ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 တစ္ခါတစ္ရံ..
မိဘရဲ႕ေစတနာကို လြဲမွားစြာ အဓိၸပါယ္ေကာက္တဲ့
သားသမီးေတြ ရွိတယ္
အျပင္ေလာကမွာ တကယ္ျဖစ္ခဲ့တဲ့ အျဖစ္ပ်က္ေလးပါ။

အိမ္တစ္အိမ္ မိသားစုတစ္စုမွာ အေမလုပ္တဲ့ပုဂၢိဳလ္က
သားသမီးေတြကို ဟင္းေကာင္းစားေစခ်င္တဲ့အတြက္
ပုဇြန္ထုပ္ဟင္း ခ်က္ေကၽြးတယ္။ မၾကာခဏ ခ်က္ေကၽြးတာေပါ့။ ပုဇြန္ထုပ္ဟင္းဆိုတာ ေခါင္းနဲ႔အသား ဘယ္ဟာက
ေကာင္းသလဲ? စာဖတ္သူမ်ား သိၾကမွာပါေနာ္..
ေခါင္းအခြြံထက္ အသားက ပိုေကာင္းပါတယ္။

မိဘလုပ္တဲ့သူ သားသမီးေတြအေပၚ ဟင္းေကာင္းေလး
စားေစခ်င္တဲ့ ေစတနာအျပည့္နဲ႔ ေကြ်းတယ္။
ေကၽြးတာမွ အသားေလးေတြထြင္ၿပီး ေကၽြးတယ္။
သူက်ေတာ့ ပုဇြန္ထုပ္ေခါင္းပဲ စားတယ္။
ဒီလိုပဲ သာသမီးေတြငယ္ငယ္ထဲက ေကၽြးလာတာ
အရြယ္ေရာက္လို႔ အိမ္ေထာင္ျပဳၾကတဲ့အထိေပါ့။

သားသမီးေတြက သူတို႔ႀကီးလာတဲ့အခါက်ေတာ့
ဘယ္လိုထင္လဲ?ဆိုရင္ ငါ့အေမက ပုဇြန္ထုပ္ဟင္းကို
ေခါင္းပဲစားတယ္။ ေခါင္းပဲႀကိဳက္တယ္။ ပုဇြန္ထုပ္အသားကို
ငါ့အေမ မႀကိဳက္ဘူးေပါ့။ ဒီလိုနဲ႔ ပုဇြန္ထုပ္ဟင္းခ်က္ေကြ်းတိင္း အေမ့ကို ေခါင္းပဲေကၽြးၿပီး သူတို႔က အသားပဲစားၾကသတဲ့။
အေမလုပ္သူက ပုဇြန္ထုပ္ေခါင္းေလး ဝါးရင္း မ်က္ရည္ေတြ
ေပါက္ေပါက္က်လာတယ္။

ၿပီးေတာ့..
စိတ္ထဲက ေျပာမိသတဲ့..
သားတို႔သမီးတို႔ရယ္ ငါက နင္တို႔ ငယ္ငယ္ကစားခဲ့သလို!
ေခါင္းကို ဘယ္ႀကိဳက္ပါ့မလဲ?
ငါလည္း အသားႀကိဳက္တာေပါ့ဟယ္..လို႔..
သားသမီးေတြ စိတ္မေကာင္းမွာစိုးလို႔ ပါးစပ္ကေတာင္
ထုပ္မေျပာရဲရွာဘူးတဲ့ေလ..

ဒီျပႆနာေလးဟာ
သားသမီးတို႔ဘက္က မိဘေတြရဲ႕ေစတနာကို
လြဲမွားစြာ အဓိပၸါယ္ေကာက္ၾကတာ မိဘေတြမွာ
ေတာ္ေတာ္ေလး ခံရခက္ပါတယ္ေနာ္။
အေမက ေစတနာနဲ႔ အသားစားေစခ်င္လို႔ ေကြ်းတယ္။
သားသမီးကလည္း ေစတနာနဲ႔ အေမက ေခါင္းႀကိဳက္တယ္ထင္ၿပီး ေခါင္းပဲေကၽြးတယ္။

အဲ့ဒီလို ေစတနာအလြဲမွားမ်ိဳးကို ဂ႐ုစိုက္ၾကပါကြယ္။
မိဘေတြဘက္က ခံရခက္လြန္းလို႔ ေစတနာနဲ႔ တင္ျပရတာပါ.
_______________

