×

သာယာဝတီခရိုင္ ဇီကုန္းၿမိဳ႕နယ္အပိုင္ ကူျဖဴအုပ္စု ေညာင္ပင္ဘို သရက္ေတာေက်းရြာတြင္ သမီးေယာက္ဖခ်င္းစကားမ်ားရန္ျဖစ္ရာမွ ရဲဒင္းျဖင့္ခုတ္လိုက္ရာ အခင္းျဖစ္ေသာေနရာတြင္ အမျဖစ္သူ၏ ေယာက်္ားပြဲခ်င္းၿပီးေသဆံုးမႈ ျဖစ္ပြားေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၁၁ ရက္ ည ၁၁ နာရီခြဲအခ်ိိ္န္တြင္ ဇီကုန္းၿမိဳ႕နယ္အပိုင္ ကူျဖဴအုပ္စု ေညာင္ပင္ဘိုသရက္ေတာေက်းရြာေန ညီညီနိုင္အသက္ (၃၆)ႏွစ္သည္အရက္မူး၍ျပန္လာကာ ၎၏ဇနီးျဖစ္သူမဂ်မ္းပံု(ခ)မဇင္မာႏြယ္အား ငါဒီၿခံထဲမွာမေနခ်င္ဘူး ငါ့မိဘေတြရွိတဲ႔ ေနရာမွာေနမည္ဟုေျပာဆိုရမ္းကားေနသျဖင့္ တစ္ၿခံတည္းအတူေနေခါင္းရင္းေနအိမ္ရွိ မခင္မာႏြယ္၏အကိုျဖစ္သူ

ကိုထြန္းထြန္းဝင္းမွ မင္းလြန္ေနၿပီဟုေျပာရာ ညီညီနိုင္မွ ငါလိုးမသားဟု ဆဲဆိုေနစဥ္ ထြန္းထြန္းဝင္းမွ၎ကိုင္ေဆာင္လာေသာ အသြား ၃ လက္မ အရိုး ၁၉ လက္မရွိရဲဒင္းျဖင့္ တစ္ခ်က္ခုတ္၍ ထြက္ေျပးသြားခဲ႔ၿပီး ညီညီနိုင္မွာ ယာပခံုးအရိုးနစ္ဝင္ျပတ္ရွဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ေသဆံုးသြားခဲ႔ေၾကာင္းသိရွိရပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပက္သက္၍မခင္မာႏြယ္မွ၎၏ ခင္ပြန္းျဖစ္သူ ညီညီနိုင္အား ရဲဒင္းျဖင့္ခုတ္၍ေသဆံုးေအာင္ျပဳလုပ္သူ ထြန္းထြန္းဝင္းအား ဥပေဒအရအေရးယူေပးပါရန္ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ဇီးကုန္းၿမိဳ႕မရဲစခန္းမွ (ပ)၉၁၉/၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ျဖင့္အမႈဖြင့္ထားရွိေဆာင္ရြက္လွ်က္ရွိေၾကာင္းသတင္းရရွိပါသည္။

သတင္း/ဓာတ္ပံု – သက္ခိုင္ထြန္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်မ္းပံု
# Unicode Version ျဖင့္ ဖတ္ပါ #
သာယာဝတီခရိုင် ဇီကုန်းမြို့နယ်အပိုင် ကူဖြူအုပ်စု ညောင်ပင်ဘို သရက်တောကျေးရွာတွင် သမီးယောက်ဖချင်းစကားများရန်ဖြစ်ရာမှ ရဲဒင်းဖြင့်ခုတ်လိုက်ရာ အခင်းဖြစ်သောနေရာတွင် အမဖြစ်သူ၏ ယောကျ်ားပွဲချင်းပြီးသေဆုံးမှု
ဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက် ည ၁၁ နာရီခွဲအချိန်တွင် ဇီကုန်းမြို့နယ်အပိုင် ကူဖြူအုပ်စု ညောင်ပင်ဘိုသရက်တောကျေးရွာနေ ညီညီနိုင်အသက် (၃၆)နှစ်သည်အရက်မူး၍ပြန်လာကာ ၎င်း၏ဇနီးဖြစ်သူမဂျမ်းပုံ(ခ)မဇင်မာနွယ်အား ငါဒီခြံထဲမှာမနေချင်ဘူး ငါ့မိဘတွေရှိတဲ့ နေရာမှာနေမည်ဟုပြောဆိုရမ်းကားနေသဖြင့် တစ်ခြံတည်းအတူနေခေါင်းရင်းနေအိမ်ရှိ မခင်မာနွယ်၏အကိုဖြစ်သူ

ကိုထွန်းထွန်းဝင်းမှ မင်းလွန်နေပြီဟုပြောရာ ညီညီနိုင်မှ ငါလိုးမသားဟု ဆဲဆိုနေစဉ် ထွန်းထွန်းဝင်းမှ၎င်းကိုင်ဆောင်လာသော အသွား ၃ လက်မ အရိုး ၁၉ လက်မရှိရဲဒင်းဖြင့် တစ်ချက်ခုတ်၍ ထွက်ပြေးသွားခဲ့ပြီး ညီညီနိုင်မှာ ယာပခုံးအရိုးနစ်ဝင်ပြတ်ရှဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍မခင်မာနွယ်မှ၎င်း၏ ခင်ပွန်းဖြစ်သူ ညီညီနိုင်အား ရဲဒင်းဖြင့်ခုတ်၍သေဆုံးအောင်ပြုလုပ်သူ ထွန်းထွန်းဝင်းအား ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဇီးကုန်းမြို့မရဲစခန်းမှ (ပ)၉၁၉/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ထားရှိဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

သတင်း/ဓာတ်ပုံ – သက်ခိုင်ထွန်း

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျမ်းပုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top