မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေမြးျမဴေရးကန္တစ္ခုမွ ဆယ္ယူထားေသာ ငါးမ်ား (ဓာတ္ပံု − ေက်ာ္ဇင္သန္း)

 ျပည္တြင္းေရခ်ဳိငါးမ်ား ျဖစ္သည့္ ငါးျမစ္ခ်င္း၊ ငါးၾကင္း ျဖဴ၊ ငါးေခါင္းပြ ငါးမ်ား၏ အ ေၾကးခံြမ်ားကို တစ္လလွ်င္ တန္ ၅၀ ၀ယ္ယူရန္ ထုိင္းႏုိင္ငံက ကမ္းလွမ္းလာေၾကာင္း ျမန္မာႏုိင္ငံ ငါး လုပ္ငန္းအဖဲြ႕ခ်ဳပ္အေထြေထြ အ တြင္းေရးမွဴး ဦး၀င္းႀကိဳင္က ေျပာသည္။

ယင္းငါးအေၾကးခံြမ်ားကို အမႈန္႔ႀကိတ္ကာ ငါးစာအျဖစ္ ျပန္ လည္အသုံးျပဳရန္ စက္တင္ဘာ  ၁၀ ရက္က လာေရာက္၀ယ္ယူ ျခင္းျဖစ္ၿပီး လက္ရွိတြင္ ကီလိုငါးေထာင္ေရာင္းခ်ၿပီး ျဖစ္ေၾကာင္း ၎ကဆုိသည္။

‘‘ဒါက ငါးေမြးျမဴေရး လုပ္ ငန္းရွင္ေတြအတြက္ သတင္း ေကာင္းပါ။ ငါးအေၾကးခံြကို ေရ သုံးထပ္ေလာက္ေဆးၿပီးေနလွန္း၊  ရလာတဲ့ ငါးအေၾကးခံြကို ျပန္ ေရာင္း႐ုံပဲ။ ဒီဘက္က ေပးႏုိင္ မယ္ဆုိရင္ တစ္လကို တန္ ၅၀ ေလာက္ထိ ပုံမွန္၀ယ္မယ္ေျပာ တယ္။ ပုလင္းခံြ၊ ဘူးခံြေတြစုၿပီး ေရာင္းသလို အပို၀င္ေငြရေအာင္ အေၾကးခံြေတြကိုစုၿပီး ေရာင္းေစခ်င္ပါတယ္’’ ဟု ဦး၀င္းႀကိဳင္က ေျပာသည္။

အ၀ါေရာင္ေပါက္ေနသည့္ ငါးအေၾကးခံြအေျခာက္မ်ားထက္ အျဖဴေရာင္ငါးအေၾကးခံြမ်ားကို သာ ၀ယ္ယူရန္ ထုိင္း၀ယ္လက္ မ်ားက ဆႏၵရွိေနၿပီး တစ္ကီလို လွ်င္ ၀ ဒသမ ၈ ေဒၚလာျဖင့္ ၀ယ္ ယူေနေၾကာင္း ၎ကဆုိသည္။

‘‘ငါးေဘးထြက္ပစၥည္းျဖစ္ တဲ့ ငါးအေၾကးခံြေတြကို ထုိင္း ႏုိင္ငံက ၀ယ္ယူတယ္ဆိုေတာ့ ငါး လုပ္ငန္းရွင္ေတြ ေဘးကေန ၀င္ ေငြအပိုရရွိလာမွာပါ’’ ဟု ငါးေမြး ျမဴေရး လုပ္ငန္းရွင္မ်ားအသင္း ဘ႑ာေရးမွဴး (၁)ဦးေဇာ္လင္းက ေျပာသည္။ ထို႔ျပင္ ဂ်ပန္ႏုိင္ငံက  တီလားဗီးယားငါးအေၾကးခံြမ်ားမွ ထြက္ရွိသည့္ ေကာ္လာဂ်င္ဓာတ္သည္ အသားအေရအတြက္ အက်ဳိးျပဳသျဖင့္ အသားအေရ လိမ္းေဆးေဖာ္စပ္ရာတြင္ အသုံးျပဳရန္ ယင္းငါးအေၾကးခံြမ်ား ၀ယ္ယူလုိေၾကာင္း စက္တင္ဘာ ၇ ရက္က ကမ္းလွမ္းေၾကာင္း ဦး၀င္းႀကိဳင္က ေျပာသည္။

