မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

လူတို႔မွာ လူ႔ခႏၶာကိုယ္ ေဟာ္မုန္း ေျပာင္းလဲ မႈေၾကာင့္ ျဖစ္ၾက ရသည္။ အဆီျပန္၊ အဆီ အိတ္ မ်ား သည္ အရြယ္ေရာက္ အပ်ဳိ၊ လူပ်ဳိ ျဖစ္ခ်ိန္ တြင္ အဆီပို ထြက္ လာသျဖင့္ အဆီျပန္ျခင္း ျဖစ္သည္။

ေယာက်္ား ေဟာ္မုန္းဓာတ္ ပိုထြက္ လာျခင္း၊ အဆီႏွင့္ အဆီဓာတ္ မ်ားသည့္ အစားအစာ၊ အသင့္ အျမန္စား အစား အစာမ်ား (ဆင္းဒဝစ္၊ ပီဇာ၊ ဟမ္ဘာဂါမ်ား) အစားမ်ားျခင္း၊ အိပ္ေရးပ်က္ျခင္း၊ စာေမးပြဲ ေျဖခါနီး၊ လက္ထပ္ ခါနီး အခ်ိန္ မ်ားတြင္ စိတ္လႈပ္ရွားျခင္း၊ အျခား ေရာဂါ တစ္ခုခု ျဖစ္ျခင္း၊ အဝလြန္ျခင္း ေၾကာင့္ အဆီပို ထြက္ႏိုင္သည့္ အျပင္ အမ်ဳိးသမီးမ်ား ဓမၼတာ လာခါနီး အခ်ိန္တြင္ ပို၍ အဆီျပန္ တတ္သည္။

ေဟာ္မုန္း အေျပာင္း အလဲ ေၾကာင့္ အဆီ အက်ိတ္ မ်ား မ်က္ႏွာ အေရျပား အတြင္း တြင္ ျဖစ္ၿပီး အျပင္ကို မထြက္ ဘဲ စုေနလွ်င္ အေရျပား မွ ပ်က္စီး သြားေသာ ကလာပ္စည္း မ်ားက အဆီႁပြန္ ကို ပိတ္မိ ကာ ယင္းေနရာ မွ အဖု ထြက္ၿပီး ဝက္ၿခံ ထြက္လာသည္။

ဝက္ၿခံ သည္ လူျမင္သည့္ ေနရာ တြင္ အျဖစ္ မ်ားသည္။ ဝက္ၿခံႏွင့္ မ်က္ႏွာ အဆီျပန္ျခင္း မျဖစ္ေပၚ ေစရန္ အခ်ဳိ၊ အဆိမ့္ စသည့္ အစား အစာ မ်ားကို ေလွ်ာ့စားရမည္။

ဝက္ၿခံ ကို လက္ျဖင့္ မညႇစ္ရပါ။ ဆာလ္ဖာ စသည့္ ပိုးသတ္ေဆး ပါေသာ အလွဆီ ကို လိမ္းၿပီး အေပၚမွာ သနပ္ခါး လိမ္းထား သင့္ ပါသည္။ ပိုးသတ္ေဆး အေပ်ာ့ပါေသာ ကာေဘာ္လစ္ ဆပ္ျပာ သံုးရမည္။ ေရခ်ဳိးၿပီး မ်က္ႏွာ ကို အဝတ္ သန္႔သန္႔ ျဖင့္ သုတ္ရမည္။ မ်က္ႏွာသစ္တိုင္း ေရေႏြး ႏွင့္ ဆပ္ျပာ သံုးရမည္။
ည အိပ္ရာဝင္ ခါနီးတုိင္း မ်က္ႏွာသစ္၊ ေျခလက္မ်ား ေဆးၿပီး တစ္ပတ္ တစ္ခါ ေခါင္းမွန္မွန္ ေလွ်ာ္ၿပီးတိုင္း အုန္းဆီ လိမ္းသင့္သည္။ ေလ့က်င့္ခန္း (အေျပး၊ လမ္းေလွ်ာက္၊ စက္ဘီးစီး) နာရီဝက္ မွန္မွန္ လုပ္ေပးသင့္ သည္။ ႏွာေခါင္းထိပ္ ႏွင့္ ႏႈတ္ခမ္း ဝန္းက်င္ တြင္ ျဖစ္ေသာ ဝက္ၿခံ ကို မညႇစ္သင့္ပါ။

