×

Typhoon MONGKHUT ရဲ႕လက္ရွိအေျခအေန

မုန္တိုင္းအႀကြင္းအက်န္ေလေပြလိႈင္းဟာ ျမန္မာႏိုင္ငံေျမာက္ပိုင္းကိုျဖတ္သန္းသြားျပီး မိုးရြာသြန္းေစႏိုင္ပါတယ္။

၁၄-၉-၂၀၁၈ည(၈း၁၄)နာရီ

(၁) TYPHOON MANGKHUT

(၁၄-၉-၂၀၁၈)ရက္ ေန႕(၁၂း၃၀)နာရီအခ်ိန္တြင္

Wind: 146 knots (168 mph)

Gust: 175 knots (201 mph)

Category V Super Typhoon အဆင့္မွာ ဆက္လက္ရွိေနျပီး၊ မႀကာမီဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္းရွိ လူဇံုကြ်န္း (Luzon Island) ကို ျဖတ္သန္းတိုက္ခတ္မွာျဖစ္ပါတယ္။

(၂) လူဇံုကြ်န္းကိုျဖတ္သန္းျပီးေနာက္ အေနာက္ေျမာက္ယြန္းယြန္းအရပ္ကိုဆက္လက္ေရြ႕လွ်ားျပီး၊ (၁၆-၉-၂၀၁၈)ရက္ေန႕ညေနပိုင္းတြင္ တရုတ္ႏိုင္ငံအေရွ႕ပိုင္းကမ္းေျခကို ေဟာင္ေကာင္ကြ်န္း နဲ႕ ဟိုင္နန္ကြ်န္းတို႕ႀကားမွ ျဖတ္၀န္း၀င္ေရာက္မယ္လို႕ခန္႕မွန္းရပါတယ္။

ကမ္းကိုျဖတ္ျပီးေနာက္ ကုန္းတြင္းမုန္တိုင္းအျဖစ္နဲ႕ အေနာက္ေတာင္ယြန္းယြန္းအအရပ္ကိုေရြ႕လွ်ားလာရင္း အားေလ်ာ့က်လာကာ ေလဖိအားနည္းရပ္၀န္းအျဖစ္သို႕ေရာက္ရွိလာျပီးေနာက္၊

(၁၉-၉-၂၀၁၈)ရက္ ေန႕(၁၂း၃၀)နာရီအခ်ိန္တြင္ အေရွ႕ေလေပြလိႈင္း(ေလဖိအားနည္းရပ္၀န္း) အျဖစ္နဲ႕ ျမန္မာႏိုင္ငံေျမာက္ပိုင္း (ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း) တို႕ကို ျဖတ္သန္းသြားႏိုင္ပါတယ္။

(၃) ျမန္မာႏိုင္ငံအတြင္းျဖတ္သန္းသြားစဥ္ မိုးရြာျခင္း နဲ႕အတူ

ေလတိုက္ခတ္မႈ (Wind): 20 knots (25 mph)

ေလပုန္းတိုက္ခတ္မႈ(Gust): 30 knots (35 mph)တိုက္ခတ္ႏိုင္ပါတယ္။

ေဒါက္တာထြန္းလြင္



က်န္းမာေတာ္မူႀကပါစခင္ဗ်ာ။

၁၄-၉-၂၀၁၈ညေန(၆း၀၉)နာရီ။

၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၅) ရက္ေန႔ အတြက္ မိုးေလ၀သခန္႔မွန္းခ်က္။

ဘဂၤလားပင္လယ္ေအာ္တြင္မုန္တိုင္းျဖစ္ဖို႕အလားအလာ။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ကုန္းတ၀က္ေရတ၀က္အေနအထားျဖင့္ ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚေနပါတယ္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ေတာင္တရုတ္ပင္လယ္ျပင္အေျခအေန။ (၁၄-၉-၂၀၁၈)ရက္ နံနက္ (၀၉း၀၀)နာရီအခ်ိန္KALPANA_1ျဂိဳဟ္တုမွတိုင္းတာေပးခ်က္အရ၊ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလား ပင္လယ္ေအာ္ေတာင္ပိုင္း မွာ တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္ မွာ တိမ္အနည္းငယ္ မွ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနပါတယ္။ ျမန္မာႏုိင္ငံ ေအာက္ပိုင္း မွာ တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ေနၿပီး၊ က်န္ေဒသေတြမွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနပါတယ္။

