ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×



BoB ႏွင့္ပတ္သက္၍ သက္ေရာက္ႏိုင္မႈမ်ားအေပၚ ေဆြးေႏြးပြဲကို မူဆယ္ၿမိဳ႕တြင္ က်င္းပေနစဥ္ (ဓာတ္ပံု − ျပည္သိမ္း)

 ျမန္မာ-တ႐ုတ္စီးပြား ေရး စႀကႍလမ္း အေကာင္အထည္ ေဖာ္ရာတြင္ စီးပြားေရးအရ လႊမ္း မိုးမႈေၾကာင့္ နစ္နာမႈမ်ားရွိႏိုင္ သည္ကို သတိထားေဆာင္ရြက္ ရန္ ေမခေဆာင္ေဖာင္ေဒးရွင္း နာယကအခ်ိဳ႕က ေျပာသည္။

ကမၻာ့စီးပြားေရး ဒုတိယအင္ အားအႀကီးဆံုးႏိုင္ငံတစ္ႏုိင္ငံျဖစ္ ၿပီး စီးပြားေရး လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံအမ်ားစု၏ သံ သယရွိေနေသာ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္ရြက္ရာတြင္ ျမန္မာႏိုင္ငံ အေနျဖင့္ နစ္နာမႈမရွိ ေစရန္ သတိထားရမည္ဟု ဆို သည္။

‘‘ကိုယ့္အတြက္ အခြင့္အ လမ္းရေအာင္ ဉာဏ္ႀကီးႀကီးနဲ႔ စဥ္းစားလုပ္ကိုင္မွ အဆင္ေျပ မယ္’’ ဟု စီးပြားေရးတကၠသိုလ္မွ ဖြဲ႕စည္းထားေသာ ေမခေဆာင္ ေဖာင္ေဒးရွင္း နာယက ေဒါက္ တာျမင့္ဆန္းက ေျပာသည္။

တ႐ုတ္-ျမန္မာ စႀကႍလမ္း ႏွင့္ပတ္သက္၍ အခြင့္အေရးႏွင့္ စိန္ေခၚမႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိႏိုင္ရန္ ရန္ကုန္စီးပြားေရး တကၠသိုလ္၏ ေမခေဆာင္ေဖာင္ ေဒးရွင္းက ဦးေဆာင္သည့္ စီးပြား ေရးဖိုရမ္ကို မူဆယ္ၿမိဳ႕တြင္ စက္တင္ဘာ ၂၂ ရက္က ျပဳလုပ္ ခဲ့သည္။

 ျမန္မာ့စီးပြားေရးအေပၚတ႐ုတ္ႏိုင္ငံ၏ ရပ္ဝန္းတစ္ခု၊ လမ္းေၾကာင္းတစ္ခု (OBOR)အက်ိဳးသက္ေရာက္မႈ ေခါင္းစဥ္ ျဖင့္ စီးပြားေရးဖိုရမ္ကို တ႐ုတ္- ျမန္မာပူးေပါင္းကူညီဆက္ဆံေရး ဗဟိုအသင္းႏွင့္ မူဆယ္နန္႔ခမ္း နယ္စပ္ကုန္သြယ္ေရးအသင္းတို႔ ပူးေပါင္း ေဆာင္ရြက္ျခင္းျဖစ္ သည္။

ျမန္မာ-တ႐ုတ္ စႀကႍလမ္း ႏွင့္ပတ္သက္၍ နယ္စပ္စီးပြားေရး ဇုန္မ်ား ပါဝင္ေနျခင္းက ျမန္မာ ႏိုင္ငံအတြက္ အခြင့္အလမ္းတစ္ခု ျဖစ္သည္ဟု ေဒါက္တာျမင့္ဆန္း က ေျပာသည္။

တ႐ုတ္အစိုးရ၏ ရပ္ဝန္း တစ္ခု၊ လမ္းေၾကာင္းတစ္ခု ရည္ရြယ္ခ်က္ကိုလည္း တက္ဟုန္းျပည္နယ္ခြဲ တ႐ုတ္-ျမန္မာ ေရးရာသုေတသနဌာန ဒုတိယဌာနမွဴး Mr.Duan Xiao Dong ကေဆြးေႏြးသည္။