ျပည္တြင္း၌ တီလားဗီးယားငါးကို အလုံးအရင္း ေမြးျမဴျခင္းမရွိသျဖင့္ ငါးအေၾကးခံြရရွိရန္ ခက္ခဲေၾကာင္းႏွင့္ ျပည္တြင္းက ေရာင္းခ်ႏုိင္သည့္ ငါးျမစ္ခ်င္း၊  ငါးၾကင္းျဖဴ၊ ငါးေခါင္းပြငါးမ်ား၏ အေၾကးခံြကို နမူနာအျဖစ္ ေပးထားေၾကာင္း ၎ကေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မွေးမြူရေးကန်တစ်ခုမှ ဆယ်ယူထားသော ငါးများ (ဓာတ်ပုံ − ကျော်ဇင်သန်း)

 ပြည်တွင်းရေချိုငါးများ ဖြစ်သည့် ငါးမြစ်ချင်း၊ ငါးကြင်း ဖြူ၊ ငါးခေါင်းပွ ငါးများ၏ အ ကြေးခွံများကို တစ်လလျှင် တန် ၅၀ ဝယ်ယူရန် ထိုင်းနိုင်ငံက ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်အထွေထွေ အ တွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ယင်းငါးအကြေးခွံများကို အမှုန့်ကြိတ်ကာ ငါးစာအဖြစ် ပြန် လည်အသုံးပြုရန် စက်တင်ဘာ  ၁၀ ရက်က လာရောက်ဝယ်ယူ ခြင်းဖြစ်ပြီး လက်ရှိတွင် ကီလိုငါးထောင်ရောင်းချပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ဒါက ငါးမွေးမြူရေး လုပ် ငန်းရှင်တွေအတွက် သတင်း ကောင်းပါ။ ငါးအကြေးခွံကို ရေ သုံးထပ်လောက်ဆေးပြီးနေလှန်း၊  ရလာတဲ့ ငါးအကြေးခွံကို ပြန် ရောင်းရုံပဲ။ ဒီဘက်က ပေးနိုင် မယ်ဆိုရင် တစ်လကို တန် ၅၀ လောက်ထိ ပုံမှန်ဝယ်မယ်ပြော တယ်။ ပုလင်းခွံ၊ ဘူးခွံတွေစုပြီး ရောင်းသလို အပိုဝင်ငွေရအောင် အကြေးခွံတွေကိုစုပြီး ရောင်းစေချင်ပါတယ်’’ ဟု ဦးဝင်းကြိုင်က ပြောသည်။

အဝါရောင်ပေါက်နေသည့် ငါးအကြေးခွံအခြောက်များထက် အဖြူရောင်ငါးအကြေးခွံများကို သာ ဝယ်ယူရန် ထိုင်းဝယ်လက် များက ဆန္ဒရှိနေပြီး တစ်ကီလို လျှင် ၀ ဒသမ ၈ ဒေါ်လာဖြင့် ဝယ် ယူနေကြောင်း ၎င်းကဆိုသည်။

‘‘ငါးဘေးထွက်ပစ္စည်းဖြစ် တဲ့ ငါးအကြေးခွံတွေကို ထိုင်း နိုင်ငံက ဝယ်ယူတယ်ဆိုတော့ ငါး လုပ်ငန်းရှင်တွေ ဘေးကနေ ဝင် ငွေအပိုရရှိလာမှာပါ’’ ဟု ငါးမွေး မြူရေး လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး (၁)ဦးဇော်လင်းက ပြောသည်။ ထို့ပြင် ဂျပန်နိုင်ငံက  တီလားဗီးယားငါးအကြေးခွံများမှ ထွက်ရှိသည့် ကော်လာဂျင်ဓာတ်သည် အသားအရေအတွက် အကျိုးပြုသဖြင့် အသားအရေ လိမ်းဆေးဖော်စပ်ရာတွင် အသုံးပြုရန် ယင်းငါးအကြေးခွံများ ဝယ်ယူလိုကြောင်း စက်တင်ဘာ ၇ ရက်က ကမ်းလှမ်းကြောင်း ဦးဝင်းကြိုင်က ပြောသည်။

ပြည်တွင်း၌ တီလားဗီးယားငါးကို အလုံးအရင်း မွေးမြူခြင်းမရှိသဖြင့် ငါးအကြေးခွံရရှိရန် ခက်ခဲကြောင်းနှင့် ပြည်တွင်းက ရောင်းချနိုင်သည့် ငါးမြစ်ချင်း၊  ငါးကြင်းဖြူ၊ ငါးခေါင်းပွငါးများ၏ အကြေးခွံကို နမူနာအဖြစ် ပေးထားကြောင်း ၎င်းကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top