မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

သူရဲ႕ ခံစားခ်က္ေလး တခ်ိဳ႕ကို ေရးသားထားတာေတြ႕ရပါတယ္။

ေပ်ာ္ရႊင္မႈ ဝမ္းနည္းမႈေလးေတြနဲ႕ ပတ္သက္ၿပီး ခံစားခ်က္ေလးေတြကို အၿမဲတမ္း ေဝမွ်တတ္တဲ့ သူမဟာ ဒီေန႕မွာလည္း သူမရဲ႕ ခံယူခ်က္ေလး တစ္ခုကို စာသားေလးေတြအျဖစ္နဲ႕ ပံုေဖာ္ထားတာေတြ႕ရပါတယ္။

ေပ်ာ္ရႊင္မႈ ဝမ္းနည္းမႈေလးေတြနဲ႕ ပတ္သက္ၿပီး ခံစားခ်က္ေလးေတြကို ပရိသတ္ေတြအတြက္ အၿမဲတမ္း ေဝမွ်တတ္တဲ့ သရုပ္ေဆာင္ သက္မြန္ ျမင့္ဟာ ခံစားခ်က္ေလးေတြကို စာသားေလးေတြအျဖစ္ ပံုေဖာ္ၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ တင္တတ္သူလည္း ျဖစ္ပါတယ္။ ဒီေန႕(စက္တင္ ဘာ ၁၂ရက္)မွာလည္း သူမခံယူထားတဲ့ ခံယူခ်က္တခ်ိဳ႕ကို စာသားေလးေတြအျဖစ္ ပံုေဖာ္ထားတာေတြ႕ရပါတယ္။

ေပ်ာ္ရႊင္မႈဆိုတာ ကိုယ္ကပဲ ဖန္တီးရတာျဖစ္ၿပီး စိတ္ထားတတ္ရင္ ေအးခ်မ္းတယ္ဆိုတဲ့ သက္မြန္ရဲ႕ ခံယူခ်က္ေလးကို ပရိသတ္ေတြက သေဘာက် ခဲ့ၾကတာေတြ႕ရပါတယ္။


"မဂၤလာနံနက္ခင္းပါ!ကိုယ့္ကိုခ်စ္တဲ့သူေတြနဲ႔ ေပ်ာ္မေနပဲ မခ်စ္တဲ့သူေတြကို ဘာလို႔ ေတာင့္တေနဦးမလဲ။ ေပ်ာ္ရႊင္မႈဆိုတာ ကိုယ္ကပဲ ဖန္တီးရတာပါ။ စိတ္ထားတတ္ရင္ ေအးခ်မ္းတယ္ #မြန္TMM" ဆုိၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ေပခ့်္မွာ စက္တင္ဘာ(၁၂) ရက္ေန႕က ေရးသားထား တာေတြ႕ရပါတယ္။

သူမရဲ႕ ခံယူခ်က္ေလးစာသားေလး တခ်ိဳ႕ကိုေရးသားရင္းနဲ႕ သက္မြန္တစ္ေယာက္ စာေရးေတာ့မွာဆိုတဲ့ အေၾကာင္းကိုလည္း ပရိသတ္ေတြကို ေျပာျပထားပါေသးတယ္။ "ေရးတာေလးေတြ သေဘာက်ရင္ # ေလးမေမ့ပါနဲ႔ မြန္ စာေရးေတာ့မွာ" ဆိုၿပီး ဆက္လက္ေျပာျပထား ေတြ႕ရ ပါတယ္။


