မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

လူေတြဟာ ေသလုနီးပါးျဖစ္တဲ့အခ်ိန္မွာ ေကာင္းကင္ဘံုကိုျမင္ရတယ္လုိ႕ေျပာေလ့ရွိတယ္။

ဒီအမ်ိဳးသမီးကေတာ့ သူေသလုေျမာပါးျဖစ္ျပီး သတိျပန္လည္လာတဲ့အခါမွာေတာ့ ငရဲသြားတဲ့လမ္းေပၚေရာက္ခဲ့ေၾကာင္းေျပာပါတယ္ ။

အခုဆိုရင္သူဟာ သူေသဆံုးသြားတဲ့အခ်ိန္ေရာက္တဲ့အခါ အခုလုိၾကံဳေတြ႕ရမွာကိုထိတ္လန္႕ေနပါတယ္ ။

Audra ဆိုတဲ့နာမည္ဝွက္နဲ႕အမ်ိဳးသမီးဟာ ဦးေႏွာက္ေရာင္ယမ္းျပီးေတာ့ သတိေမ့ေျမာသြားတဲ့အခိုက္အတန္႕မွာငရဲကုိသြားတဲ့တြင္းတစ္တြင္းထဲျပဳတ္က်သလိုခံစားခဲ့ရေၾကာင္း Near Death Experience Research Foundation (NDERF) ကို ေျပာၾကားခဲ့ပါတယ္ ။

တြင္းဟာ သူ႕တစ္ကုိယ္စာလံုေလာက္ေအာင္က်ယ္တယ္လုိ႕သူေျပာတယ္ ။သူဟာ ျပဳတ္က်ေနတုန္းမွာ နံရံက ပက္ၾကားအက္ေတြကိုဖမ္းဆြဲဖုိ႕ၾကိဳးစားခဲ့ေသးတယ္ တဲ့ ။

သူ႕အေျပာအရေတာ့…..

“ကတၱရာမီးေလာင္တဲ့အန႕ံမ်ိဳးရတယ္…ျပီးေတာ့ မ်က္ႏွာျပင္ကအရမ္းၾကမ္းေနတာကိုလက္ေတြကတစ္ဆင့္သိႏုိင္တယ္ ၊အေပၚေရာ ေအာက္ေရာ ဘာမွမျမင္ရဘူး ။

ျပီးေတာ့ အမႈန္ေတြအမ်ားၾကီးလြင့္ပ်ံေနတယ္ ၊အထူးသျဖင့္မ်က္ႏွာနားမွာေပါ့…တျဖည္းျဖည္း ကြ်န္မအသက္ရွဴလို႕မရေတာ့ကယ္ၾကပါ…အသက္ရွဴလို႕မရေတာ့ဘူးလို႕ေအာ္ေပမယ့္…ေအာ္ေလေလ ..ျပဳတ္က်တာျမန္ေလေလပါပဲ”

လူေတြကေတာ့ သူ႕စိတ္က သူ႕ကိုကစားသြားတာျဖစ္ေၾကာင္းေျဖာင့္ဖ်ေပမယ့္လည္း Audra ကေတာ့ငရဲကိုသြားခဲ့ရတာျဖစ္ေၾကာင္းအခုိင္အမာကိုယံုၾကည္ထားခဲ့တယ္ ။

ဒီေတာ့အရင္က သူဟာ ငရဲရွိေၾကာင္းမယံုၾကည္ခဲ့ေပမယ့္ အခုေတာ့ သူကုိယ္တိုင္ခံစားခဲ့ရတဲ့အတြက္ ယံုၾကည္သြားခဲ့တယ္ ။ဒီလုိျဖစ္ခဲ့တာဟာ သူ႕ဘဝအတြက္အေကာင္းဘက္ကုိဦးတည္သြားခဲ့တယ္ ။

ဘာေၾကာင့္လည္းဆိုေတာ့ သူေသဆံုးသြားတဲ့အခါ အခုလုိေနရာမေရာက္ပဲ ေကာင္းမြန္တဲ့ေနရာေရာက္ခ်င္တဲ့အတြက္ဘဝကိုေကာင္းမြန္စြာေနထုိင္ဖုိ႕ဆံုးျဖတ္ခဲ့တယ္ ။

ေကာင္းမြန္တဲ့ဘဝမွာေနထိုင္မွသာ ေသတဲ့အခါ ငရဲေရာက္မွာမဟုတ္ဘူးလုိ႕သူမွတ္ယူသြားခဲ့တယ္ ။

“ကြ်န္မပတ္ဝန္းက်င္အတြက္တတ္ႏုိင္သေလာက္လုပ္ေဆာင္သြားေပးမွာျဖစ္ျပီးေတာ့ ေသျပီးတဲ့အခါ ေနရာေကာင္းတစ္ခုမွာေနရေအာင္ၾကိဳးစားသြားမွာပါ ။

