မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×



…….

Credit:  khine thin kyi

#Unicode Version#
ပရိသတ်ကြီးရေ ထိမိတဲ့ အိုက်တင်တွေနဲ့ ပရိသတ်ကို ရသမျိုးစုံပေးစွမ်းနိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့ အကယ်ဒမီ မင်းသမီးချော ခိုင်သင်းကြည်ကတော့ ပြည်သူ့အချစ်တော်တစ်ဦးအဖြစ် အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့ မခိုင်လေးက ချစ်ရတဲ့ခင်ပွန်းနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ မခိုင်လေးက ဇာတ်ကားတွေဆက်တိုက် ရိုက်ကူးနေရသလို ခင်ပွန်းနဲ့ သမီးလေးကိုလည်း အိမ်ထောင်ရှင်မအဖြစ် အချိန်ပေးပြီး ဂရုစိုက်နေတာ တွေ့ရပါတယ်။ သမီးလေးကိုပဲ ချစ်မဝဖြစ်နေတဲ့ မေမေ ခိုင်သင်းကြည်က အခုတော့ ဝမ်းသာစရာသတင်းတစ်ခုကို ပရိသတ်တွေဆီ ပြောပြခဲ့ပါတယ်။ သားအိမ်ထဲမှာ ကလေးငယ်လေးနှစ်ယောက်ရှိနေတဲ့ အာထရာစောင်းဓာတ်ပုံလေးနဲ့အတူ “အမွှာ” တဲ့! 10 ပတ်ရနေပြီ။ အထီး အမတော့ မသိရသေးဘူး။ ဒါပေမဲ့ ဝမ်းသာရလွန်းလို့မျှဝေလိုက်တာပါ။ ရုတ်တရက် အရမ်း အံ့သြ သွားရပေမဲ့ တစ်ပြိုင်နက်တည်းမှာ နှစ်ယောက်ရမယ်ဆိုတော့ အရမ်းပျော်ရပါတယ်။” ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။

…….

သူမရဲ့သတင်းစကားကြောင့် မခိုင်လေးအတွက ်ပရိသတ်တွေ အံ့အားသင့်ခဲ့ရပေမယ့် စာလေးရဲ့ အောက်ဆုံးမှာတော့ သူမက “ဒီကလေးနှစ်ယောက်ရဲ့မိဘတွေက ဘယ်သူဘယ်ဝါမှန်း ကျမ မသိပေမဲ့ သူတို့ကိုယ်စား ပျော်လွန်းလို့ မျှဝေလိုက်တာပါ။ I don’t know who the happy parents are. But I share their joy! ” ဆိုပြီး ဒီလိုလုပ်တာက အပျော်သဘော သက်သက်ပါဆိုပြီး ပြန်ရှင်းပြထားခဲ့ပါတယ်။ ကဲ ပရိသတ်တွေပါ Suprise ဖြစ်စေခဲ့တဲ့ မခိုင်လေးရဲ့သတင်းကို ပြန်လည်ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  khine thin kyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top