ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အေမရိကန္ရဲ႕ အခြန္တိုးေကာက္မႈကို လက္တုံ႔ျပန္မယ္လို႔ တ႐ုတ္ေျပာအေမရိကန္ရဲ႕အခြန္တိုးေကာက္မႈေတြနဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံက လက္တုံျပန္သြားမွာျဖစ္ေၾကာင္း တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေျပာၾကားလိုက္ပါတယ္။ အေမရိကန္ႏိုင္ငံဟာ ႏိုင္ငံထဲကိုတင္ပို႔ေနတဲ့

အေမရိကန္ေဒၚလာ ၂၀၀ ဘီလီယံတန္ဖိုးရွိ တ႐ုတ္ကုန္စည္ေတြကို စက္တင္ဘာ ၁၈ ရက္ေန႔ကစကာ အခြန္တိုးေကာက္ဖို႔သတ္မွတ္ခဲ့ပါတယ္။ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက အေမရိကန္ရဲ႕ ဆုံးျဖတ္ခ်က္ေတြအတြက္ စိတ္ပ်က္ရတယ္လို႔ ဆိုခဲ့ပါတယ္။


တ႐ုတ္ ေျပာေရးဆိုခြင့္ရွိသူ ကမၻာကုန္သြယ္ေရးလြတ္လပ္မႈ၊ တ႐ုတ္ႏိုင္ငံအက်ိဳးစီးပြားနဲ႔အခြင့္အေရးေတြအတြက္ အေမရိကန္ကို တုံ႔ျပန္သြားမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံဟာ တ႐ုတ္ကတင္ပို႔တဲ့ ကုန္ပစၥည္းေတြကို စက္တင္ဘာ၂၄ ရက္မွာ စတင္အခြန္ေကာက္မွာျဖစ္ၿပီး အခုႏွစ္အတြင္း ၁၀ ရာခိုင္ႏႈန္း ေကာက္မွာျဖစ္ပါတယ္။ အေမရိကန္ နဲ႔ တ႐ုတ္ၾကား သေဘာတူညီမႈမရခဲ့ရင္ လာမယ့္ႏွစ္အစပိုင္းမွာ ၂၅ ရာခိုင္ႏႈန္း ေကာက္မွာလည္း ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာေရးဆိုခြင့္ရွိသူက အေမရိကန္ရဲ႕အခြန္တိုးေကာက္တဲ့လုပ္ရပ္ဟာ ေကာင္းမြန္တဲ့စိတ္ဆႏၵသေဘာထား မရွိဘူးဆိုတာကို ျပသတာျဖစ္ေၾကာင္း၊ ကုန္သြယ္ေရးအျငင္းပြားမႈေတြကို ေျဖရွင္းဖို႔ အျပန္လွန္ေလးစားမႈ၊ တန္းတူညီမၽွေစမယ့္ အေျခခံအေၾကာင္းအရင္းေတြကိုအေျခခံကာ ေဆြးေႏြးေျဖရွင္းရမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ အေမရိကန္ရဲ႕ အခြန္တိုးေကာက္မႈေတြဟာ တ႐ုတ္နဲဲဲဲ႔ အေမရိကန္ ၾကား ကုန္သြယ္ေရးအျငင္းပြားေနတာကို ျပန္လည္ေဆြးေႏြးဖို႔အတြက္ ထိခိုက္လာဖြယ္ ရွိေနပါတယ္။


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက အေမရိကန္ရဲ႕လုပ္ရပ္ဟာ ကမၻာကုန္သြယ္ေရးလြတ္လပ္မႈသတ္မွတ္ခ်က္ေတြကို ေစာင့္ထိန္းတာမဟုတ္ေၾကာင္း၊ အခုလိုမ်ိဳး အခြန္တိုးေကာက္မႈက အျပန္လွန္ေဆြးေႏြးမႈေတြကို ျဖစ္လာေစဖို႔ မေသခ်ာေတာ့ေၾကာင္း ေျပာခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို လက်တုံ့ပြန်မယ်လို့ တရုတ်ပြောအမေရိကန်ရဲ့အခွန်တိုးကောက်မှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက လက်တုံပြန်သွားမှာဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ နိုင်ငံထဲကိုတင်ပို့နေတဲ့

အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်တွေကို စက်တင်ဘာ ၁၈ ရက်နေ့ကစကာ အခွန်တိုးကောက်ဖို့သတ်မှတ်ခဲ့ပါတယ်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် စိတ်ပျက်ရတယ်လို့ ဆိုခဲ့ပါတယ်။



တရုတ် ပြောရေးဆိုခွင့်ရှိသူ ကမ္ဘာကုန်သွယ်ရေးလွတ်လပ်မှု၊ တရုတ်နိုင်ငံအကျိုးစီးပွားနဲ့အခွင့်အရေးတွေအတွက် အမေရိကန်ကို တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ တရုတ်ကတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို စက်တင်ဘာ၂၄ ရက်မှာ စတင်အခွန်ကောက်မှာဖြစ်ပြီး အခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်း ကောက်မှာဖြစ်ပါတယ်။ အမေရိကန် နဲ့ တရုတ်ကြား သဘောတူညီမှုမရခဲ့ရင် လာမယ့်နှစ်အစပိုင်းမှာ ၂၅ ရာခိုင်နှုန်း ကောက်မှာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့အခွန်တိုးကောက်တဲ့လုပ်ရပ်ဟာ ကောင်းမွန်တဲ့စိတ်ဆန္ဒသဘောထား မရှိဘူးဆိုတာကို ပြသတာဖြစ်ကြောင်း၊ ကုန်သွယ်ရေးအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အပြန်လှန်လေးစားမှု၊ တန်းတူညီမျှစေမယ့် အခြေခံအကြောင်းအရင်းတွေကိုအခြေခံကာ ဆွေးနွေးဖြေရှင်းရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ အခွန်တိုးကောက်မှုတွေဟာ တရုတ်နဲဲ့ အမေရိကန် ကြား ကုန်သွယ်ရေးအငြင်းပွားနေတာကို ပြန်လည်ဆွေးနွေးဖို့အတွက် ထိခိုက်လာဖွယ် ရှိနေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့လုပ်ရပ်ဟာ ကမ္ဘာကုန်သွယ်ရေးလွတ်လပ်မှုသတ်မှတ်ချက်တွေကို စောင့်ထိန်းတာမဟုတ်ကြောင်း၊ အခုလိုမျိုး အခွန်တိုးကောက်မှုက အပြန်လှန်ဆွေးနွေးမှုတွေကို ဖြစ်လာစေဖို့ မသေချာတော့ကြောင်း ပြောခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top