iMyanmarHouse.com - Best Property Website for Myanmar
×

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕၊ နားေယာင္းေက်းရြာအုပ္စု၊ မိုက္ဟိုဆန္ခါေက်းရြာ ေတာင္ယာတဲတြင္ အသက္(၄၂)ႏွစ္အရြယ္ အမ်ိဳးသမီးကို ညီအစ္ကို(၂)ဦးက ဖမ္းဆီး အဓမၼျပဳက်င့္မွုတစ္ခုျဖစ္ပြားခဲ့သည္။


ျဖစ္စဥ္မွာ စက္တင္ဘာလ ၂၁ ရက္ေန႔ ေန႔လယ္ ၁ နာရီဝန္းက်င္တြင္ မိုက္ဟိုဆန္ခါေက်းရြာမွ အမ်ိဳးသမီးတစ္ဦးသည္ ေတာထဲတြင္ မိႆလင္ ရွာေဖြရန္ သြားေရာက္ခဲ့ၿပီး ညေန (၄)နာရီဝန္းက်င္တြင္ ရြာထဲသို႔ျပန္လာစဥ္ ေတာင္ယာတဲတစ္ခု ေရွ႕သို႔အေရာက္တြင္ အားတု ဆိုသူထြက္လာၿပီး ေတာင္ယာတဲတြင္ ဝက္ ကူေမာင္းေပးရန္ႏွင့္ င႐ုတ္သီးမ်ား ခူးသြားရန္ ေျပာသျဖင့္ ကူညီေပးၿပီး င႐ုတ္သီးခူးခဲ့သည္။

အမ်ိဳးသမီးက င႐ုတ္သီးဝင္ခူးေနစဥ္ အားတုက ေနာက္မွေန၍ ဓါးျဖင့္ၿခိမ္းေျခာက္ကာ ႀကိဳးတုပ္ဖမ္းဆီးၿပီးေနာက္ ၎၏ အစ္ကိုျဖစ္သူထံ ဖုန္းဆက္လွမ္းေခၚခဲ့သည္။ ညေန ၆ နာရီအခ်ိန္ခန႔္တြင္ အစ္ကိုျဖစ္သူ လီယာ ေရာက္လာၿပီး ႏွစ္ေယာက္ေပါင္းကာ အဓၶမျပဳက်င့္ခဲ့ၾကေၾကာင္း သိရွိရသည္။

ထို႔ေနာက္ အမ်ိဳးသမီးအား မည္သူ႔ကိုမွ ျပန္မေျပာရန္ မွာၾကားၿပီး ညီအစ္ကိုႏွစ္ေယာက္ အမ်ိဳးသမီးကို ထားခဲ့ကာ ေတာင္ယာတဲမွ ထြက္သြားခဲ့ၾကသည္။ အမ်ိဳးသမီးက ေနအိမ္သို႔ ည ၇ နာရီေက်ာ္တြင္ ျပန္ေရာက္ခဲ့ၿပီးေနာက္ ခင္ပြန္းျဖစ္သူအား ေျပာျပခဲ့ေၾကာင္း သိရွိရသည္။

စက္တင္ဘာလ ၂၃ ရက္ေန႔တြင္ တာေလနယ္ေၿမ ရဲစခန္းသို႔ လာေရာက္အမွုဖြင့္တိုင္းၾကားခဲ့သျဖင့္ လီယာ (၃၅ ႏွစ္) ႏွင့္ အားတု (၂၃ ႏွစ္)တို႔ကို တာေလနယ္ေျမရဲစခန္းတြင္ (ပ)၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၄/၃၇၆/၁၁၄ ျဖင့္ အမွုဖြင့္လွစ္ စစ္ေဆးေနေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: တာခ်ီလိတ္သတင္းေအဂ်င္စီ

#Unicode Version#
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ မိုက်ဟိုဆန်ခါကျေးရွာ တောင်ယာတဲတွင် အသက်(၄၂)နှစ်အရွယ် အမျိုးသမီးကို ညီအစ်ကို(၂)ဦးက ဖမ်းဆီး အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် မိုက်ဟိုဆန်ခါကျေးရွာမှ အမျိုးသမီးတစ်ဦးသည် တောထဲတွင် မိဿလင် ရှာဖွေရန် သွားရောက်ခဲ့ပြီး ညနေ (၄)နာရီဝန်းကျင်တွင် ရွာထဲသို့ပြန်လာစဉ် တောင်ယာတဲတစ်ခု ရှေ့သို့အရောက်တွင် အားတု ဆိုသူထွက်လာပြီး တောင်ယာတဲတွင် ဝက် ကူမောင်းပေးရန်နှင့် ငရုတ်သီးများ ခူးသွားရန် ပြောသဖြင့် ကူညီပေးပြီး ငရုတ်သီးခူးခဲ့သည်။

အမျိုးသမီးက ငရုတ်သီးဝင်ခူးနေစဉ် အားတုက နောက်မှနေ၍ ဓါးဖြင့်ခြိမ်းခြောက်ကာ ကြိုးတုပ်ဖမ်းဆီးပြီးနောက် ၎င်း၏ အစ်ကိုဖြစ်သူထံ ဖုန်းဆက်လှမ်းခေါ်ခဲ့သည်။ ညနေ ၆ နာရီအချိန်ခန့်တွင် အစ်ကိုဖြစ်သူ လီယာ ရောက်လာပြီး နှစ်ယောက်ပေါင်းကာ အဓ္ဓမပြုကျင့်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် အမျိုးသမီးအား မည်သူ့ကိုမှ ပြန်မပြောရန် မှာကြားပြီး ညီအစ်ကိုနှစ်ယောက် အမျိုးသမီးကို ထားခဲ့ကာ တောင်ယာတဲမှ ထွက်သွားခဲ့ကြသည်။ အမျိုးသမီးက နေအိမ်သို့ ည ၇ နာရီကျော်တွင် ပြန်ရောက်ခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူအား ပြောပြခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် တာလေနယ်မြေ ရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်းကြားခဲ့သဖြင့် လီယာ (၃၅ နှစ်) နှင့် အားတု (၂၃ နှစ်)တို့ကို တာလေနယ်မြေရဲစခန်းတွင် (ပ)၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၃၇၆/၁၁၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: တာချီလိတ်သတင်းအေဂျင်စီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top