iMyanmarHouse.com - Best Property Website for Myanmar
×

တီဗီၾကည့္တဲ့အခါ သင့္မ်က္လုံး တမိနစ္ကို ဘယ္ႏွႀကိမ္ေလာက္ခတ္တယ္လို႔ ထင္ပါလဲ။ ပညာရွင္ေတြကေတာ့ ၁ မိနစ္ကို အနည္းဆုံး ၁၅ ႀကိမ္ကေန အႀကိမ္ ၂၀ ခတ္တဲ့သူေတြက မ်က္ရည္ခမ္းေျခာက္မႈကင္းေဝးၿပီး က်န္းမာတဲ့ အျမင္အာ႐ုံရွိသူပါတဲ့။

တီဗီၾကည့္ေနတဲ့အခ်ိန္ ကြန္ပ်ဴတာလည္းသုံးေနမယ္၊ ဖုန္းလည္း မလြတ္တမ္းပြတ္ေနဦးမယ္ဆိုရင္ အျမင္အာ႐ုံ အားေလ်ာ့က်လာၿပီး ၁ မိနစ္ကို ၄ ႀကိမ္ခြဲေလာက္ပဲ ခတ္ႏိုင္ပါေတာ့တယ္။ တကယ္ေတာ့ မ်က္ေတာင္အႀကိမ္ ေရမ်ားမ်ားခတ္ႏိုင္ေလ မ်က္လုံးထဲက အမႈန္အမႊားေတြ ကင္းစင္ၿပီး အျမင္အာ႐ုံပိုၾကည္ေစေလပါ။

မ်က္ေတာင္တခ်က္ခတ္လိုက္တိုင္း မ်က္လုံးက စကၠန႔္အနည္းငယ္ ပိတ္သြားၿပီး အရည္ေတြထြက္လာကာ မ်က္လုံးကို အရည္ဓာတ္ရေစတာပါ။ ဒါေၾကာင့္ သင့္မ်က္လုံးက ၁ မိနစ္ကို မ်က္ေတာင္ခတ္ခ်ိန္နည္းသြားေလ မ်က္ရည္ခမ္း ေျခာက္ေလ ျဖစ္တာပါ။ စာတပုဒ္ကို အာ႐ုံစူးစိုက္ဖတ္ေနမိတဲ့အခ်ိန္၊ သခ်ၤာပုဒ္စာတပုဒ္ကို စဥ္းစား တြက္ခ်က္ေနခ်ိန္၊ စာေရးေနခ်ိန္မွာ မ်က္ေတာင္ခတ္ဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။

အီလက္ထေရာနစ္ကိရိယာတခုခုကို အာ႐ုံစူးစိုက္မိေနတဲ့အခါမ်ိဳးမွာလည္း မ်က္ေတာင္ခတ္ဖို႔ ေမ့ေလ်ာ့ေနတတ္ၿပီး ပုံမွန္ခတ္သင့္တဲ့အႀကိမ္အေရအတြက္ထက္ ထက္ဝက္ေလာက္ေလ်ာ့နည္းသြားတာမို႔ မ်က္ရည္ခမ္း ေျခာက္ျခင္းလို မ်က္လုံးေဝဒနာေတြ ခံစားလာရပါတယ္။ မ်က္လုံးအရည္ဓာတ္ျပည့္ဝေနဖို႔ဆိုရင္ ၁ မိနစ္ကို အနည္းဆုံး ၁၅ ႀကိမ္ကေန အႀကိမ္ ၃၀ ေလာက္ထိ ခတ္ၾကဖို႔ တိုက္တြန္းထားပါတယ္။

မ်က္လုံးမွာ မ်က္ရည္ခမ္းေျခာက္ျခင္း၊ မၾကာခဏယားယံတာေတြက မ်က္ေတာင္ ပုံမွန္မခတ္ျခင္းရဲ႕ အဓိက အေၾကာင္းရင္း ေတြပါ။ ေနာက္ထပ္ ပိုဆိုးလာရင္ မ်က္ရည္ဂလန္းကို ပိတ္ဆို႔သြားၿပီး မ်က္ရည္မထြက္ေတာ့တဲ့ ထိေတာင္ ျဖစ္သြား ႏိုင္ပါတယ္။

အျမင္အာ႐ုံၾကည္လင္ေစၿပီး မ်က္ရည္ခမ္းေျခာက္ျခင္း၊ ယားယံျခင္းမ်ိဳးမျဖစ္ေအာင္ မ်က္ေတာင္မၾကာခဏခတ္ ေပးသင့္သလို အီလက္ထေရာနစ္ပစၥည္းေတြ (တီဗီ၊ ကြန္ပ်ဴတာ၊ ဖုန္း၊ စသျဖင့္) ေတြကို တၿပိဳင္တည္းသုံးျခင္း ကို ေရွာင္ရွားသင့္ပါတယ္။ တကယ္လို႔ မ်က္လုံးအေျခအေနပိုးဆိုးလာရင္ ကြၽမ္းက်င္တဲ့ မ်က္စိဆရာဝန္နဲ႔ ျပသ သင့္သလို မ်က္လုံးမွာ စိုစြတ္ေနေအာင္ ေန႔စဥ္ မ်က္စဥ္းခတ္ျခင္းမ်ိဳး လုပ္ေပးသင့္ပါတယ္။

အျမင္အာ႐ုံေကာင္းေအာင္ အားျဖည့္ေပးမယ့္ ထိပ္တန္းအစားအစာေတြကေတာ့ ငါးအမ်ိဳးမ်ိဳး၊ အခြံမာသီးနဲ႔ ပဲေတာင့္ရွည္၊ အေစ့အဆန္မ်ား၊ ဗီတာမင္စီ ေပါႂကြယ္ဝတဲ့ အခ်ဥ္ဓာတ္အသီးမ်ား၊ အစိမ္းေရာင္အသီးအ႐ြက္မ်ား၊ မုန္လာဥနီ၊ ကန္စြန္းဥ၊ အမဲသား၊ ဥအမ်ိဳးမ်ိဳးနဲ႔ ေရ အလုံအေလာက္ေသာက္ေပးဖို႔ လိုအပ္ပါတယ္။

