မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ကၽြန္ေတာ္ အေဖ့ကို မုန္းတယ္။ ကၽြန္ေတာ္ လူၾကားထဲမွာ သူ႕ကို အေဖလို႔ မေခၚခ်င္ဘူး။ ကၽြန္ေတာ္ရွက္တယ္။ ဘာလို႔လဲဆိုေတာ့

သူ႕မွာ မ်က္လုံးတစ္လုံးပဲ ရွိလို႔ပဲ။ သူက ကၽြန္ေတာ္တို႔ေက်ာင္းမွာ ဆရာဆရာမေတြနဲ႔ ေက်ာင္းသူေက်ာင္းသားေတြအတြက္ အစားအစာခ်က္ျပဳတ္ရတဲ့ အလုပ္ကို တာဝန္ယူထားပါတယ္။ တစ္ေန႔ေတာ့ အေဖက ကၽြန္ေတာ့္ကို သူငယ္ခ်င္းေတြၾကားထဲမွာ " ဟဲလို…သား"လို႔ လာႏႈတ္ဆက္တယ္။ ကၽြန္ေတာ္ ရွက္လိုက္တာဗ်ာ။ ကၽြန္ေတာ္ တစ္စုံတစ္ရာဘာမွျပန္မေျပာဘဲ ရွက္ရွက္နဲ႔ သူနဲ႔ေဝးရာကို ထြက္ေျပးခဲ့ပါတယ္။


ေနာက္တစ္ေန႔ ေက်ာင္းခန္းထဲကို ေရာက္တဲ့အခါမွာေတာ့ အတန္းေဖာ္သူငယ္ခ်င္းမ်ားက "သူငယ္ခ်င္း…မင္းအေဖက မ်က္လုံးတစ္လုံးပဲရွိပါလား" ဆိုၿပီး စၾကေနာက္ၾကပါေတာ့တယ္။ ကၽြန္ေတာ္ ေဒါသလည္းထြက္ ရွက္ကလည္းရွက္နဲ႔ အိမ္ျပန္လာခဲ့တယ္။ အိမ္ျပန္ေရာက္တဲ့အခါမွာေတာ့ အေဖ့ကို ၾကမ္းၾကမ္းတမ္းတမ္းစကားေတြ ေျပာၿပီး အိမ္ကေန ကၽြန္ေတာ္အၿပီးအပိုင္ ထြက္လာခဲ့ပါေတာ့တယ္။

ကၽြန္ေတာ့္ ဘဝကို ခက္ခက္ခဲခဲရပ္တည္ခဲ့ရၿပီး နယ္ၿမိဳ႕ေလးတစ္ခုကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ပါတယ္။ အ့ဒီေနာက္ ႏွစ္အေတာ္ၾကာမွာေတာ့ ကၽြန္ေတာ္ အိမ္ေထာင္ျပဳခဲ့ၿပီး ကိုယ္ပိုင္မိသားစုေလးတစ္ခုကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဖန္တီးနိင္ခဲ့ပါတယ္။ ေမြးရပ္ေျမမွာ က်န္ခဲ့တဲ့ အေဖျဖစ္တဲ့သူကို ေမ့ေလ်ာ့ၿပီးေတာ့ေပါ့။ တစ္ေန႔မွာေတာ့ အေဖက ကၽြန္ေတာ္ရဲ႕ လိပ္စာကို စုံစမ္းၿပီးေတာ့ ေျမးျဖစ္တဲ့ ကၽြန္ေတာ့္ရဲ႕ သားသမီးေလးေတြကို ေတြ႕ခ်င္တဲ့ ဆႏၵနဲ႔ ေရာက္ရွိလာခဲ့ပါတယ္။ ကၽြန္ေတာ္လည္း မေမၽွာ္လင့္ထားတာေၾကာင့္ အံ့ဩသြားခဲ့ၿပီး "ကၽြန္ေတာ့္ရဲ႕ အိမ္ကို ဘာေၾကာင့္ ေရာက္လာတာလဲ။ ကၽြန္ေတာ့္ကေလးေတြကိုပါ အရွက္ရေစခ်င္လို႔လား။ ထြက္သြားေပးပါ" လို႔ ႏွင္လႊတ္ခဲ့မိပါတယ္။ အေဖက "အိုး…ေတာင္းပန္ပါတယ္။ လိပ္စာမွားၿပီးဝင္မိတာပါ" လို႔ ေျပာၿပီး ကၽြန္ေတာ့္ျမင္ကြင္းကေန တျဖည္းျဖည္း ေပ်ာက္ကြယ္သြားပါတယ္။