ဝက္ၿခံ မေပ်ာက္လွ်င္ ဆရာဝန္ႏွင့္ ျပသ သင့္သည္။ ေခ်ာကလက္ ႏွင့္ အသင့္ အျမန္စား အစားအစာ မ်ား ေရွာင္ သင့္ ပါသည္။ အလုပ္မ်ားျခင္း၊ အအိပ္ အေန နည္းျခင္း သည္လည္း ဝက္ၿခံ ကို ပို၍ ျဖစ္ေပၚ ေစ သည္။ ဂ်ဳံၾကမ္းႏွင့္ ျပဳလုပ္ေသာ ေပါင္မုန္႔၊ ေခါက္ဆြဲေျခာက္၊ ဆန္လံုးညိဳ၊ လတ္ဆတ္ေသာ သစ္သီး၊ ဟင္းသီး ဟင္းရြက္မ်ား တြဲဖက္ စားသင့္သည္။

အပင္မွ ထြက္ရွိေသာ အစာ မ်ားကို ပိုစားသင့္သည္။ ပဲနီေလး၊ ပဲပိစပ္ စသည့္ ပ႐ိုတင္း ပါေသာ အစားအစာ မ်ားကို စားသင့္သည္။

ဓာတ္တိုး ပစၥည္း ၾကြယ္ဝသည့္ ဗီတာမင္ စားရမည္။ အနီႏွင့္ လိေမၼာ္ေရာင္ ရွိသည့္ ဟင္းသီး ဟင္းရြက္ စားသင့္ သည္။ အႀကံျပဳခ်က္ အေနျဖင့္ ၾကက္သြန္နီ ႏွင့္ ၾကက္သြန္ျဖဴ  ကို ေန႔စဥ္ စားသင့္သည္။

ဥ အမ်ဳိးမ်ဳိး ေန႔စဥ္ စားေပးရမည္။ သစ္သီး ဆီ ႏွင့္ ဟင္းသီး ဟင္းရြက္ တြဲ၍ သစ္သီး ေဖ်ာ္ရည္ ျပဳ လုပ္ ေသာက္ သံုး သင့္သည္။

 ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ေန႔စဥ္ စားသင့္သည္။ သြပ္ဓာတ္ ပါေသာ ငါး၊ အခြံမာသီး ႏွင့္ ဂ်ဳံျဖင့္ လုပ္ေသာ အစားအစာ မ်ား စားသံုး သင့္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

# Unicode Version #
လူတို့မှာ လူ့ခန္ဓာကိုယ် ဟော်မုန်း ပြောင်းလဲ မှုကြောင့် ဖြစ်ကြ ရသည်။ အဆီပြန်၊ အဆီ အိတ် များ သည် အရွယ်ရောက် အပျို၊ လူပျို ဖြစ်ချိန် တွင် အဆီပို ထွက် လာသဖြင့် အဆီပြန်ခြင်း ဖြစ်သည်။

ယောကျ်ား ဟော်မုန်းဓာတ် ပိုထွက် လာခြင်း၊ အဆီနှင့် အဆီဓာတ် များသည့် အစားအစာ၊ အသင့် အမြန်စား အစား အစာများ (ဆင်းဒဝစ်၊ ပီဇာ၊ ဟမ်ဘာဂါများ) အစားများခြင်း၊ အိပ်ရေးပျက်ခြင်း၊ စာမေးပွဲ ဖြေခါနီး၊ လက်ထပ် ခါနီး အချိန် များတွင် စိတ်လှုပ်ရှားခြင်း၊ အခြား ရောဂါ တစ်ခုခု ဖြစ်ခြင်း၊ အဝလွန်ခြင်း ကြောင့် အဆီပို ထွက်နိုင်သည့် အပြင် အမျိုးသမီးများ ဓမ္မတာ လာခါနီး အချိန်တွင် ပို၍ အဆီပြန် တတ်သည်။