အေနာက္ေတာင္ မုတ္သံုေလ အေျခအေန။ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွ အေနာက္ေတာင္မုတ္သံုေလဆုတ္ခြာခဲ့ျပီျဖစ္တယ္္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း တို႔မွာ မုတ္သုံေလ အားအသင့္အတင့္ ရွိေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္ မွာ မုတ္သုံေလ အား နည္း ေနပါသည္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန။

ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္းအနည္း ငယ္ မွ လိႈင္းအသင့္အတင့္ ရွိပါမယ္။ ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္း အျမင့္ (၁) ေပခန္႔ မွ (၄)ေပ ခန္႔ ရွိႏိုင္ပါတယ္။

ေန႔အပူခ်ိန္မ်ားအေျခအေန။

ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊မြန္ျပည္နယ္၊ကရင္ျပည္နယ္ ႏွင့္ တနသၤာရီတိုင္းေဒသႀကီး တို႔မွာ 24°C-30°C ခန္႔၊က်န္ေဒသ ေတြ မွာ 31°C – 36°C ခန္႔ အထိ ရွိႏိုင္ပါတယ္။

ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းမ်ားအေျခအေန။၊

ကခ်င္ျပည္နယ္၊ရွမ္းျပည္နယ္၊ကယားျပည္နယ္ ကရင္ျပည္နယ္၊မႏၱေလးတိုင္းေဒသႀကီး ႏွင့္ ပဲခူးတိုင္းေဒသႀကီး တို႔မွာခရမ္းလြန္ေရာင္ျခည္ အညႊန္း ကိန္း လြန္ကဲအဆင့္ တြင္ရွိႏိုင္ၿပီး၊ က်န္ေဒသေတြမွာ အလြန္ျမင့္မားအဆင့္ တြင္ရွိႏိုင္ပါတယ္။

မိုးတိမ္ေတာင္ျဖစ္ဖို႕အလားလာ။

မြန္းလြဲညေနပိုင္းအခ်ိန္အခါမ်ားတြင္မိုးတိမ္ေတာျဖစ္ဖို႕အလားအလာမ်ားကိုကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ကယားျပည္နယ္၊ တို႕တြင္ေသခ်ာမႈ ၂၅% မွ ၃၅% ခန္႕ရွိႏိုင္ျပီး၊က်န္ေဒသမ်ားတြင္ မိုးတိမ္ေတာင္ျဖစ္ဖို႕ ေသခ်ာမႈ ၅၅% မွ ၇၅% ခန္႕ရွိပါတယ္။

မိုးရြာသြန္းမႈအေျခအေနခန္႔မွန္းခ်က္။၊

ကခ်င္ျပည္နယ္ ႏွင့္ ကယားျပည္နယ္ တို႔မွာ ေနရာကြက္က်ား၊း ရွမ္းျပည္နယ္၊စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၱေလးတိုင္းေဒသႀကီး ႏွင့္ မေကြးတိုင္းေဒသႀကီး တို႔တြင္ ေနရာက်ဲက်ဲ၊က်န္ေဒသေတြမွာ ေနရာစိပ္စိပ္မိုးထစ္ခ်ဳန္းရြာပါမယ္။

ေနာက္ႏွစ္ရက္အတြက္ခန္႔မွန္းခ်က္။

ျမန္မာႏိုင္ငံေျမာက္ပိုင္း ေဒသေတြမွာ ထစ္ခ်ဳန္းမည့္အေျခအေန မ်ား ျဖစ္ေပၚႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာထြန္းလြင္္

#Unicode Version#
Typhoon MONGKHUT ရဲ့လက်ရှိအခြေအနေ

မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းဟာ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်သန်းသွားပြီး မိုးရွာသွန်းစေနိုင်ပါတယ်။