တစ္ေန႔မွာေတာ့ အရင္က ကၽြန္ေတာ္တက္ခဲ့တဲ့ ေက်ာင္းသားေဟာင္းမ်ား ျပန္လည္ေတြ႕ဆုံပြဲ ဖိတ္ၾကားလႊာကို ရရွိခဲ့ပါတယ္။ ခရီးထြက္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေပးၿပီး ကၽြန္ေတာ္ မတက္ေရာက္ျဖစ္ခဲ့ပါဘူး။ ေတြ႕ဆုံပြဲအၿပီးေနာက္တစ္ပတ္မွာေတာ့ အရင္တုန္းကေနထိုင္ခဲ့တဲ့ ၿမိဳ႕ေလးကို ကၽြန္ေတာ္ အလုပ္ကိစၥတစ္ခုနဲ႔ ေရာက္လာခဲ့ပါတယ္။ အေဖဆုံးၿပီဆိုတာကို အသိတစ္ေယာက္ေျပာျပလို႔သိခဲ့ရတယ္။ အဲဒီေနာက္ "ဒီစာက မင္းအေဖမေသခင္ ေရးထားခဲ့တာ" လို႔ဆိုၿပီး စာတစ္ေစာင္ကို ကၽြန္ေတာ့္လက္ထဲထည့္ေပးပါတယ္။

စာေလးကို ဖြင့္ၾကည့္လိုက္တဲ့အခါ " သားေလးေရ.…မင္းရဲ႕ အိမ္ကို ခြင့္မေတာင္းဘဲနဲ႔ လာခဲ့မိတဲ့အတြက္ေရာ သားရဲ႕ကေလးေတြကို ေၾကာက္႐ြံေစခဲ့တဲ့အတြက္ေရာ အေဖေတာင္းပန္ပါတယ္။ ေရွ႕လာမယ့္အပတ္ထဲ သားငယ္ငယ္ကတက္ခဲ့တဲ့ေက်ာင္းမွာ ေတြ႕ဆုံပြဲေလးရွိတယ္ေနာ္။ သားလာမယ္ဆိုရင္ေတာင္ အေဖလာေတြ႕လို႔မရေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ အေဖက အိပ္ယာထဲလဲေနတဲ့အေျခအေနကို ေရာက္ေနၿပီေလ။ သား… အေဖေၾကာင့္ သားဘဝမွာ ရွက္စရာ အျဖစ္အပ်က္ေတြ ေတြ႕ႀကဳံခဲ့ရတာေတြအတြက္ ေတာင္းပန္ပါတယ္။ ဟိုးငယ္ငယ္တုန္းက အေဖနဲ႔အတူတူ သား မေတာ္တဆေလးတစ္ခုျဖစ္ခဲ့တာ မွတ္မိလား။ အဲဒီမေတာ္တဆအျဖစ္အပ်က္ေလးမွာ အေဖက ဘာမွမျဖစ္ေပမဲ့ သားရဲ႕ မ်က္လုံးတစ္လုံးထိခိုက္သြားခဲ့တယ္။ အေဖ့အေနနဲ႔ ကိုယ့္သားဘဝတစ္ေလၽွာက္လုံး မ်က္စိတစ္လုံးထဲနဲ႔ဘဝကို ျဖတ္သန္းရမွာကို မလိုလားတဲ့အတြက္ေၾကာင့္ အေဖ့ရဲ႕ မ်က္ၾကည္လႊာကို သားအတြက္ ေပးခဲ့တာပါ။ အေဖ့ မ်က္ၾကည္လႊာေၾကာင့္ သားရဲ႕ ဘဝတစ္ေလၽွာက္ မ်က္ႏွာမငယ္ဘဲ သူမ်ားနည္းတူေနထိုင္သြားႏိုင္တာကို အေဖ ၾကည္ႏူးဂုဏ္ယူပါတယ္ သား"လို႔ ေရးထားပါတယ္။


