×







#Unicode Version#
ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့မှာရှိတဲ့ နဝဒေးတံတားပေါ်ကနေ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့် ပထမနှစ် (ပထဝီမေဂျာ) ကျောင်းသူတစ်ဦးခုန်ချခဲ့ပါတယ်။ဖြစ်စဉ်မှာ သဲကုန်းမြို့နယ် ၊ ညောင်ကုန်းကျေးရွာတွင်နေထိုင်သော အဘ ဦးခင်မောင်မြင့်၏ သမီးဖြစ်သူ မလဲ့လဲရီက (၂၀) နှစ် က၎င်း၏သူငယ်ချင်းဖြစ်သူ ကြို့ပင်ကောက်မြို့နယ်တွင်နေထိုင်သော အဘဦးထိန်ဝင်း၏သားဖြစ်သူ မောင်ဇင်လင်းထက် (၁၉) နှစ်အား ယတြာချေရန်ရှိ၍လိုက်ပို့ရန်အကူအညီတောင်းခံလာသဖြင့် ဆိုင်ကယ်ဖြင့်ထွက်လာခဲ့ရာ နဝဒေးတံတား တိုင်အမှတ် (၃) သို့အရောက်တွင် မလဲ့လဲ့ရီမှ မောင်ဇင်လင်းထက်အားဆိုင်ကယ်ရပ်ခိုင်းပြီး ခဏစောင့်ပါဟြေ၍ ၎င်း၏ဖုန်းနှင့်နာရီအားပေးပြီး တံတားလူသွားလမ်းအတိုင်းသွားကာ ခဏအကြာရေထဲသို့ခုန်ချသွားခဲ့ကြောင်း နဝဒေးရဲကင်းစခန်းမှုး ဒုရဲအုပ်သန်းဝင်းကဟြေပြသည်။နဝဒေးတံတားပေါ်မှခုန်ချခဲ့သော မလဲ့လ့ရီ၏အလောင်းသည် ဧရာဝတီမြစ်ရေစီကြောင်းအတိုင်းမျောပါသွားခဲ့ပြီး ယခုလက်ရှိအချိန်ထိအလောင်းအားရှာဖွေတွေ့ရှိမှု့မရှိသေးကြောင်းသိရပါသည်။

နဝဒေးတံတားတိုင်နံပါတ် ၃ ယနေ့ရဲ့ပိုင်ရှင်မဲ့ကတ္ထီပါဘိနပ်တစ်ရံ

“ပိုင်ရှင့်မဲ့ဖိနပ်ကလေးတစ်ရံ”သိလိုက်ရတာစိတ်မကောင်းခဲ့ နာမည်က လဲ့လဲ့ရီ အသက်က ၂၀ နေရပ်ကသဲကုန်းမြို့နယ် ညောင်ကုန်းကျေးရွာ အဘအမည် ဦးခင်မောင်မြင့် ဗမာ/ဗုဒ္ဓ ဘာသာတဲ့ဗျာ။စိတ်မကောင်းပါဘူးယခုသူမခုန်ချသွားတဲ့နဝဒေး တံတား တိုင်အမှတ် ၃ ရေစီးသန်တယ် ဧရာဝတီမြစ်ရေစီးခေါ်ဆောင်ရာနောက်တကောက်ကောက်ပါသွားရင်းအလောင်းမတွေ့ရသေး ဘူးတဲ့ဖြစ်ရလေစိတ်မကောင်းဘူးပေါ့။

ပြည်တက္ကသိုလ်မှာကျောင်းလာတက်တာတဲ့။ပထဝီမေဂျာတူကောင်လေးနဲ့ ကိုဇော်လင်းထက် ပထမနှစ် အတူတက်တဲ့သူငယ်ချ င်းပေါ့။ အသက်က ၁၉ နှစ် ဗမာ/ဗုဒ္ဓ အဘအမည် ဦးထိန်ဝင်း ကြို့ပင်ကောက်နေထိုင်သူကို အေဝမ်းအဆောင်မှယတြာချေရန် လာခေါ်သဖြင့် အတူလိုက်ပါခဲ့ရတယ်။ကမ်းနားလို့ပြောပြီးအကူအညီ တောင်းတာ နဝဒေးတံတား တိုင်အမှတ် ၃ နားမှာခဏရပ်ခိုင်းပြီး ဖုန်းနဲ့ နာရီ ခဏ ယူထားဆိုပြီး လူလျှောက်လမ်းကနေဖိနပ်ချွတ်လို့ ခုန်ချသွားတာပါ

အချိန်ကတော့(၁၃:၄၅) နာရီတဲ့ဗျာ။သူမဝတ်ထားတာဂျင်းဘောင်းဘီနဲ့အင်္ကျ ီအပြာလို့တော့ နဝဒေးကင်းစခန်းကဒုရဲအုပ်သန်းဝင်းကတော့ သိတာလေးပေါ့ဗျာ။ ပြီးခဲ့တဲ့လကွယ်နေ့က လက်ကောက်တစ်ကွင်းပျောက်တာကို မိခင်ကဆဲဆိုခဲ့လို့ ၎င်းနေအိမ်မှထွက်လာပြီး နားကပ် ဆွဲကြိုးတို့ကိုတော့ မိခင်ထံပြန်အပ်ခဲ့တဲ့ပိုင်ရှင်ရဲ့နပ်ကလေးပါ


ဖိုးသူတော် (www.phothutaw.com)
Credit: ကိုကျော်ကျော်ဦး (ပြည်)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top