သက္မြန္ျမင့္ဟာ လက္ရွိမွာ သူငယ္ခ်င္းေတြနဲ႕အတူ ခရီးထြက္ေနတာ ေတြ႕ရပါတယ္။မဆံုျဖစ္တာ ၾကာၿပီျဖစ္တဲ့ ငယ္သူငယ္ခ်င္း ခင္ေလးႏြယ္၊ ေမကဗ်ာ၊မိုးျပည့္ျပည့္ေမာင္၊ ဖူးစံု၊ ဒီဇိုင္နာမပံု႕တို႕နဲ႕အတူ ခရီးေတြ သြားခဲ့တာပါ။ သက္မြန္ျမင့္ဟာ သူငယ္ခ်င္းေတြနဲ႔ အတူ ခရီးထြက္ေန တာျဖစ္တဲ့အတြက္ အိမ္မွာ က်န္ခ့ဲတဲ့ သမီးေလး လဝန္းကုိ Video Call ေခၚၿပီး အလြမ္း ေတာင္ သယ္ေနပါတယ္တဲ့။ သားသား အားခ်စ္ေလး ကေတာ့ ေက်ာင္းသြားလုိ႔ အလြမ္းသယ္တဲ့ Video Call မွာ မပါဝင္ခဲ့ပါဘူး။

'' ေနာက္ရက္ဆို ျမင္တာနဲ႔ ငိုေတာ့မွာ ခုေတာ့ ေမေမ ဘယ္ေရာက္လဲေပါ့။ ခ်စ္ရလြန္းေသာ အသဲအႏွစ္ ကိုကိုကေက်ာင္းသြား'' ဆုိၿပီးေတာ့ လည္း စက္တင္ဘာလ ၆ ရက္ေန႔ ေန႔လည္ ၁၁ နာရီကပဲ သမီးေလးနဲ႔ Video Call တဲ့ ဓာတ္ပုံေလးရဲ႕ ေအာက္မွာ ေမေမ သက္မြန္ျမင့္ တစ္ ေယာက္ အလြမ္းသယ္ေနတဲ့ အေၾကာင္း ေရးသားခ့ဲတာျဖစ္ပါတယ္။


သက္မြန္ျမင့္အေနနဲ႕ သားသမီးေတြကိုငဲ့ၿပီး လက္လႊတ္ခဲ့လုိက္ရတဲ့ ရုပ္ရွင္ဇာတ္ကားေတြလည္း အမ်ားႀကီး ရွိခဲ့ပါတယ္။ ရင္ေသြးေလး ႏွစ္ေယာက္ နဲ႕ သာယာတဲ့ အိမ္ေထာင္ေရးတစ္ခုကို ပိုင္ဆိုင္ထားတဲ့ သက္မြန္ျမင့္ဟာ ကေလးေတြအတြက္ မိခင္ေကာင္းတစ္ ေယာက္ဆုိ လည္း မမွားပါဘူး။

သက္မြန္ျမင့္ကေတာ့ သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာ ဒါရိုက္တာဝိုင္း ရိုက္ကူးတဲ့ " အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္" ရုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ ဆုကို ရရွိထားသူ တစ္ဦး ျဖစ္သလို ၂၀၁၆ခုႏွစ္က က်င္းပခဲ့တဲ့ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ ဆုေပးပြဲမွာ "ခ်စ္လွစြာေသာအမုန္း" ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
သူရဲ့ ခံစားချက်လေး တချို့ကို ရေးသားထားတာတွေ့ရပါတယ်။

ပျော်ရွှင်မှု ဝမ်းနည်းမှုလေးတွေနဲ့ ပတ်သက်ပြီး ခံစားချက်လေးတွေကို အမြဲတမ်း ဝေမျှတတ်တဲ့ သူမဟာ ဒီနေ့မှာလည်း သူမရဲ့ ခံယူချက်လေး တစ်ခုကို စာသားလေးတွေအဖြစ်နဲ့ ပုံဖော်ထားတာတွေ့ရပါတယ်။

