×




Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေအားကျချစ်ခင်ရပြီး သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ မင်းသားချောလေးကောင်းပြည့်နဲ့ မင်းသမီးချောလေးသန္တာဗိုလ်တို့ စုံတွဲလေးကတော့ မပါမဖြစ်ပါပဲ..။ရုပ်ရည်ချောမောပြီး လိုက်ဖက်ညီတဲ့အရပ်အမောင်းကြောင့် သူတို့နှစ်ဦး ဟာ နေနဲ့လ ရွှေနဲ့မြ လို ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တိုင်းရဲ့ စိတ်ဝင်တစားအာရုံစိုက်ခြင်းခံနေရတာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ သူတို့စုံတွဲဟာ ဇာတ်ကားတော်တော်များများမှာလည်း အတူတူ သရုပ်ဆောင်ခဲ့ဖူးသလို အနုပညာလှုပ်ရှားမှုတွေ အတူတူလုပ်ကိုင်နေတာဖြစ်ပါတယ် ။ချစ်စရာကောင်းပြီး အမြဲလိုက်ဖက်ညီတဲ့သူတို့စုံတွဲလေးကတော့ နားလည်မှုလေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး တည်ဆောက်ထားတဲ့အချစ်ရေးလေးမို့ တကယ့်ကို အားကျစရာလေးပါပဲ..။

သန္တဗိုလ်ဟာ ဆိုရင်လည်း Instagram မှာ ချစ်သူလေးရဲ့ အနမ်းပေးမှုလေးတွေကြောင့် ပျော်ရွှင်နေတဲ့ဗီဒီယို ဖိုင်လေးတစ်ခုကို update လုပ်ခဲ့ပါတယ်။ထိုဗီဒီယိုလေးထဲမှာတော့ ချစ်ရသူလေး သန္တဗိုလ် ကို အနမ်းလေးတွေပေးနေတဲ့ ကောင်းပြည့်တို့ရဲ့ ပုံရိပ်လေးတွေက အရမ်းကိုအားကျစရာကောင်းလှပါတယ်။ပရိသတ်တွေအတွက် ထိုဗီဒီယိုလေးကိုပါ ဖော်ပြေပေးလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMCele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top