ေမတၱာျဖင့္...
အရွင္နႏၵိယ(သာကီႏြယ္)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:စာေပ-အရိပ္
# Unicode Version ျဖင့္ ဖတ္ပါ #
 တစ်ခါတစ်ရံ..
မိဘရဲ့စေတနာကို လွဲမှားစွာ အဓ္ပိပါယ်ကောက်တဲ့
သားသမီးတွေ ရှိတယ်
အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပျက်လေးပါ။

အိမ်တစ်အိမ် မိသားစုတစ်စုမှာ အမေလုပ်တဲ့ပုဂ္ဂိုလ်က
သားသမီးတွေကို ဟင်းကောင်းစားစေချင်တဲ့အတွက်
ပုဇွန်ထုပ်ဟင်း ချက်ကျွေးတယ်။ မကြာခဏ ချက်ကျွေးတာပေါ့။ ပုဇွန်ထုပ်ဟင်းဆိုတာ ခေါင်းနဲ့အသား ဘယ်ဟာက
ကောင်းသလဲ? စာဖတ်သူများ သိကြမှာပါနော်..
ခေါင်းအခွံထက် အသားက ပိုကောင်းပါတယ်။

မိဘလုပ်တဲ့သူ သားသမီးတွေအပေါ် ဟင်းကောင်းလေး
စားစေချင်တဲ့ စေတနာအပြည့်နဲ့ ကျွေးတယ်။
ကျွေးတာမှ အသားလေးတွေထွင်ပြီး ကျွေးတယ်။
သူကျတော့ ပုဇွန်ထုပ်ခေါင်းပဲ စားတယ်။
ဒီလိုပဲ သာသမီးတွေငယ်ငယ်ထဲက ကျွေးလာတာ
အရွယ်ရောက်လို့ အိမ်ထောင်ပြုကြတဲ့အထိပေါ့။

သားသမီးတွေက သူတို့ကြီးလာတဲ့အခါကျတော့
ဘယ်လိုထင်လဲ?ဆိုရင် ငါ့အမေက ပုဇွန်ထုပ်ဟင်းကို
ခေါင်းပဲစားတယ်။ ခေါင်းပဲကြိုက်တယ်။ ပုဇွန်ထုပ်အသားကို
ငါ့အမေ မကြိုက်ဘူးပေါ့။ ဒီလိုနဲ့ ပုဇွန်ထုပ်ဟင်းချက်ကျွေးတိင်း အမေ့ကို ခေါင်းပဲကျွေးပြီး သူတို့က အသားပဲစားကြသတဲ့။
အမေလုပ်သူက ပုဇွန်ထုပ်ခေါင်းလေး ဝါးရင်း မျက်ရည်တွေ
ပေါက်ပေါက်ကျလာတယ်။

ပြီးတော့..
စိတ်ထဲက ပြောမိသတဲ့..
သားတို့သမီးတို့ရယ် ငါက နင်တို့ ငယ်ငယ်ကစားခဲ့သလို!
ခေါင်းကို ဘယ်ကြိုက်ပါ့မလဲ?
ငါလည်း အသားကြိုက်တာပေါ့ဟယ်..လို့..
သားသမီးတွေ စိတ်မကောင်းမှာစိုးလို့ ပါးစပ်ကတောင်
ထုပ်မပြောရဲရှာဘူးတဲ့လေ..

ဒီပြဿနာလေးဟာ
သားသမီးတို့ဘက်က မိဘတွေရဲ့စေတနာကို
လွဲမှားစွာ အဓိပ္ပါယ်ကောက်ကြတာ မိဘတွေမှာ
တော်တော်လေး ခံရခက်ပါတယ်နော်။
အမေက စေတနာနဲ့ အသားစားစေချင်လို့ ကျွေးတယ်။
သားသမီးကလည်း စေတနာနဲ့ အမေက ခေါင်းကြိုက်တယ်ထင်ပြီး ခေါင်းပဲကျွေးတယ်။

အဲ့ဒီလို စေတနာအလွဲမှားမျိုးကို ဂရုစိုက်ကြပါကွယ်။
မိဘတွေဘက်က ခံရခက်လွန်းလို့ စေတနာနဲ့ တင်ပြရတာပါ.
_______________

မေတ္တာဖြင့်...
အရှင်နန္ဒိယ(သာကီနွယ်)
ဖိုးသူတော် (www.phothutaw.com)
Credit:စာပေ-အရိပ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top