iMyanmarHouse.com - Best Property Website for Myanmar
×

 တ႐ုတ္ႏုိင္ငံမွာ ဗဟုသုတေခါင္းပါးလြန္းတဲ့ အဖြားအုိတစ္ဦးဟာ စစ္က်န္ဗုံးတစ္လုံးကို ပ်က္ေနတယ္အထင္နဲ႔ ေျမးျဖစ္သူကစားဖုိ႔ ေဆာ့စရာအျဖစ္ ေပးခဲ့ပါတယ္။ အဆုိပါဗုံးဟာ အသက္ဝင္ေနဆဲျဖစ္ၿပီး ေပါက္ကြဲပါက အနီးအနားပတ္ဝန္းက်င္ကို ဆုံး႐ႈံးမႈႀကီးမားေစႏုိင္တဲ့အထိ အႏၱရာယ္ရွိပါတယ္။

ေျမးျဖစ္သူကလည္း ကေလးဆုိေတာ့ ဒီဗုံးေလးကို ေျမျပင္ေပၚပစ္ေပါက္လုိက္၊ လွိမ့္လုိက္နဲ႔ သုံးႏွစ္ၾကာ ေဆာ့ကစားခဲ့ပါတယ္။ ရဲေတြက ဗုံးကို စစ္ေဆးခဲ့ရာ ဗုံးက အသက္ဝင္ေနဆဲဆုိတာကို ေတြ႕ရွိခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံအေရွ႕ပုိင္း Suzhou, Jiangsu မွာ ျဖစ္ခဲ့တာပါ။

အဖြားျဖစ္သူအမည္ကေတာ့ Zhang ျဖစ္ၿပီး သူမကုိယ္တုိင္ ျဖတ္သြားျဖတ္လာရဲအဖြဲ႕ကုိ အိမ္အထိေခၚလာၿပီး ေျမးျဖစ္သူေဆာ့ကစားေနတဲ့ ဒီသံလုံးႀကီးက ဘာႀကီးလဲ-လုိ႔ ဘုမသိဘမသိ ေမးခဲ့တာပါ။ ရဲတပ္ဖြဲ႕ေတြလည္း အလြန္အံ့ၾသသြားခဲ့ၿပီး ဒါဟာ ဗုံးျဖစ္ေၾကာင္း၊ တစ္အိမ္လုံး ဒုကၡေရာက္သြားႏုိင္ေၾကာင္း ေျပာခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က ဒါကုိ ဘယ္လုိလုပ္ ရခဲ့တာလဲလုိ႔ ေမးတဲ့အခါမွာေတာ့ သူမက ၿပီးခဲ့တဲ့(၃)ႏွစ္ေလာက္က ဥယ်ာဥ္ၿခံစုိက္ဖုိ႔ ေျမတူးျပဳျပင္စဥ္မွာ ဒီသတၱဳလုံးေလးကို ေတြ႕ခဲ့တာျဖစ္ေၾကာင္း၊ ဗုံးကုိ ဗုံးမွန္းမသိလုိ႔ သူမရဲ႕ေျမးငယ္ ပစ္ၿပီးေဆာ့ကစားဖုိ႔ ေပးခဲ့မိေၾကာင္း ဆုိပါတယ္။ ရဲတပ္ဖြဲ႕ဟာ ဗုံးရွင္းလင္းေရးအဖြဲ႕ကုိ ေခၚၿပီး ဗုံးဒဏ္ခံေလွာင္ကန္ထဲမွာ ေဖာက္ခြဲပစ္ခဲ့တယ္လုိ႔ သိရပါတယ္။

source : nextshark.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းသုတ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံမှာ ဗဟုသုတခေါင်းပါးလွန်းတဲ့ အဖွားအိုတစ်ဦးဟာ စစ်ကျန်ဗုံးတစ်လုံးကို ပျက်နေတယ်အထင်နဲ့ မြေးဖြစ်သူကစားဖို့ ဆော့စရာအဖြစ် ပေးခဲ့ပါတယ်။ အဆိုပါဗုံးဟာ အသက်ဝင်နေဆဲဖြစ်ပြီး ပေါက်ကွဲပါက အနီးအနားပတ်ဝန်းကျင်ကို ဆုံးရှုံးမှုကြီးမားစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

မြေးဖြစ်သူကလည်း ကလေးဆိုတော့ ဒီဗုံးလေးကို မြေပြင်ပေါ်ပစ်ပေါက်လိုက်၊ လှိမ့်လိုက်နဲ့ သုံးနှစ်ကြာ ဆော့ကစားခဲ့ပါတယ်။ ရဲတွေက ဗုံးကို စစ်ဆေးခဲ့ရာ ဗုံးက အသက်ဝင်နေဆဲဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း Suzhou, Jiangsu မှာ ဖြစ်ခဲ့တာပါ။

အဖွားဖြစ်သူအမည်ကတော့ Zhang ဖြစ်ပြီး သူမကိုယ်တိုင် ဖြတ်သွားဖြတ်လာရဲအဖွဲ့ကို အိမ်အထိခေါ်လာပြီး မြေးဖြစ်သူဆော့ကစားနေတဲ့ ဒီသံလုံးကြီးက ဘာကြီးလဲ-လို့ ဘုမသိဘမသိ မေးခဲ့တာပါ။ ရဲတပ်ဖွဲ့တွေလည်း အလွန်အံ့သြသွားခဲ့ပြီး ဒါဟာ ဗုံးဖြစ်ကြောင်း၊ တစ်အိမ်လုံး ဒုက္ခရောက်သွားနိုင်ကြောင်း ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဒါကို ဘယ်လိုလုပ် ရခဲ့တာလဲလို့ မေးတဲ့အခါမှာတော့ သူမက ပြီးခဲ့တဲ့(၃)နှစ်လောက်က ဥယျာဉ်ခြံစိုက်ဖို့ မြေတူးပြုပြင်စဉ်မှာ ဒီသတ္တုလုံးလေးကို တွေ့ခဲ့တာဖြစ်ကြောင်း၊ ဗုံးကို ဗုံးမှန်းမသိလို့ သူမရဲ့မြေးငယ် ပစ်ပြီးဆော့ကစားဖို့ ပေးခဲ့မိကြောင်း ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ ဗုံးရှင်းလင်းရေးအဖွဲ့ကို ခေါ်ပြီး ဗုံးဒဏ်ခံလှောင်ကန်ထဲမှာ ဖောက်ခွဲပစ်ခဲ့တယ်လို့ သိရပါတယ်။

source : nextshark.com

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းသုတ (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top