(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဂ်ပန္ႏုိင္ငံမွ ဘီလီယံနာ သူေဌးတစ္ဦးသည္ ပုဂၢလိက ခရီးစဉ္ျဖင့္ လေပၚသို႔ သြားေရာက္ လည္ပတ္မည့္ ပထမဆံုး ပုဂၢိဳလ္ ျဖစ္လာမည္ဟု သိရသည္။

အေမရိကန္ စြန္႔ဦးလုပ္ငန္းရွင္ သူေဌးႀကီး အီလြန္မတ္စ္ခ္ ဦးေဆာင္သည့္ SpaceX ကုမၸဏီက ၎တို႔၏ ပုဂၢလိက လေပၚ ခရီးသြား ဝန္ေဆာင္မႈအတြက္ ပထမဆံုး ေဖာက္သည္၏ အမည္ကို ထုတ္ျပန္ ေၾကညာလုိက္ရာ အသက္ ၄၂ ႏွစ္အရြယ္ အြန္လိုင္းဖက္ရွင္ ေရာင္းဝယ္မႈ လုပ္ငန္းရွင္ ယာဆာကူ မီဇာဝါျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။

မီဇာဝါက “ကၽြန္ေတာ္ အပန္းေျဖ ခရီးထြက္မယ့္ ေနရာအျဖစ္ လကို ေရြးခ်ယ္လုိက္ပါတယ္”ဟု ဆိုသည္။ ၎သည္ ၂၀၁၆ က မတ္စ္ခ္ကိုယ္တုိင္ မိတ္ဆက္ ျပသခဲ့သည့္ Big Falcon ဒံုးပ်ံႏွင့္အတူ လေပၚသို႔ ပ်ံသန္း လုိက္ပါခြင့္ ရမည္ဟု ယံုၾကည္ရသည္။ အဆိုပါ ခရီးစဉ္ကို ျပင္ဆင္ ေရးဆြဲေနဆဲျဖစ္ၿပီး ၂၀၂၃ က်မွ ႐ုပ္လံုးေပၚလာမည္ဟု သိရသည္။

လေပၚသို႔ လူအမ်ား ပထမဆံုး ဆင္းသက္ဖူးသည္မွာ ၁၉၇၂ ခုႏွစ္က ျဖစ္သည္။ သို႔ေသာ္ ပုဂၢလိက ခရီးစဉ္ အေနျဖင့္မူ သာမန္ ျပည္သူမ်ားကို လေပၚ ပို႔ေဆာင္မႈ မရွိခဲ့ေခ်။ ယခုခရီးစဉ္သည္ အာကာသထဲသို႔ လူတုိင္း သြားေရာက္ လည္ပတ္ႏုိင္မည့္ အိပ္မက္ကို ေဖာ္ေဆာင္ရန္ အေရးအႀကီးဆံုး ေျခလွမ္းတစ္ခု ျဖစ္လာမည္ဟု SpaceXက ေၾကညာခဲ့သည္။

လက္ရွိ အခ်ိန္ထိ လမ်က္ႏွာျပင္ေပၚသို႔ လူသား ၂၄ ဦးသာ ေျခခ်ဖူးၿပီး အားလံုး အေမရိကန္ ႏုိင္ငံသားမ်ားသာ ျဖစ္ၾကသည္။

Ref: BBC
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျပန်နိုင်ငံမှ ဘီလီယံနာ သူဌေးတစ်ဦးသည် ပုဂ္ဂလိက ခရီးစဉ်ဖြင့် လပေါ်သို့ သွားရောက် လည်ပတ်မည့် ပထမဆုံး ပုဂ္ဂိုလ် ဖြစ်လာမည်ဟု သိရသည်။

အမေရိကန် စွန့်ဦးလုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ် ဦးဆောင်သည့် SpaceX ကုမ္ပဏီက ၎င်းတို့၏ ပုဂ္ဂလိက လပေါ် ခရီးသွား ဝန်ဆောင်မှုအတွက် ပထမဆုံး ဖောက်သည်၏ အမည်ကို ထုတ်ပြန် ကြေညာလိုက်ရာ အသက် ၄၂ နှစ်အရွယ် အွန်လိုင်းဖက်ရှင် ရောင်းဝယ်မှု လုပ်ငန်းရှင် ယာဆာကူ မီဇာဝါဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မီဇာဝါက “ကျွန်တော် အပန်းဖြေ ခရီးထွက်မယ့် နေရာအဖြစ် လကို ရွေးချယ်လိုက်ပါတယ်”ဟု ဆိုသည်။ ၎င်းသည် ၂၀၁၆ က မတ်စ်ခ်ကိုယ်တိုင် မိတ်ဆက် ပြသခဲ့သည့် Big Falcon ဒုံးပျံနှင့်အတူ လပေါ်သို့ ပျံသန်း လိုက်ပါခွင့် ရမည်ဟု ယုံကြည်ရသည်။ အဆိုပါ ခရီးစဉ်ကို ပြင်ဆင် ရေးဆွဲနေဆဲဖြစ်ပြီး ၂၀၂၃ ကျမှ ရုပ်လုံးပေါ်လာမည်ဟု သိရသည်။

လပေါ်သို့ လူအများ ပထမဆုံး ဆင်းသက်ဖူးသည်မှာ ၁၉၇၂ ခုနှစ်က ဖြစ်သည်။ သို့သော် ပုဂ္ဂလိက ခရီးစဉ် အနေဖြင့်မူ သာမန် ပြည်သူများကို လပေါ် ပို့ဆောင်မှု မရှိခဲ့ချေ။ ယခုခရီးစဉ်သည် အာကာသထဲသို့ လူတိုင်း သွားရောက် လည်ပတ်နိုင်မည့် အိပ်မက်ကို ဖော်ဆောင်ရန် အရေးအကြီးဆုံး ခြေလှမ်းတစ်ခု ဖြစ်လာမည်ဟု SpaceXက ကြေညာခဲ့သည်။

လက်ရှိ အချိန်ထိ လမျက်နှာပြင်ပေါ်သို့ လူသား ၂၄ ဦးသာ ခြေချဖူးပြီး အားလုံး အမေရိကန် နိုင်ငံသားများသာ ဖြစ်ကြသည်။

Ref: BBC
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top