iMyanmarHouse.com - Best Property Website for Myanmar
×

"သာေကတနဲ႔ ပုဇြန္ေတာင္ကိုခ်ိတ္ဆက္ေပးထားတဲ့ သာေကတ(ေဒါပုံ) တံတားအသစ္ႀကီး ဘယ္ေလာက္ေတာင္ ေကာင္းလိုက္သလဲဗ်ာ...လမ္းမႀကီးကိုေျဖာင့္လို႔ က်ယ္က်ယ္ဝန္းဝန္းနဲ႔ အရင္ကလိုမ်ိဳး ကားလမ္းပိတ္တဲ့ ျပႆနာေတြ မရွိေတာ့ဘူးေနာ္"

ဒီစကားေတြကို ကၽြန္ေတာ္တို႔ အျပင္ေလာကမွာေရာ ေဖ့စ္ဘြတ္ခ္ စတဲ့ ဆိုရွယ္မီဒီယာေတြမွာေရာ မၾကာခဏဆိုသလို

ၾကားေနရပါတယ္။ ေျပာေနၾကသလိုပဲ ေခတ္မီနည္းပညာေတြကို အသုံးျပဳၿပီး ေန႔ခ်င္းညခ်င္းမွာ တံတားႀကီးကို အခိုင္အမာတည္ေဆာက္ထားတာပါ။ ခိုင္ခိုင္မာမာနဲ႔တည္ေဆာက္ထားတဲ့အျပင္ တံတားသစ္ႀကီးကို အခုလိုမ်ိဳး ဂုဏ္ယူဝင့္ႂကြားေစတဲ့ေနာက္ကြယ္က အေၾကာင္းအရင္းတစ္ခုရွိပါေသးတယ္။ ဒါကေတာ့ သန္႔ရွင္းမႈပါ။ တံတားကို ဘယ္ေလာက္ပဲ အကုန္က်ခံၿပီး အခိုင္အမာျဖစ္ေအာင္ ေဆာက္လုပ္ထားပါေစ သန္႔ရွင္းသပ္ရပ္မႈမရွိဘဲ ၿပီးစီးသြားမယ္ဆိုရင္ အခုလိုမ်ိဳး သတင္းေကာင္းေတြ ခ်ီးက်ဴးစကားေတြ ထြက္လာစရာမရွိပါဘူး။ တံတားအသစ္မို႔ ေလာေလာဆယ္ သန္႔ျပန္႔ေနတာမ်ိဳးမဟုတ္ဘဲ အခုလိုမ်ိဳး အၿမဲတမ္း အမႈိက္သ႐ိုက္မရွိဘဲ သန္႔ရွင္းေနမယ္ဆိုရင္ ဒီတံတားႀကီးရဲ႕ သတင္းက အၿမဲတမ္း သင္းပ်ံေနအုံးမွာပါ။

ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းမေတာ္ေတာ္မ်ားမ်ားက ကြမ္းတံေတြးေတြနဲ႔ ႐ုပ္ဆိုးလွပါတယ္။ စားပါ။ ဒါေပမဲ့ ကြမ္းတံေတြးကို ေတြ႕ကရာမွာေတာ့ မေထြးေစခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ေနထိုင္ၾကတဲ့ ရပ္ကြက္၊ ၿမိဳ႕၊ ႏိုင္ငံကို သာယာလွပဖို႔ဆိုတာ ကၽြန္ေတာ္အပါအဝင္ ႏိုင္ငံသားအားလုံးမွာ တာဝန္ကိုယ္စီရွိပါတယ္။ စည္းကမ္းဆိုတာ လူရဲ႕ တန္ဖိုးပါ။ ဒီစကားေလးနဲ႔ ပတ္သတ္ၿပီးေတာ့ စာဖတ္သူေတြကို ကၽြန္ေတာ္ႀကဴံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေလးတစ္ခု ျပန္လည္ေဝမၽွေပးခ်င္ပါတယ္။