ပျော်ရွှင်မှု ဝမ်းနည်းမှုလေးတွေနဲ့ ပတ်သက်ပြီး ခံစားချက်လေးတွေကို ပရိသတ်တွေအတွက် အမြဲတမ်း ဝေမျှတတ်တဲ့ သရုပ်ဆောင် သက်မွန် မြင့်ဟာ ခံစားချက်လေးတွေကို စာသားလေးတွေအဖြစ် ပုံဖော်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်တတ်သူလည်း ဖြစ်ပါတယ်။ ဒီနေ့(စက်တင် ဘာ ၁၂ရက်)မှာလည်း သူမခံယူထားတဲ့ ခံယူချက်တချို့ကို စာသားလေးတွေအဖြစ် ပုံဖော်ထားတာတွေ့ရပါတယ်။

ပျော်ရွှင်မှုဆိုတာ ကိုယ်ကပဲ ဖန်တီးရတာဖြစ်ပြီး စိတ်ထားတတ်ရင် အေးချမ်းတယ်ဆိုတဲ့ သက်မွန်ရဲ့ ခံယူချက်လေးကို ပရိသတ်တွေက သဘောကျ ခဲ့ကြတာတွေ့ရပါတယ်။

"မင်္ဂလာနံနက်ခင်းပါ!ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ ပျော်မနေပဲ မချစ်တဲ့သူတွေကို ဘာလို့ တောင့်တနေဦးမလဲ။ ပျော်ရွှင်မှုဆိုတာ ကိုယ်ကပဲ ဖန်တီးရတာပါ။ စိတ်ထားတတ်ရင် အေးချမ်းတယ် #မွန်TMM" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေခ့ျ်မှာ စက်တင်ဘာ(၁၂) ရက်နေ့က ရေးသားထား တာတွေ့ရပါတယ်။

သူမရဲ့ ခံယူချက်လေးစာသားလေး တချို့ကိုရေးသားရင်းနဲ့ သက်မွန်တစ်ယောက် စာရေးတော့မှာဆိုတဲ့ အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်။ "ရေးတာလေးတွေ သဘောကျရင် # လေးမမေ့ပါနဲ့ မွန် စာရေးတော့မှာ" ဆိုပြီး ဆက်လက်ပြောပြထား တွေ့ရ ပါတယ်။

သက်မွန်မြင့်ဟာ လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်နေတာ တွေ့ရပါတယ်။မဆုံဖြစ်တာ ကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်း ခင်လေးနွယ်၊ မေကဗျာ၊မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ ဒီဇိုင်နာမပုံ့တို့နဲ့အတူ ခရီးတွေ သွားခဲ့တာပါ။ သက်မွန်မြင့်ဟာ သူငယ်ချင်းတွေနဲ့ အတူ ခရီးထွက်နေ တာဖြစ်တဲ့အတွက် အိမ်မှာ ကျန်ခဲ့တဲ့ သမီးလေး လဝန်းကို Video Call ခေါ်ပြီး အလွမ်း တောင် သယ်နေပါတယ်တဲ့။ သားသား အားချစ်လေး ကတော့ ကျောင်းသွားလို့ အလွမ်းသယ်တဲ့ Video Call မှာ မပါဝင်ခဲ့ပါဘူး။

'' နောက်ရက်ဆို မြင်တာနဲ့ ငိုတော့မှာ ခုတော့ မေမေ ဘယ်ရောက်လဲပေါ့။ ချစ်ရလွန်းသော အသဲအနှစ် ကိုကိုကကျောင်းသွား'' ဆိုပြီးတော့ လည်း စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၁ နာရီကပဲ သမီးလေးနဲ့ Video Call တဲ့ ဓာတ်ပုံလေးရဲ့ အောက်မှာ မေမေ သက်မွန်မြင့် တစ် ယောက် အလွမ်းသယ်နေတဲ့ အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

သက်မွန်မြင့်အနေနဲ့ သားသမီးတွေကိုငဲ့ပြီး လက်လွှတ်ခဲ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရင်သွေးလေး နှစ်ယောက် နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ဟာ ကလေးတွေအတွက် မိခင်ကောင်းတစ် ယောက်ဆို လည်း မမှားပါဘူး။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top