စႀကႍလမ္းႏွင့္ပတ္သက္ၿပီး ႏွစ္ႏုိင္ငံကုန္သြယ္ေရးတြင္ အခြင့္ အလမ္းႏွင့္စိန္ေခၚမႈကို ျမန္မာ ႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ အႀကံေပး ဦးျမင့္ေအာင္ကရွင္းျပခဲ့ သည္။

‘‘သတင္း အခ်က္အလက္ ေတြကို မွန္မွန္ကန္ကန္ခ်ျပဖို႔ ဒီဖို ရမ္ကို က်င္းပတာျဖစ္တယ္’’ ဟု ေမခေဆာင္ေဖာင္ေဒးရွင္းနာယ က ဦးေဇာ္သန္းက ရည္ရြယ္ခ်က္ ကို ေျပာျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
BoB နှင့်ပတ်သက်၍ သက်ရောက်နိုင်မှုများအပေါ် ဆွေးနွေးပွဲကို မူဆယ်မြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ − ပြည်သိမ်း)

 မြန်မာ-တရုတ်စီးပွား ရေး စြင်္ကံလမ်း အကောင်အထည် ဖော်ရာတွင် စီးပွားရေးအရ လွှမ်း မိုးမှုကြောင့် နစ်နာမှုများရှိနိုင် သည်ကို သတိထားဆောင်ရွက် ရန် မေခဆောင်ဖောင်ဒေးရှင်း နာယကအချို့က ပြောသည်။

ကမ္ဘာ့စီးပွားရေး ဒုတိယအင် အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ် ပြီး စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံအများစု၏ သံ သယရှိနေသော တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် နစ်နာမှုမရှိ စေရန် သတိထားရမည်ဟု ဆို သည်။

‘‘ကိုယ့်အတွက် အခွင့်အ လမ်းရအောင် ဉာဏ်ကြီးကြီးနဲ့ စဉ်းစားလုပ်ကိုင်မှ အဆင်ပြေ မယ်’’ ဟု စီးပွားရေးတက္ကသိုလ်မှ ဖွဲ့စည်းထားသော မေခဆောင် ဖောင်ဒေးရှင်း နာယက ဒေါက် တာမြင့်ဆန်းက ပြောသည်။

တရုတ်-မြန်မာ စြင်္ကံလမ်း နှင့်ပတ်သက်၍ အခွင့်အရေးနှင့် စိန်ခေါ်မှုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ မေခဆောင်ဖောင် ဒေးရှင်းက ဦးဆောင်သည့် စီးပွား ရေးဖိုရမ်ကို မူဆယ်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ် ခဲ့သည်။

 မြန်မာ့စီးပွားရေးအပေါ်တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR)အကျိုးသက်ရောက်မှု ခေါင်းစဉ် ဖြင့် စီးပွားရေးဖိုရမ်ကို တရုတ်- မြန်မာပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်းနှင့် မူဆယ်နန့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်းတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် သည်။

မြန်မာ-တရုတ် စြင်္ကံလမ်း နှင့်ပတ်သက်၍ နယ်စပ်စီးပွားရေး ဇုန်များ ပါဝင်နေခြင်းက မြန်မာ နိုင်ငံအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟု ဒေါက်တာမြင့်ဆန်း က ပြောသည်။

တရုတ်အစိုးရ၏ ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်ခု ရည်ရွယ်ချက်ကိုလည်း တက်ဟုန်းပြည်နယ်ခွဲ တရုတ်-မြန်မာ ရေးရာသုတေသနဌာန ဒုတိယဌာနမှူး Mr.Duan Xiao Dong ကဆွေးနွေးသည်။

စြင်္ကံလမ်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးတွင် အခွင့် အလမ်းနှင့်စိန်ခေါ်မှုကို မြန်မာ နိုင်ငံကုန်သည်စက်မှုအသင်းချုပ် အကြံပေး ဦးမြင့်အောင်ကရှင်းပြခဲ့ သည်။

‘‘သတင်း အချက်အလက် တွေကို မှန်မှန်ကန်ကန်ချပြဖို့ ဒီဖို ရမ်ကို ကျင်းပတာဖြစ်တယ်’’ ဟု မေခဆောင်ဖောင်ဒေးရှင်းနာယ က ဦးဇော်သန်းက ရည်ရွယ်ချက် ကို ပြောပြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top