မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဟာရီကိန္းမုန္းတိုင္း အဆင့္(၅) နဲ႔ ညီမၽွတဲ့ အင္အားႀကီး တိုင္ဖုန္းမန္ခြတ္ (Typhoon Mangkhut) ဟာ လက္ရွိမွာေတာ့ ဖိလစ္ပိုင္နိုင္ငံကို ဝင္ေရာက္ဖို႔ အခ်ိန္နီးကပ္လာၿပီး အဲဒီကေနတစ္ဆင့္ ျမန္မာနိုင္ငံ အတြင္းပိုင္းထဲထိ ဝင္ေရာက္ရန္ အေျခအေနရွိေနေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

အဆိုပါတိုင္ဖုန္း မုန္တိုင္းဟာ ဗုဒၶဟူးေန႔က စတင္ၿပီး ၂၀၁၈ ခုႏွစ္အတြက္ အင္အားအႀကီးဆုံး အသြင္ေျပာင္းကာ တစ္နာရီလၽွင္ေလတိုက္ႏွုန္း မိုင္ ၁၈၀ အရွိန္ျဖင့္ ေျမာက္ပစိဖိတ္ သမုဒၵရာကေန ကုန္းတြင္းဘက္ကို ဦးတည္ ဝင္လာေနတာျဖစ္ပါတယ္။

မုန္းတိုင္းနဲ႔ပက္သက္ၿပီး အေရွ႕ေတာင္အာရွနိုင္ငံမ်ားကို ေဘးလြတ္ရာေရြးေျပာင္းၾကဖို႔ သတိေပးထားၿပီးျဖစ္ပါတယ္။ တ႐ုပ္နိုင္ငံ ေအာက္ပိုင္း ဂြမ္ေဒါင္းေဒသက လူေပါင္း ၁၂,၀၀၀ ခန႔္ ေဘးလြတ္ရာ ေရြ႕ေျပာင္းထားခဲ့ၿပီး သေဘၤာ​ေတြအားလုံးလည္း ရပ္တန႔္ထားခဲ့ၾကပါတယ္။

တိုင္ဖုန္းမန္ခြတ္ ဟာ လက္ရွိ အေမရိကန္ကို ၿခိမ္းေျခာက္ေနတဲ့ ဟာရီကိန္းမုန္တိုင္း ဖေလာရင့္စ္ ထက္ပိုၿပီး အင္အားႀကီးတယ္လို႔ သိရွိထားပါတယ္။

“မုန္းတိုင္း ႏွစ္ခုစလုံး လကၡဏာရပ္ေတြ တူညီၾကပါတယ္၊ ဒါေပမယ့္ မန္ခြတ္ က ပိုအင္အားေကာင္ၿပီး အႏၲရာယ္ပိုမ်ားတယ္” ဟု မိုးေလဝသပညာရွင္ ‘ဘရန္ဒိုေမလာ’ က စီအန္အန္ကို ေျပာၾကားခဲ့ပါတယ္။

ဖိလစ္ပိုင္သမၼတ ဒူတာေတးက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အစည္းအေဝးတစ္ရပ္ကို ၾကာသပေတးေန႔က ျပဳလုပ္ခဲ့ၿပီး ႀကိဳတင္ျပင္ဆင္ေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ရန္ ညႊန္ၾကားထားခဲ့ၿပီးျဖစ္ပါတယ္။

မန္ခြတ္မုန္တိုင္းဟာ ၂၀၁၃ ခုႏွစ္က ဖိလစ္ပိုင္ကို ဝင္ေရာက္ခဲ့တဲ့ တိုင္ဖုန္းေဟရန္ ကဲ့သို႔ပင္ အင္အားႀကီးမားၿပီ အဆိုပါမုန္တိုင္းေၾကာင့္ လူေပါင္း ၆၀၀၀ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။

တိုင္ဖုန္းမတ္ခြတ္ ဟာ ဖိလစ္ပိုင္ကို ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္းနိုင္ငံေတြျဖစ္တဲ့ လာအို၊ တ႐ုပ္၊ ထိုင္ဝမ္၊ ထိုင္း နဲ႔ ျမန္မာနိုင္ငံထဲအထိပါ ဝင္ေရာက္နိုင္ေခရွိေၾကာင္း မိုးေလဝသပညာရွင္မ်ားက ခန႔္မွန္းထားၾကပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  popolay

#Unicode Version#
ဟာရီကိန်းမုန်းတိုင်း အဆင့်(၅) နဲ့ ညီမျှတဲ့ အင်အားကြီး တိုင်ဖုန်းမန်ခွတ် (Typhoon Mangkhut) ဟာ လက်ရှိမှာတော့ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ဖို့ အချိန်နီးကပ်လာပြီး အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံ အတွင်းပိုင်းထဲထိ ဝင်ရောက်ရန် အခြေအနေရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါတိုင်ဖုန်း မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့က စတင်ပြီး ၂၀၁၈ ခုနှစ်အတွက် အင်အားအကြီးဆုံး အသွင်ပြောင်းကာ တစ်နာရီလျှင်လေတိုက်နှုန်း မိုင် ၁၈၀ အရှိန်ဖြင့် မြောက်ပစိဖိတ် သမုဒ္ဒရာကနေ ကုန်းတွင်းဘက်ကို ဦးတည် ဝင်လာနေတာဖြစ်ပါတယ်။

မုန်းတိုင်းနဲ့ပက်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများကို ဘေးလွတ်ရာရွေးပြောင်းကြဖို့ သတိပေးထားပြီးဖြစ်ပါတယ်။ တရုပ်နိုင်ငံ အောက်ပိုင်း ဂွမ်ဒေါင်းဒေသက လူပေါင်း ၁၂,၀၀၀ ခန့် ဘေးလွတ်ရာ ရွေ့ပြောင်းထားခဲ့ပြီး သင်္ဘော​တွေအားလုံးလည်း ရပ်တန့်ထားခဲ့ကြပါတယ်။

တိုင်ဖုန်းမန်ခွတ် ဟာ လက်ရှိ အမေရိကန်ကို ခြိမ်းခြောက်နေတဲ့ ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ် ထက်ပိုပြီး အင်အားကြီးတယ်လို့ သိရှိထားပါတယ်။

“မုန်းတိုင်း နှစ်ခုစလုံး လက္ခဏာရပ်တွေ တူညီကြပါတယ်၊ ဒါပေမယ့် မန်ခွတ် က ပိုအင်အားကောင်ပြီး အန္တရာယ်ပိုများတယ်” ဟု မိုးလေဝသပညာရှင် ‘ဘရန်ဒိုမေလာ’ က စီအန်အန်ကို ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ညွှန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။

မန်ခွတ်မုန်တိုင်းဟာ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းဟေရန် ကဲ့သို့ပင် အင်အားကြီးမားပြီ အဆိုပါမုန်တိုင်းကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

တိုင်ဖုန်းမတ်ခွတ် ဟာ ဖိလစ်ပိုင်ကို ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ တရုပ်၊ ထိုင်ဝမ်၊ ထိုင်း နဲ့ မြန်မာနိုင်ငံထဲအထိပါ ဝင်ရောက်နိုင်ခေရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  popolay




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top