ္းကို စိတ္ညစ္ေနတယ္လို႕ ဆိုပါတယ္။


"က်န္းမာေရးကေတာ့ ေကာင္းသြားပါၿပီ အမႈၾကန္႕ၾကာေနတဲ့အတြက္ စိတ္ညစ္တာေပ့ါဗ်ာ" ဆိုၿပီး ဒီေန႕ရံုးထုတ္မွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

အစၥဏီအမႈနဲ႔ ပတ္သက္ၿပီး တရားလုိ စူးရွထက္က ရုံးေျပာင္းေလွ်ာက္ထားမႈကုိ အေရွ႕ပုိင္းခရိုင္တရားရုံးကေန ပယ္ခ်လုိက္ၿပီး ယခုအခါမွာ မူလတာေမြၿမိဳ႕နယ္တရားရံုးမွာပဲ ျပန္စစ္ေဆးေပးလ်က္ရွိပါတယ္။ အခုခ်ိန္ထိ အမႈနဲ႕ ပတ္သက္ၿပီး မစစ္ေဆးရေသးဘူးလို႕ အစၥဏီရဲ႕ အကို ကိုေက်ာ္စြာက ဆုိပါတယ္။

"အမႈက ရပ္ေနတာေလ။ ခရိုင္ရံုးက ပယ္လုိက္ေတာ့ သူက တိုင္းရံုးတက္ထားတယ္ေပ့ါ။ Cele 7 က ဗီဒီယိုတင္ထားတာ ဓာတ္ပံုေတြ မပါလို႕ ဆိုၿပီး ျပင္ဆင္ခ်က္ ထပ္ၿပီးတက္တယ္။ တိုင္းရံုးမွာ ျပင္ဆင္ခ်က္က ႏွစ္ခုျဖစ္ေနတာ။ ဘယ္ေန႕ျပန္ခ်ေပးမယ္ဆိုတာ ရက္စြဲက မသိရေသးဘူး။ ထူးျခားခ်က္ေတာ့ ဘာမွမရွိေသးဘူး။ အမႈ႕ၾကန္႕ၾကာေနတာ သူ႕အေမနဲ႕သူ႕အဖြားကအတြက္ေတာ့ အရမ္းခက္ခဲတာေပ့ါ။ " ဆိုၿပီး Duwun Media ကို ေျဖဆိုေပးခဲ့ပါတယ္။


လက္ရွိအခ်ိန္မွာ အစၥဏီရဲ႕ အမႈနဲ႕ ပတ္သက္ၿပီး ဘာမွ ထူးျခား ခ်က္မရွိေသးေပမယ့္လည္း စက္တင္ဘာ(၂၄) ရက္ေန႕ တာေမြတရားရံုးမွာ အမႈထပ္စစ္ေဆးသြားဖို႕ ရွိတယ္လို႕ သိရပါတယ္။

ဧၿပီလ ၁၂ ရက္ေန႔က အဆို္ေတာ္အစၥဏီက ရည္းစားေဟာင္း ေမာ္ဒယ္အမ်ိဳးသမီးကုိ အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့တဲ့အျပင္ ကုိယ္လက္ အဂါၤေတြကိုလည္း နာက်င္ေအာင္ ရိုက္ႏွက္ခဲ့တာေတြ ျပဳလုပ္ခဲ့လို႔ ေမာ္ဒယ္စူးရွထက္က အမႈဖြင့္ တုိင္ၾကားထားေၾကာင္း ျပည္ထဲေရး၀န္ႀကီး ဌာနက သတင္းထုတ္ျပန္ပါတယ္။


ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန (ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ၊ တံုးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ၊ ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတိုနဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး ေမလ ၁၀ ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(စက်တင်ဘာ၁၀ရက်)က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ အချိန်မှာ အစ္စဏီတစ်ယောက် ကျန်းမာရေး အခြေအနေလည်း ပြန်ကောင်းလာပြီဖြစ် ပေမယ့်လည်း  အမှုကြန့်ကြာနေတဲ့အတွက် သူ့အနေနဲ့ အရမ်းကို စိတ်ညစ်နေ တယ်လို့ ဆိုပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(စက်တင်ဘာ၁၀ရက်)က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ အချိန်မှာ အစ္စဏီတစ်ယောက် ကျန်းမာရေး အခြေအနေလည်း ပြန်ကောင်းလာပြီဖြစ် ပေမယ့်လည်း  အမှုကြန့်ကြာနေတဲ့အတွက် သူ့အနေနဲ့ အရမ်းကို စိတ်ညစ်နေတယ်လို့ ဆိုပါတယ်။

"ကျန်းမာရေးကတော့ ကောင်းသွားပါပြီ အမှုကြန့်ကြာနေတဲ့အတွက် စိတ်ညစ်တာပေ့ါဗျာ" ဆိုပြီး ဒီနေ့ရုံးထုတ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အစ္စဏီအမှုနဲ့ ပတ်သက်ပြီး တရားလို စူးရှထက်က ရုံးပြောင်းလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ ပယ်ချလိုက်ပြီး ယခုအခါမှာ မူလတာမွေမြို့နယ်တရားရုံးမှာပဲ ပြန်စစ်ဆေးပေးလျက်ရှိပါတယ်။ အခုချိန်ထိ အမှုနဲ့ ပတ်သက်ပြီး မစစ်ဆေးရသေးဘူးလို့ အစ္စဏီရဲ့ အကို ကိုကျော်စွာက ဆိုပါတယ်။

"အမှုက ရပ်နေတာလေ။ ခရိုင်ရုံးက ပယ်လိုက်တော့ သူက တိုင်းရုံးတက်ထားတယ်ပေ့ါ။ Cele 7 က ဗီဒီယိုတင်ထားတာ ဓာတ်ပုံတွေ မပါလို့ ဆိုပြီး ပြင်ဆင်ချက် ထပ်ပြီးတက်တယ်။ တိုင်းရုံးမှာ ပြင်ဆင်ချက်က နှစ်ခုဖြစ်နေတာ။ ဘယ်နေ့ပြန်ချပေးမယ်ဆိုတာ ရက်စွဲက မသိရသေးဘူး။ ထူးခြားချက်တော့ ဘာမှမရှိသေးဘူး။ အမှု့ကြန့်ကြာနေတာ သူ့အမေနဲ့သူ့အဖွားကအတွက်တော့ အရမ်းခက်ခဲတာပေ့ါ။ " ဆိုပြီး Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ အစ္စဏီရဲ့ အမှုနဲ့ ပတ်သက်ပြီး ဘာမှ ထူးခြား ချက်မရှိသေးပေမယ့်လည်း စက်တင်ဘာ(၂၄) ရက်နေ့ တာမွေတရားရုံးမှာ အမှုထပ်စစ်ဆေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top