ဟော်မုန်း အပြောင်း အလဲ ကြောင့် အဆီ အကျိတ် များ မျက်နှာ အရေပြား အတွင်း တွင် ဖြစ်ပြီး အပြင်ကို မထွက် ဘဲ စုနေလျှင် အရေပြား မှ ပျက်စီး သွားသော ကလာပ်စည်း များက အဆီပြွန် ကို ပိတ်မိ ကာ ယင်းနေရာ မှ အဖု ထွက်ပြီး ဝက်ခြံ ထွက်လာသည်။

ဝက်ခြံ သည် လူမြင်သည့် နေရာ တွင် အဖြစ် များသည်။ ဝက်ခြံနှင့် မျက်နှာ အဆီပြန်ခြင်း မဖြစ်ပေါ် စေရန် အချို၊ အဆိမ့် စသည့် အစား အစာ များကို လျှော့စားရမည်။

ဝက်ခြံ ကို လက်ဖြင့် မညှစ်ရပါ။ ဆာလ်ဖာ စသည့် ပိုးသတ်ဆေး ပါသော အလှဆီ ကို လိမ်းပြီး အပေါ်မှာ သနပ်ခါး လိမ်းထား သင့် ပါသည်။ ပိုးသတ်ဆေး အပျော့ပါသော ကာဘော်လစ် ဆပ်ပြာ သုံးရမည်။ ရေချိုးပြီး မျက်နှာ ကို အဝတ် သန့်သန့် ဖြင့် သုတ်ရမည်။ မျက်နှာသစ်တိုင်း ရေနွေး နှင့် ဆပ်ပြာ သုံးရမည်။
ည အိပ်ရာဝင် ခါနီးတိုင်း မျက်နှာသစ်၊ ခြေလက်များ ဆေးပြီး တစ်ပတ် တစ်ခါ ခေါင်းမှန်မှန် လျှော်ပြီးတိုင်း အုန်းဆီ လိမ်းသင့်သည်။ လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) နာရီဝက် မှန်မှန် လုပ်ပေးသင့် သည်။ နှာခေါင်းထိပ် နှင့် နှုတ်ခမ်း ဝန်းကျင် တွင် ဖြစ်သော ဝက်ခြံ ကို မညှစ်သင့်ပါ။

ဝက်ခြံ မပျောက်လျှင် ဆရာဝန်နှင့် ပြသ သင့်သည်။ ချောကလက် နှင့် အသင့် အမြန်စား အစားအစာ များ ရှောင် သင့် ပါသည်။ အလုပ်များခြင်း၊ အအိပ် အနေ နည်းခြင်း သည်လည်း ဝက်ခြံ ကို ပို၍ ဖြစ်ပေါ် စေ သည်။ ဂျုံကြမ်းနှင့် ပြုလုပ်သော ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ဆန်လုံးညို၊ လတ်ဆတ်သော သစ်သီး၊ ဟင်းသီး ဟင်းရွက်များ တွဲဖက် စားသင့်သည်။

အပင်မှ ထွက်ရှိသော အစာ များကို ပိုစားသင့်သည်။ ပဲနီလေး၊ ပဲပိစပ် စသည့် ပရိုတင်း ပါသော အစားအစာ များကို စားသင့်သည်။

ဓာတ်တိုး ပစ္စည်း ကြွယ်ဝသည့် ဗီတာမင် စားရမည်။ အနီနှင့် လိမ္မော်ရောင် ရှိသည့် ဟင်းသီး ဟင်းရွက် စားသင့် သည်။ အကြံပြုချက် အနေဖြင့် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ  ကို နေ့စဉ် စားသင့်သည်။

ဥ အမျိုးမျိုး နေ့စဉ် စားပေးရမည်။ သစ်သီး ဆီ နှင့် ဟင်းသီး ဟင်းရွက် တွဲ၍ သစ်သီး ဖျော်ရည် ပြု လုပ် သောက် သုံး သင့်သည်။

 ကြက်သွန်နီ၊ ကြက်သွန်ဖြူ နေ့စဉ် စားသင့်သည်။ သွပ်ဓာတ် ပါသော ငါး၊ အခွံမာသီး နှင့် ဂျုံဖြင့် လုပ်သော အစားအစာ များ စားသုံး သင့်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top