iMyanmarHouse.com - Best Property Website for Myanmar
×






































 ဒီေန႔ပဲ ေမြးဖြားလုိက္တာျဖစ္ပါတယ္။

ဟာသလူရႊင္ေတာ္ သရုပ္ေဆာင္ ၾကာစိ ဟာ စက္တင္ဘာလ ၂၄ ရက္ေန႔ ဒီေန႔ မနက္မွာပဲ ခ်စ္စရာေကာင္းတဲ့ သမီးေလး တစ္ဦး ပုိင္ဆုိင္ သြားပါၿပီ။ သမီးေလးအတြက္ ဝမ္းသာပီတိစကားေတြကုိလည္း ဇနီးေမာင္ႏွံ ႏွစ္ေယာက္စလုံးက အခုလို ေျပာျပခဲ့ပါတယ္။

Photo: ၾကာစိေဖ့စ္ဘၤြတ္
ဟာသလူရႊင္ေတာ္၊ သရုပ္ေဆာင္ၾကာစိရဲ႕ ဇနီးေခ်ာေလး ဆုဟန္နီိၿဖဳိးဟာ စက္တင္ဘာလ ၂၄ ရက္ေန႔ မနက္မွာပဲ ေတာင္ႀကီးမွာရွိတ့ဲ ၿမိဳ႕နယ္ ေဆးရုံႀကီးမွာ သမီးေလးကုိ ေအာင္ျမင္စြာ ေမြးဖြားႏုိင္ခဲ့ပါၿပီ။ ဒီ့အတြက္လည္း ဇနီးေမာင္ႏွံ ႏွစ္ေယာက္စလုံး ဝမ္းသာပီတိျဖစ္ေနတယ္လုိ႔ သိရပါတယ္။

'' ေမြးခန္းထဲကထြက္လာျပီး သမီးေလးအတြက္ ေပ်ာ္ေနတဲ႔အျပံဳးေမေမ'' ဆုိၿပီးေတာ့ ခြဲစိတ္ခန္းထဲက ထြက္လာတဲ့ ဇနီးေခ်ာေလးရဲ႕ ဓာတ္ပုံ ေတြကုိ သူ႔ရဲ႔ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ စက္တင္ဘာလ ၂၄ ရက္ေန႔ မနက္ ၇ နာရီေလာက္က တင္ခဲ့တာျဖစ္ပါတယ္။ သမီးေလးေရာ၊ ဇနီး ေခ်ာေလးပါ က်န္းက်န္းမာမာရွိတယ္လုိ႔ ဆုိပါတယ္။


Photo: ၾကာစိေဖ့စ္ဘၤြတ္
ၾကာစိရဲ႕ ဇနီးေခ်ာေလး ဆုဟန္နီၿဖဳိးကလည္း ခ်စ္စရာေကာင္းတဲ့ သမီးေလးအတြက္ ဝမ္းသာပီတိစကားေတြကုိလည္း အခုလုိ ေျပာျပထားတာ ေတြ႔ရပါတယ္။ သမီးေလးကုိ ေမြးဖြားခါနီးမွာလည္း စိတ္လႈပ္ရွားေနပုံပါပဲ။

'' ခ်စ္​သမီး ​ေလး​ေရ။ ခ်စ္​ျခင္​းမ်ားစြာ ​ေအးျမ​ေမတၱာ​ေႏြး​ေထြး​ေသာ လက္​အစံုတို႔ျဖင္​့့ ဤ ကမၻာ​ေျမမွ လူသားမ်ားစြာဝမ္​း​ေျမာက္​ ဝမ္​းသာ ႀကိဳဆိုျခင္​း ကိုရ႐ွိပါ​ေစ ကြယ္'' ဆုိၿပီးေတာ့ စက္တင္ဘာလ ၂၄  ရက္ေန႔ မနက္ ၃ နာရီေက်ာ္က ခြဲစိတ္ခန္းထဲ မဝင္ခင္ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။


