×






#Unicode Version#
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာ့ရိုးရာဝိုင်းခြင်းခတ် နေတဲ့ပုံတွေ ဟာ ဒီကနေ့ ညနေပိုင်းမှာထွက်ရှိလာပါတယ်။ဒီကနေ့ ညနေပိုင်းမှာ သမ္မတအိမ်တော်ဝင်းအတွင်းမှာ သမ္မတဟာ သူရဲ့မိတ်ဆွေတွေနဲ့ ခြင်းခတ်ခဲ့တာလို့ သိရပါတယ်။

သမ္မတနဲ့ဝိုင်းခြင်းခတ်တဲ့သူတွေထဲမှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ ၊ အစိုးရ ရဲ့ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးတို့ပါဝင်ကြပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ သမ္မတတာဝန်မထမ်းဆောင်မီ လွှတ်တော်ကိုယ်စားလှယ်အဖြစ် နေပြည်တော်က စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း နေထိုင်စဉ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ ညနေပိုင်းတွေမှာ ခြင်းခတ်လေ့ရှိပါတယ်။

ကိုယ်လက်လှုပ်ရှားအားကစားအဖြစ် ခြင်းခတ်လေ့ရှိတဲ့သူတွေထဲမှာ တော့ လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီတို့လည်း ပါဝင်လေ့ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top