လြန္ခဲ့တဲ့ ရက္အနည္းငယ္က ကၽြန္ေတာ္ ရန္ကုန္ၿမိဳ႕ထဲက ေနရာတစ္ေနရာမွာ က်င္းပတဲ့ နိင္ငံရပ္ျခားအသိအမွတ္ျပဳစာေမးပြဲတစ္ခုကို ေရာက္သြားခဲ့တယ္။ လာေရာက္ ေျဖဆိုတဲ့ ေက်ာင္းသူေက်ာင္းသားမ်ားကလည္း အနည္းဆုံးတကၠသိုလ္ဝင္တန္းေအာင္ျမင္ထားတဲ့ သူေတြပဲျဖစ္ၾကပါတယ္။ အဝတ္အစားကိုလည္း သတ္မွတ္ထားတာမရွိတဲ့အတြက္ ေက်ာင္းသူေက်ာင္းသားေတြက ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အဝတ္အစားကို လြတ္လြတ္လပ္လပ္ဝင္ဆင္လာၾကပါတယ္။ စာေမးပြဲေျဖဆိုၾကမယ့္ ေက်ာင္းသူေက်ာင္းသားေတြက ေျဖဆိုခ်ိန္မေရာက္ေသးတဲ့အတြက္ ေက်ာင္းေကာ္ရစ္ဒါတစ္ေလၽွာက္မွာ စကားေျပာသူေျပာ၊ စာၾကည့္သူၾကည့္နဲ႔ အသီးသီး အလုပ္႐ႈပ္ေနၾကပါတယ္။ ကၽြန္ေတာ္လည္း မတ္တပ္ရပ္ေနရင္းနဲ႔ ေကာင္မေလးႏွစ္ေယာက္ လမ္းေလၽွာက္လာတာကို သတိထားမိလိုက္ပါတယ္။ ကၽြန္ေတာ့္အေရွ႕နားအေရာက္မွာေတာ့ ေကာင္မေလးတစ္ေယာက္က သူအသုံးျပဳၿပီးသား တစ္႐ႈးစကို လမ္းမေပၚကို လႊင့္ပစ္လိုက္ၿပီး ဆက္ေလၽွာက္သြားပါတယ္။ ကၽြန္ေတာ္ အံ့ဩသင့္ေနတဲ့အခ်ိန္မွာပဲ "ဪ လူေတြ လူေတြ ပညာတတ္ေပမဲ့ အသိစိတ္ကေတာ့ အဆင့္မျမင့္ပါလား" ဆိုတဲ့ အသံတစ္ခုထြက္ေပၚလာပါတယ္။ ကၽြန္ေတာ္လည္း အသံလာရာကိုၾကည့္လိုက္တဲ့အခါ သန္႔ရွင္းေရးအေဒၚႀကီးတစ္ေယာက္ျဖစ္ေနၿပီး ေစာနကမိန္းကေလးပစ္ထားခဲ့တဲ့ တစ္႐ႈးစကို ေကာက္ယူလိုက္ၿပီး အမႈိက္ပုံးထဲကို ထည့္လိုက္ပါတယ္။ ပတ္ဝန္းက်င္ကို တစ္ခ်က္လွမ္းၾကည့္လိုက္မိေတာ့ ေလၽွာက္လမ္းတစ္ေလၽွာက္မွာ အမႈိက္ပုံးေတြ ခ်ေပးထားတာေတြ႕လိုက္ရပါတယ္။

ဒီအျဖစ္အပ်က္ေလးေတြ႕ႀကဳံလိုက္ၿပီးတဲ့ေနာက္ ကၽြန္ေတာ့္စိတ္ထဲ အသိေလးတစ္ခုဝင္လာမိပါတယ္။ အတန္းပညာေတြတတ္လို႔ လူေတာ္တစ္ေယာက္ျဖစ္ေနနိင္ေပမဲ့ လူေကာင္းတစ္ေယာက္ျဖစ္ဖို႔ကေတာ့ ရရွိထားတဲ့ဘြဲ႕ေတြ၊ ဒီဂရီေတြနဲ႔တင္ မလုံေလာက္ပါဘူး။ အက်င့္စာရိတၱေကာင္းၿပီး စည္းကမ္းရွိဖို႔ကလည္း လိုအပ္ပါေသးတယ္။ အျခားႏိုင္ငံေတြကို အမီလိုက္ဖို႔၊ ေက်ာ္တက္ဖို႔ဆိုရင္ နည္းပညာေတြ တိုးတက္ေအာင္လုပ္ဖို႔ဆိုတာ ေနာက္ထားလိုက္ပါ။ အရင္ဦးဆုံး ႏိုင္ငံသားတစ္ဦးခ်င္းစီက စည္းကမ္းစနစ္ရွိေနဖို႔လိုအပ္ပါတယ္။ ဒါမွသာ ကၽြန္ေတာ္တို႔ေမၽွာ္လင့္ထားတဲ့ သာယာေနေပ်ာ္စရာေကာင္းတဲ့ႏိုင္ငံတစ္ခုအျဖစ္ကို အျမန္ဆုံးေရာက္ရွိႏိုင္မွာ ျဖစ္ပါတယ္။