Photo: ၾကာစိေဖ့စ္ဘၤြတ္

ဟာသသရုပ္ေဆာင္ ၾကာစိ နဲ႔ ဆုဟန္နီျဖဳိး တုိ႔က ဒီသမီးေလးကုိ ကုိယ္ဝန္ရလာခ်ိန္က စၿပီး ကံေကာင္းမႈေတြနဲ႔ ႀကဳံေတြ႔ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ကုိယ္ဝန္ ၂ လမွာ ၂ခါ ထီ ၅ ေသာင္းဆု ေပါက္တယ္။ ကုိယ္ဝန္ ၄ လမွာ ထီ ၃ သိန္းတစ္ဆု ေပါက္တယ္။ ကုိယ္ဝန္ ၆ လမွာလည္း ထီ ၅ ေသာင္းဆု ၆ ဆု ေတာင္ေပါက္တယ္လုိ႔ Duwun Media ကုိ ေျဖဆုိခဲ့ပါတယ္။


Photo: ၾကာစိေဖ့စ္ဘၤြတ္
သရုပ္ေဆာင္ၾကာစိနဲ႔ ဇနီးျဖစ္သူ ဆုဟန္နီျဖဳိး တုိ႔က ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္မွာ အိမ္ေထာင္ျပဳခဲ့တာပါ။ လူရႊင္ေတာ္ 5 Star အဖဲြ႕ဝင္ ၾကာစိကေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ၾကာစိရဲ႕ ဘဝအေၾကာင္းကို ေရးစပ္ထားတဲ့ သီခ်င္းဟာလည္း ပရိသတ္ေတြၾကား ေတာ္ေတာ္ေအာင္ျမင္ခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ဒီနေ့ပဲ မွေးဖွားလိုက်တာဖြစ်ပါတယ်။

ဟာသလူရွှင်တော် သရုပ်ဆောင် ကြာစိ ဟာ စက်တင်ဘာလ ၂၄ ရက်နေ့ ဒီနေ့ မနက်မှာပဲ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ဦး ပိုင်ဆိုင် သွားပါပြီ။ သမီးလေးအတွက် ဝမ်းသာပီတိစကားတွေကိုလည်း ဇနီးမောင်နှံ နှစ်ယောက်စလုံးက အခုလို ပြောပြခဲ့ပါတယ်။

Photo: ကြာစိဖေ့စ်င်္ဘွတ်
ဟာသလူရွှင်တော်၊ သရုပ်ဆောင်ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးဟာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်မှာပဲ တောင်ကြီးမှာရှိတဲ့ မြို့နယ် ဆေးရုံကြီးမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ ဒီ့အတွက်လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ဝမ်းသာပီတိဖြစ်နေတယ်လို့ သိရပါတယ်။

'' မွေးခန်းထဲကထွက်လာပြီး သမီးလေးအတွက် ပျော်နေတဲ့အပြုံးမေမေ'' ဆိုပြီးတော့ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ ဇနီးချောလေးရဲ့ ဓာတ်ပုံ တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီလောက်က တင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရော၊ ဇနီး ချောလေးပါ ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။

Photo: ကြာစိဖေ့စ်င်္ဘွတ်
ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးကလည်း ချစ်စရာကောင်းတဲ့ သမီးလေးအတွက် ဝမ်းသာပီတိစကားတွေကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။ သမီးလေးကို မွေးဖွားခါနီးမှာလည်း စိတ်လှုပ်ရှားနေပုံပါပဲ။

'' ချစ်သမီး လေးရေ။ ချစ်ခြင်းများစွာ အေးမြမေတ္တာနွေးထွေးသော လက်အစုံတို့ဖြင့် ဤ ကမ္ဘာမြေမှ လူသားများစွာဝမ်းမြောက် ဝမ်းသာ ကြိုဆိုခြင်း ကိုရရှိပါစေ ကွယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၄  ရက်နေ့ မနက် ၃ နာရီကျော်က ခွဲစိတ်ခန်းထဲ မဝင်ခင် သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ကြာစိဖေ့စ်င်္ဘွတ်

ဟာသသရုပ်ဆောင် ကြာစိ နဲ့ ဆုဟန်နီဖြိုး တို့က ဒီသမီးလေးကို ကိုယ်ဝန်ရလာချိန်က စပြီး ကံကောင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန် ၂ လမှာ ၂ခါ ထီ ၅ သောင်းဆု ပေါက်တယ်။ ကိုယ်ဝန် ၄ လမှာ ထီ ၃ သိန်းတစ်ဆု ပေါက်တယ်။ ကိုယ်ဝန် ၆ လမှာလည်း ထီ ၅ သောင်းဆု ၆ ဆု တောင်ပေါက်တယ်လို့ Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

Photo: ကြာစိဖေ့စ်င်္ဘွတ်
သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top