ဒီစာကိုဖတ္ၿပီးတဲ့ေနာက္ ကၽြန္ေတာ့္ ေနာင္တႀကီးစြာရရွိခဲ့လို႔ မ်က္ဝန္းအိမ္ထဲကေန မ်က္ရည္ေတြ စီးက်လာတယ္။ ကၽြန္ေတာ္ေတာင္းပန္ခ်င္ေပမဲ့ အေဖကေတာ့ ကၽြန္ေတာ့္ကို ထာဝရႏႈတ္ဆက္ထြက္ခြာသြားခဲ့ပါၿပီေလ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay
 # Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော် အဖေ့ကို မုန်းတယ်။ ကျွန်တော် လူကြားထဲမှာ သူ့ကို အဖေလို့ မခေါ်ချင်ဘူး။ ကျွန်တော်ရှက်တယ်။ ဘာလို့လဲဆိုတော့

သူ့မှာ မျက်လုံးတစ်လုံးပဲ ရှိလို့ပဲ။ သူက ကျွန်တော်တို့ကျောင်းမှာ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် အစားအစာချက်ပြုတ်ရတဲ့ အလုပ်ကို တာဝန်ယူထားပါတယ်။ တစ်နေ့တော့ အဖေက ကျွန်တော့်ကို သူငယ်ချင်းတွေကြားထဲမှာ " ဟဲလို…သား"လို့ လာနှုတ်ဆက်တယ်။ ကျွန်တော် ရှက်လိုက်တာဗျာ။ ကျွန်တော် တစ်စုံတစ်ရာဘာမှပြန်မပြောဘဲ ရှက်ရှက်နဲ့ သူနဲ့ဝေးရာကို ထွက်ပြေးခဲ့ပါတယ်။

နောက်တစ်နေ့ ကျောင်းခန်းထဲကို ရောက်တဲ့အခါမှာတော့ အတန်းဖော်သူငယ်ချင်းများက "သူငယ်ချင်း…မင်းအဖေက မျက်လုံးတစ်လုံးပဲရှိပါလား" ဆိုပြီး စကြနောက်ကြပါတော့တယ်။ ကျွန်တော် ဒေါသလည်းထွက် ရှက်ကလည်းရှက်နဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ အဖေ့ကို ကြမ်းကြမ်းတမ်းတမ်းစကားတွေ ပြောပြီး အိမ်ကနေ ကျွန်တော်အပြီးအပိုင် ထွက်လာခဲ့ပါတော့တယ်။

ကျွန်တော့် ဘဝကို ခက်ခက်ခဲခဲရပ်တည်ခဲ့ရပြီး နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အ့ဒီနောက် နှစ်အတော်ကြာမှာတော့ ကျွန်တော် အိမ်ထောင်ပြုခဲ့ပြီး ကိုယ်ပိုင်မိသားစုလေးတစ်ခုကို ပျော်ပျော်ရွှင်ရွှင် ဖန်တီးနိင်ခဲ့ပါတယ်။ မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ အဖေဖြစ်တဲ့သူကို မေ့လျော့ပြီးတော့ပေါ့။ တစ်နေ့မှာတော့ အဖေက ကျွန်တော်ရဲ့ လိပ်စာကို စုံစမ်းပြီးတော့ မြေးဖြစ်တဲ့ ကျွန်တော့်ရဲ့ သားသမီးလေးတွေကို တွေ့ချင်တဲ့ ဆန္ဒနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်လည်း မမျှော်လင့်ထားတာကြောင့် အံ့ဩသွားခဲ့ပြီး "ကျွန်တော့်ရဲ့ အိမ်ကို ဘာကြောင့် ရောက်လာတာလဲ။ ကျွန်တော့်ကလေးတွေကိုပါ အရှက်ရစေချင်လို့လား။ ထွက်သွားပေးပါ" လို့ နှင်လွှတ်ခဲ့မိပါတယ်။ အဖေက "အိုး…တောင်းပန်ပါတယ်။ လိပ်စာမှားပြီးဝင်မိတာပါ" လို့ ပြောပြီး ကျွန်တော့်မြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

