ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဧရာဝတီတိုင္းေဒသႀကီး၊ အင္ပင္နယ္ေျမ ရဲစခန္းအပိုင္၌ “အစ္ကိုနင္အလုပ္မလုပ္ဘူး၊ငါ့မွာအလုပ္မရွိရင္ငတ္မည္”ဟု ေျပာျခင္းေၾကာင္း စကားရာမွ ညီမျဖစ္သူအား ဓါးျဖင့္ထိုး၍ မိမိကိုယ္မိမိ ျပန္လည္ ဓါးျဖင့္ ထိုးသတ္ေသဆုံးမႈ ျဖစ္ပြားေၾကာင္း စုံစမ္းသိရွိရသည္။

“၂၀၁၈ စက္တင္ဘာ ၂၃ရက္ေန႔တြင္ ညီမျဖစ္သူ မသႏၲာဝင္းမွ “အစ္ကိုနင္အလုပ္မလုပ္ဘူး ငါ့မွာအလုပ္မရွိရင္ငတ္မည္” ေျပာဆို၍ “ငါေနမေကာင္းလို႔အလုပ္ မလုပ္တာ ငါေနေကာင္းရင္ အလုပ္မေရြးဘူး”ဟု အစ္ကို ျဖစ္သူမွ ေျပာဆိုသံၾကားရၿပီးေနာက္

“အေမ ကယ္ပါဦး”ဟု ေအာ္ငို၍ ျခံဝန္းထဲ ျမက္ႏႈတ္သန္႔ရွင္းျပဳလုပ္ေနရာမွ အေမျဖစ္သူ သြားၾကည့္စဥ္ သမီးျဖစ္သူ၌ ဝမ္းဗိုက္တြင္ တစ္လက္မခန္႔ ထိုးသြင္းဒဏ္ရာ(၁)ခ်က္(မစိုးရိမ္ရ) ရရွိကာ ေသြးမ်ားထြက္လၽွက္ လဲက်ေနသည္ကို ေတြ႕ျမင္ရၿပီး

သားျဖစ္သူမွာ ဘုရားခန္းထရံကို ေက်ာမွိထိုက္လၽွက္ လက္ထဲတြင္ မီးဖိုေခ်ာင္းသုံး စတီးဓါးဦး(၁)ေခ်ာင္း ကိုင္ေဆာင္ထားသည္အား ေတြ႕ျမင္ရ၍ အေမျဖစ္သူမွ သမီးအား ေမးျမန္းစဥ္ အလုပ္လုပ္ရန္ တိုက္တြန္းျခင္းေၾကာင္း ဓါးျဖင့္ထိုးသည္ဟု ေျပာဆိုျခင္းေၾကာင္း

သမီးျဖစ္သူအား ေနအိမ္ေအာက္သို႔ဆြဲေခၚၿပီး အိမ္နီနားခ်င္းမ်ားအား အကူအညီလွမ္းေတာင္းရင္း သမီးျဖစ္သူအား ေဆးရုံးသို႔ ပို႔ေဆာင္ရမည္ျဖစ္၍ လိုအပ္ေသာ စာရြက္စာတမ္းမ်ား အိမ္ေပၚျပန္တတ္ယူစဥ္ သားျဖစ္သူတြင္ မိမိကိုယ္ မိမိ ကိုင္ေဆာင္ထားေသာ ဓါးျဖင့္ထိုးၿပီး ဝမ္းဗိုက္တြင္ ဓားတန္းစို္က္ဝင္လၽွက္ ပတ္လတ္လဲေနသည္အား ေတြ႕ရွိရ၍ ေဆးရုံသို႔ တင္ပို႔ ကုသစဥ္ ရရွိဓါးဒဏ္ေၾကာင္း ေသဆုံးသြားသည္ဟု” မိခင္ျဖစ္သူ ေဒၚၾကည္ၾကည္ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သတ္၍ တရားခံ ေဇာ္မ်ဳိးဦး အသက္(၂၅)ႏွစ္(ႏွလုံးေဂါႏွင့္အသည္းေရာင္အသားဝါ ႏွစ္ရွည္ေရာဂါ ခံစားရသူ)အား၊ အင္​ပင္​နယ္​​ေျမရဲစခန္​းမွ (ပ)၁၆၅/၂၀၁၈၊ရာဇသတ္​ႀကီးပုဒ္​မ ၃၂၆ ျဖင္​့ အမႈဖြင္​့ဆက္​လက္​စစ္​​ေဆးအ​ေရးယူထား​ေၾကာင္​း စုံစမ္းသိရွိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဇာ္မ်ဳိးေအာင္/သာခို္င္(မုနိၿမီ)
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ အင်ပင်နယ်မြေ ရဲစခန်းအပိုင်၌ “အစ်ကိုနင်အလုပ်မလုပ်ဘူး၊ငါ့မှာအလုပ်မရှိရင်ငတ်မည်”ဟု ပြောခြင်းကြောင်း စကားရာမှ ညီမဖြစ်သူအား ဓါးဖြင့်ထိုး၍ မိမိကိုယ်မိမိ ပြန်လည် ဓါးဖြင့် ထိုးသတ်သေဆုံးမှု ဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။