သင့္ပတ္ဝန္းက်င္ အမႈိက္ကင္းစင္ၿပီး သာယာလွပေနဖို႔ သင့္မွာလည္း အျပည့္အဝတာဝန္ရွိတာကို မေမ့ပါနဲ႔။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Paradise (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
"သာကေတနဲ့ ပုဇွန်တောင်ကိုချိတ်ဆက်ပေးထားတဲ့ သာကေတ(ဒေါပုံ) တံတားအသစ်ကြီး ဘယ်လောက်တောင် ကောင်းလိုက်သလဲဗျာ...လမ်းမကြီးကိုဖြောင့်လို့ ကျယ်ကျယ်ဝန်းဝန်းနဲ့ အရင်ကလိုမျိုး ကားလမ်းပိတ်တဲ့ ပြဿနာတွေ မရှိတော့ဘူးနော်"

ဒီစကားတွေကို ကျွန်တော်တို့ အပြင်လောကမှာရော ဖေ့စ်ဘွတ်ခ် စတဲ့ ဆိုရှယ်မီဒီယာတွေမှာရော မကြာခဏဆိုသလို

ကြားနေရပါတယ်။ ပြောနေကြသလိုပဲ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး နေ့ချင်းညချင်းမှာ တံတားကြီးကို အခိုင်အမာတည်ဆောက်ထားတာပါ။ ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတဲ့အပြင် တံတားသစ်ကြီးကို အခုလိုမျိုး ဂုဏ်ယူဝင့်ကြွားစေတဲ့နောက်ကွယ်က အကြောင်းအရင်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ သန့်ရှင်းမှုပါ။ တံတားကို ဘယ်လောက်ပဲ အကုန်ကျခံပြီး အခိုင်အမာဖြစ်အောင် ဆောက်လုပ်ထားပါစေ သန့်ရှင်းသပ်ရပ်မှုမရှိဘဲ ပြီးစီးသွားမယ်ဆိုရင် အခုလိုမျိုး သတင်းကောင်းတွေ ချီးကျူးစကားတွေ ထွက်လာစရာမရှိပါဘူး။ တံတားအသစ်မို့ လောလောဆယ် သန့်ပြန့်နေတာမျိုးမဟုတ်ဘဲ အခုလိုမျိုး အမြဲတမ်း အမှိုက်သရိုက်မရှိဘဲ သန့်ရှင်းနေမယ်ဆိုရင် ဒီတံတားကြီးရဲ့ သတင်းက အမြဲတမ်း သင်းပျံနေအုံးမှာပါ။