တစ်နေ့မှာတော့ အရင်က ကျွန်တော်တက်ခဲ့တဲ့ ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ ဖိတ်ကြားလွှာကို ရရှိခဲ့ပါတယ်။ ခရီးထွက်နေတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး ကျွန်တော် မတက်ရောက်ဖြစ်ခဲ့ပါဘူး။ တွေ့ဆုံပွဲအပြီးနောက်တစ်ပတ်မှာတော့ အရင်တုန်းကနေထိုင်ခဲ့တဲ့ မြို့လေးကို ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ ရောက်လာခဲ့ပါတယ်။ အဖေဆုံးပြီဆိုတာကို အသိတစ်ယောက်ပြောပြလို့သိခဲ့ရတယ်။ အဲဒီနောက် "ဒီစာက မင်းအဖေမသေခင် ရေးထားခဲ့တာ" လို့ဆိုပြီး စာတစ်စောင်ကို ကျွန်တော့်လက်ထဲထည့်ပေးပါတယ်။

စာလေးကို ဖွင့်ကြည့်လိုက်တဲ့အခါ " သားလေးရေ.…မင်းရဲ့ အိမ်ကို ခွင့်မတောင်းဘဲနဲ့ လာခဲ့မိတဲ့အတွက်ရော သားရဲ့ကလေးတွေကို ကြောက်ရွံစေခဲ့တဲ့အတွက်ရော အဖေတောင်းပန်ပါတယ်။ ရှေ့လာမယ့်အပတ်ထဲ သားငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းမှာ တွေ့ဆုံပွဲလေးရှိတယ်နော်။ သားလာမယ်ဆိုရင်တောင် အဖေလာတွေ့လို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ အဖေက အိပ်ယာထဲလဲနေတဲ့အခြေအနေကို ရောက်နေပြီလေ။ သား… အဖေကြောင့် သားဘဝမှာ ရှက်စရာ အဖြစ်အပျက်တွေ တွေ့ကြုံခဲ့ရတာတွေအတွက် တောင်းပန်ပါတယ်။ ဟိုးငယ်ငယ်တုန်းက အဖေနဲ့အတူတူ သား မတော်တဆလေးတစ်ခုဖြစ်ခဲ့တာ မှတ်မိလား။ အဲဒီမတော်တဆအဖြစ်အပျက်လေးမှာ အဖေက ဘာမှမဖြစ်ပေမဲ့ သားရဲ့ မျက်လုံးတစ်လုံးထိခိုက်သွားခဲ့တယ်။ အဖေ့အနေနဲ့ ကိုယ့်သားဘဝတစ်လျှောက်လုံး မျက်စိတစ်လုံးထဲနဲ့ဘဝကို ဖြတ်သန်းရမှာကို မလိုလားတဲ့အတွက်ကြောင့် အဖေ့ရဲ့ မျက်ကြည်လွှာကို သားအတွက် ပေးခဲ့တာပါ။ အဖေ့ မျက်ကြည်လွှာကြောင့် သားရဲ့ ဘဝတစ်လျှောက် မျက်နှာမငယ်ဘဲ သူများနည်းတူနေထိုင်သွားနိုင်တာကို အဖေ ကြည်နူးဂုဏ်ယူပါတယ် သား"လို့ ရေးထားပါတယ်။

ဒီစာကိုဖတ်ပြီးတဲ့နောက် ကျွန်တော့် နောင်တကြီးစွာရရှိခဲ့လို့ မျက်ဝန်းအိမ်ထဲကနေ မျက်ရည်တွေ စီးကျလာတယ်။ ကျွန်တော်တောင်းပန်ချင်ပေမဲ့ အဖေကတော့ ကျွန်တော့်ကို ထာဝရနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီလေ။
ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top