Ref: Alkaline Diet

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy
# Unicode Version ျဖင့္ ဖတ္ပါ #
တီဗီကြည့်တဲ့အခါ သင့်မျက်လုံး တမိနစ်ကို ဘယ်နှကြိမ်လောက်ခတ်တယ်လို့ ထင်ပါလဲ။ ပညာရှင်တွေကတော့ ၁ မိနစ်ကို အနည်းဆုံး ၁၅ ကြိမ်ကနေ အကြိမ် ၂၀ ခတ်တဲ့သူတွေက မျက်ရည်ခမ်းခြောက်မှုကင်းဝေးပြီး ကျန်းမာတဲ့ အမြင်အာရုံရှိသူပါတဲ့။

တီဗီကြည့်နေတဲ့အချိန် ကွန်ပျူတာလည်းသုံးနေမယ်၊ ဖုန်းလည်း မလွတ်တမ်းပွတ်နေဦးမယ်ဆိုရင် အမြင်အာရုံ အားလျော့ကျလာပြီး ၁ မိနစ်ကို ၄ ကြိမ်ခွဲလောက်ပဲ ခတ်နိုင်ပါတော့တယ်။ တကယ်တော့ မျက်တောင်အကြိမ် ရေများများခတ်နိုင်လေ မျက်လုံးထဲက အမှုန်အမွှားတွေ ကင်းစင်ပြီး အမြင်အာရုံပိုကြည်စေလေပါ။

မျက်တောင်တချက်ခတ်လိုက်တိုင်း မျက်လုံးက စက္ကန့်အနည်းငယ် ပိတ်သွားပြီး အရည်တွေထွက်လာကာ မျက်လုံးကို အရည်ဓာတ်ရစေတာပါ။ ဒါကြောင့် သင့်မျက်လုံးက ၁ မိနစ်ကို မျက်တောင်ခတ်ချိန်နည်းသွားလေ မျက်ရည်ခမ်း ခြောက်လေ ဖြစ်တာပါ။ စာတပုဒ်ကို အာရုံစူးစိုက်ဖတ်နေမိတဲ့အချိန်၊ သင်္ချာပုဒ်စာတပုဒ်ကို စဉ်းစား တွက်ချက်နေချိန်၊ စာရေးနေချိန်မှာ မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

အီလက်ထရောနစ်ကိရိယာတခုခုကို အာရုံစူးစိုက်မိနေတဲ့အခါမျိုးမှာလည်း မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ပြီး ပုံမှန်ခတ်သင့်တဲ့အကြိမ်အရေအတွက်ထက် ထက်ဝက်လောက်လျော့နည်းသွားတာမို့ မျက်ရည်ခမ်း ခြောက်ခြင်းလို မျက်လုံးဝေဒနာတွေ ခံစားလာရပါတယ်။ မျက်လုံးအရည်ဓာတ်ပြည့်ဝနေဖို့ဆိုရင် ၁ မိနစ်ကို အနည်းဆုံး ၁၅ ကြိမ်ကနေ အကြိမ် ၃၀ လောက်ထိ ခတ်ကြဖို့ တိုက်တွန်းထားပါတယ်။

မျက်လုံးမှာ မျက်ရည်ခမ်းခြောက်ခြင်း၊ မကြာခဏယားယံတာတွေက မျက်တောင် ပုံမှန်မခတ်ခြင်းရဲ့ အဓိက အကြောင်းရင်း တွေပါ။ နောက်ထပ် ပိုဆိုးလာရင် မျက်ရည်ဂလန်းကို ပိတ်ဆို့သွားပြီး မျက်ရည်မထွက်တော့တဲ့ ထိတောင် ဖြစ်သွား နိုင်ပါတယ်။

အမြင်အာရုံကြည်လင်စေပြီး မျက်ရည်ခမ်းခြောက်ခြင်း၊ ယားယံခြင်းမျိုးမဖြစ်အောင် မျက်တောင်မကြာခဏခတ် ပေးသင့်သလို အီလက်ထရောနစ်ပစ္စည်းတွေ (တီဗီ၊ ကွန်ပျူတာ၊ ဖုန်း၊ စသဖြင့်) တွေကို တပြိုင်တည်းသုံးခြင်း ကို ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ မျက်လုံးအခြေအနေပိုးဆိုးလာရင် ကျွမ်းကျင်တဲ့ မျက်စိဆရာဝန်နဲ့ ပြသ သင့်သလို မျက်လုံးမှာ စိုစွတ်နေအောင် နေ့စဉ် မျက်စဉ်းခတ်ခြင်းမျိုး လုပ်ပေးသင့်ပါတယ်။

အမြင်အာရုံကောင်းအောင် အားဖြည့်ပေးမယ့် ထိပ်တန်းအစားအစာတွေကတော့ ငါးအမျိုးမျိုး၊ အခွံမာသီးနဲ့ ပဲတောင့်ရှည်၊ အစေ့အဆန်များ၊ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ အချဉ်ဓာတ်အသီးများ၊ အစိမ်းရောင်အသီးအရွက်များ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အမဲသား၊ ဥအမျိုးမျိုးနဲ့ ရေ အလုံအလောက်သောက်ပေးဖို့ လိုအပ်ပါတယ်။

Ref: Alkaline Diet

ဖိုးသူတော် (www.phothutaw.com)
Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top