၁၄-၉-၂၀၁၈ည(၈း၁၄)နာရီ

(၁) TYPHOON MANGKHUT

(၁၄-၉-၂၀၁၈)ရက် နေ့(၁၂း၃၀)နာရီအချိန်တွင်

Wind: 146 knots (168 mph)

Gust: 175 knots (201 mph)

Category V Super Typhoon အဆင့်မှာ ဆက်လက်ရှိနေပြီး၊ မကြာမီဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းရှိ လူဇုံကျွန်း (Luzon Island) ကို ဖြတ်သန်းတိုက်ခတ်မှာဖြစ်ပါတယ်။

(၂) လူဇုံကျွန်းကိုဖြတ်သန်းပြီးနောက် အနောက်မြောက်ယွန်းယွန်းအရပ်ကိုဆက်လက်ရွေ့လျှားပြီး၊ (၁၆-၉-၂၀၁၈)ရက်နေ့ညနေပိုင်းတွင် တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းခြေကို ဟောင်ကောင်ကျွန်း နဲ့ ဟိုင်နန်ကျွန်းတို့ကြားမှ ဖြတ်ဝန်းဝင်ရောက်မယ်လို့ခန့်မှန်းရပါတယ်။

ကမ်းကိုဖြတ်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ အနောက်တောင်ယွန်းယွန်းအအရပ်ကိုရွေ့လျှားလာရင်း အားလျော့ကျလာကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ရောက်ရှိလာပြီးနောက်၊

(၁၉-၉-၂၀၁၈)ရက် နေ့(၁၂း၃၀)နာရီအချိန်တွင် အရှေ့လေပွေလှိုင်း(လေဖိအားနည်းရပ်ဝန်း) အဖြစ်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း (ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း) တို့ကို ဖြတ်သန်းသွားနိုင်ပါတယ်။

(၃) မြန်မာနိုင်ငံအတွင်းဖြတ်သန်းသွားစဉ် မိုးရွာခြင်း နဲ့အတူ

လေတိုက်ခတ်မှု (Wind): 20 knots (25 mph)

လေပုန်းတိုက်ခတ်မှု(Gust): 30 knots (35 mph)တိုက်ခတ်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင်



ကျန်းမာတော်မူကြပါစခင်ဗျာ။

၁၄-၉-၂၀၁၈ညနေ(၆းဝ၉)နာရီ။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်ဖို့အလားအလာ။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ကုန်းတဝက်ရေတဝက်အနေအထားဖြင့် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၁၄-၉-၂၀၁၈)ရက် နံနက် (၀၉းဝဝ)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်း မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

အနောက်တောင် မုတ်သုံလေ အခြေအနေ။ မြန်မာနိုင်ငံမြောက်ပိုင်းမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာခဲ့ပြီဖြစ်တယ််။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် မှာ မုတ်သုံလေ အား နည်း နေပါသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအနည်း ငယ် မှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်း အမြင့် (၁) ပေခန့် မှ (၄)ပေ ခန့် ရှိနိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊မွန်ပြည်နယ်၊ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ 24°C-30°C ခန့်၊ကျန်ဒေသ တွေ မှာ 31°C – 36°C ခန့် အထိ ရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊

ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ် ကရင်ပြည်နယ်၊မန္တလေးတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး တို့မှာခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း လွန်ကဲအဆင့် တွင်ရှိနိုင်ပြီး၊ ကျန်ဒေသတွေမှာ အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ဖို့အလားလာ။

မွန်းလွဲညနေပိုင်းအချိန်အခါများတွင်မိုးတိမ်တောဖြစ်ဖို့အလားအလာများကိုကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ တို့တွင်သေချာမှု ၂၅% မှ ၃၅% ခန့်ရှိနိုင်ပြီး၊ကျန်ဒေသများတွင် မိုးတိမ်တောင်ဖြစ်ဖို့ သေချာမှု ၅၅% မှ ရ၅% ခန့်ရှိပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။၊

ကချင်ပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ နေရာကွက်ကျား၊း ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ကျန်ဒေသတွေမှာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာပါမယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေမှာ ထစ်ချုန်းမည့်အခြေအနေ များ ဖြစ်ပေါ်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာထွန်းလွင််
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top