“၂၀၁၈ စက်တင်ဘာ ၂၃ရက်နေ့တွင် ညီမဖြစ်သူ မသန္တာဝင်းမှ “အစ်ကိုနင်အလုပ်မလုပ်ဘူး ငါ့မှာအလုပ်မရှိရင်ငတ်မည်” ပြောဆို၍ “ငါနေမကောင်းလို့အလုပ် မလုပ်တာ ငါနေကောင်းရင် အလုပ်မရွေးဘူး”ဟု အစ်ကို ဖြစ်သူမှ ပြောဆိုသံကြားရပြီးနောက်

“အမေ ကယ်ပါဦး”ဟု အော်ငို၍ ခြံဝန်းထဲ မြက်နှုတ်သန့်ရှင်းပြုလုပ်နေရာမှ အမေဖြစ်သူ သွားကြည့်စဉ် သမီးဖြစ်သူ၌ ဝမ်းဗိုက်တွင် တစ်လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ) ရရှိကာ သွေးများထွက်လျှက် လဲကျနေသည်ကို တွေ့မြင်ရပြီး

သားဖြစ်သူမှာ ဘုရားခန်းထရံကို ကျောမှိထိုက်လျှက် လက်ထဲတွင် မီးဖိုချောင်းသုံး စတီးဓါးဦး(၁)ချောင်း ကိုင်ဆောင်ထားသည်အား တွေ့မြင်ရ၍ အမေဖြစ်သူမှ သမီးအား မေးမြန်းစဉ် အလုပ်လုပ်ရန် တိုက်တွန်းခြင်းကြောင်း ဓါးဖြင့်ထိုးသည်ဟု ပြောဆိုခြင်းကြောင်း

သမီးဖြစ်သူအား နေအိမ်အောက်သို့ဆွဲခေါ်ပြီး အိမ်နီနားချင်းများအား အကူအညီလှမ်းတောင်းရင်း သမီးဖြစ်သူအား ဆေးရုံးသို့ ပို့ဆောင်ရမည်ဖြစ်၍ လိုအပ်သော စာရွက်စာတမ်းများ အိမ်ပေါ်ပြန်တတ်ယူစဉ် သားဖြစ်သူတွင် မိမိကိုယ် မိမိ ကိုင်ဆောင်ထားသော ဓါးဖြင့်ထိုးပြီး ဝမ်းဗိုက်တွင် ဓားတန်းစိုက်ဝင်လျှက် ပတ်လတ်လဲနေသည်အား တွေ့ရှိရ၍ ဆေးရုံသို့ တင်ပို့ ကုသစဉ် ရရှိဓါးဒဏ်ကြောင်း သေဆုံးသွားသည်ဟု” မိခင်ဖြစ်သူ ဒေါ်ကြည်ကြည် ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံ ဇော်မျိုးဦး အသက်(၂၅)နှစ်(နှလုံးဂေါနှင့်အသည်းရောင်အသားဝါ နှစ်ရှည်ရောဂါ ခံစားရသူ)အား၊ အင်ပင်နယ်မြေရဲစခန်းမှ (ပ)၁၆၅/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ဆက်လက်စစ်ဆေးအရေးယူထားကြောင်း စုံစမ်းသိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဇော်မျိုးအောင်/သာခိုင်(မုနိမြီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top