ရန်ကုန်မြို့ရဲ့ လမ်းမတော်တော်များများက ကွမ်းတံတွေးတွေနဲ့ ရုပ်ဆိုးလှပါတယ်။ စားပါ။ ဒါပေမဲ့ ကွမ်းတံတွေးကို တွေ့ကရာမှာတော့ မထွေးစေချင်ပါဘူး။ ကျွန်တော်တို့နေထိုင်ကြတဲ့ ရပ်ကွက်၊ မြို့၊ နိုင်ငံကို သာယာလှပဖို့ဆိုတာ ကျွန်တော်အပါအဝင် နိုင်ငံသားအားလုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။ စည်းကမ်းဆိုတာ လူရဲ့ တန်ဖိုးပါ။ ဒီစကားလေးနဲ့ ပတ်သတ်ပြီးတော့ စာဖတ်သူတွေကို ကျွန်တော်ကြူံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခု ပြန်လည်ဝေမျှပေးချင်ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ရန်ကုန်မြို့ထဲက နေရာတစ်နေရာမှာ ကျင်းပတဲ့ နိင်ငံရပ်ခြားအသိအမှတ်ပြုစာမေးပွဲတစ်ခုကို ရောက်သွားခဲ့တယ်။ လာရောက် ဖြေဆိုတဲ့ ကျောင်းသူကျောင်းသားများကလည်း အနည်းဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ သူတွေပဲဖြစ်ကြပါတယ်။ အဝတ်အစားကိုလည်း သတ်မှတ်ထားတာမရှိတဲ့အတွက် ကျောင်းသူကျောင်းသားတွေက ကိုယ်ကြိုက်နှစ်သက်တဲ့ အဝတ်အစားကို လွတ်လွတ်လပ်လပ်ဝင်ဆင်လာကြပါတယ်။ စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေက ဖြေဆိုချိန်မရောက်သေးတဲ့အတွက် ကျောင်းကော်ရစ်ဒါတစ်လျှောက်မှာ စကားပြောသူပြော၊ စာကြည့်သူကြည့်နဲ့ အသီးသီး အလုပ်ရှုပ်နေကြပါတယ်။ ကျွန်တော်လည်း မတ်တပ်ရပ်နေရင်းနဲ့ ကောင်မလေးနှစ်ယောက် လမ်းလျှောက်လာတာကို သတိထားမိလိုက်ပါတယ်။ ကျွန်တော့်အရှေ့နားအရောက်မှာတော့ ကောင်မလေးတစ်ယောက်က သူအသုံးပြုပြီးသား တစ်ရှုးစကို လမ်းမပေါ်ကို လွှင့်ပစ်လိုက်ပြီး ဆက်လျှောက်သွားပါတယ်။ ကျွန်တော် အံ့ဩသင့်နေတဲ့အချိန်မှာပဲ "ဪ လူတွေ လူတွေ ပညာတတ်ပေမဲ့ အသိစိတ်ကတော့ အဆင့်မမြင့်ပါလား" ဆိုတဲ့ အသံတစ်ခုထွက်ပေါ်လာပါတယ်။ ကျွန်တော်လည်း အသံလာရာကိုကြည့်လိုက်တဲ့အခါ သန့်ရှင်းရေးအဒေါ်ကြီးတစ်ယောက်ဖြစ်နေပြီး စောနကမိန်းကလေးပစ်ထားခဲ့တဲ့ တစ်ရှုးစကို ကောက်ယူလိုက်ပြီး အမှိုက်ပုံးထဲကို ထည့်လိုက်ပါတယ်။ ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်မိတော့ လျှောက်လမ်းတစ်လျှောက်မှာ အမှိုက်ပုံးတွေ ချပေးထားတာတွေ့လိုက်ရပါတယ်။

ဒီအဖြစ်အပျက်လေးတွေ့ကြုံလိုက်ပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲ အသိလေးတစ်ခုဝင်လာမိပါတယ်။ အတန်းပညာတွေတတ်လို့ လူတော်တစ်ယောက်ဖြစ်နေနိင်ပေမဲ့ လူကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ ရရှိထားတဲ့ဘွဲ့တွေ၊ ဒီဂရီတွေနဲ့တင် မလုံလောက်ပါဘူး။ အကျင့်စာရိတ္တကောင်းပြီး စည်းကမ်းရှိဖို့ကလည်း လိုအပ်ပါသေးတယ်။ အခြားနိုင်ငံတွေကို အမီလိုက်ဖို့၊ ကျော်တက်ဖို့ဆိုရင် နည်းပညာတွေ တိုးတက်အောင်လုပ်ဖို့ဆိုတာ နောက်ထားလိုက်ပါ။ အရင်ဦးဆုံး နိုင်ငံသားတစ်ဦးချင်းစီက စည်းကမ်းစနစ်ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့မျှော်လင့်ထားတဲ့ သာယာနေပျော်စရာကောင်းတဲ့နိုင်ငံတစ်ခုအဖြစ်ကို အမြန်ဆုံးရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

သင့်ပတ်ဝန်းကျင် အမှိုက်ကင်းစင်ပြီး သာယာလှပနေဖို့ သင့်မှာလည်း အပြည့်အဝတာဝန်ရှိတာကို မမေ့ပါနဲ့။
ဖိုးသူတော် (www.phothutaw.com)
Credit:Paradise (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top