ကြ်န္မ အခုလိုလူေကာင္းတစ္ေယာက္ျဖစ္လာျပီဆုိေပမယ့္လည္း ဒီျဖစ္ရပ္ၾကီးကိုတစ္သက္လံုးအမွတ္ရေနမွာျဖစ္တဲ့အတြက္ သိပ္မေပ်ာ္မိပါဘူး”လုိ႕သူကေျပာခဲံပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu [Daily Hot News

#Unicode Version#
လူတွေဟာ သေလုနီးပါးဖြစ်တဲ့အချိန်မှာ ကောင်းကင်ဘုံကိုမြင်ရတယ်လို့ပြောလေ့ရှိတယ်။

ဒီအမျိုးသမီးကတော့ သူသေလုမြောပါးဖြစ်ပြီး သတိပြန်လည်လာတဲ့အခါမှာတော့ ငရဲသွားတဲ့လမ်းပေါ်ရောက်ခဲ့ကြောင်းပြောပါတယ် ။

အခုဆိုရင်သူဟာ သူသေဆုံးသွားတဲ့အချိန်ရောက်တဲ့အခါ အခုလိုကြုံတွေ့ရမှာကိုထိတ်လန့်နေပါတယ် ။

Audra ဆိုတဲ့နာမည်ဝှက်နဲ့အမျိုးသမီးဟာ ဦးနှောက်ရောင်ယမ်းပြီးတော့ သတိမေ့မြောသွားတဲ့အခိုက်အတန့်မှာငရဲကိုသွားတဲ့တွင်းတစ်တွင်းထဲပြုတ်ကျသလိုခံစားခဲ့ရကြောင်း Near Death Experience Research Foundation (NDERF) ကို ပြောကြားခဲ့ပါတယ် ။

တွင်းဟာ သူ့တစ်ကိုယ်စာလုံလောက်အောင်ကျယ်တယ်လို့သူပြောတယ် ။သူဟာ ပြုတ်ကျနေတုန်းမှာ နံရံက ပက်ကြားအက်တွေကိုဖမ်းဆွဲဖို့ကြိုးစားခဲ့သေးတယ် တဲ့ ။

သူ့အပြောအရတော့…..

“ကတ္တရာမီးလောင်တဲ့အနံ့မျိုးရတယ်…ပြီးတော့ မျက်နှာပြင်ကအရမ်းကြမ်းနေတာကိုလက်တွေကတစ်ဆင့်သိနိုင်တယ် ၊အပေါ်ရော အောက်ရော ဘာမှမမြင်ရဘူး ။

ပြီးတော့ အမှုန်တွေအများကြီးလွင့်ပျံနေတယ် ၊အထူးသဖြင့်မျက်နှာနားမှာပေါ့…တဖြည်းဖြည်း ကျွန်မအသက်ရှူလို့မရတော့ကယ်ကြပါ…အသက်ရှူလို့မရတော့ဘူးလို့အော်ပေမယ့်…အော်လေလေ ..ပြုတ်ကျတာမြန်လေလေပါပဲ”

လူတွေကတော့ သူ့စိတ်က သူ့ကိုကစားသွားတာဖြစ်ကြောင်းဖြောင့်ဖျပေမယ့်လည်း Audra ကတော့ငရဲကိုသွားခဲ့ရတာဖြစ်ကြောင်းအခိုင်အမာကိုယုံကြည်ထားခဲ့တယ် ။

ဒီတော့အရင်က သူဟာ ငရဲရှိကြောင်းမယုံကြည်ခဲ့ပေမယ့် အခုတော့ သူကိုယ်တိုင်ခံစားခဲ့ရတဲ့အတွက် ယုံကြည်သွားခဲ့တယ် ။ဒီလိုဖြစ်ခဲ့တာဟာ သူ့ဘဝအတွက်အကောင်းဘက်ကိုဦးတည်သွားခဲ့တယ် ။

ဘာကြောင့်လည်းဆိုတော့ သူသေဆုံးသွားတဲ့အခါ အခုလိုနေရာမရောက်ပဲ ကောင်းမွန်တဲ့နေရာရောက်ချင်တဲ့အတွက်ဘဝကိုကောင်းမွန်စွာနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ် ။

ကောင်းမွန်တဲ့ဘဝမှာနေထိုင်မှသာ သေတဲ့အခါ ငရဲရောက်မှာမဟုတ်ဘူးလို့သူမှတ်ယူသွားခဲ့တယ် ။

“ကျွန်မပတ်ဝန်းကျင်အတွက်တတ်နိုင်သလောက်လုပ်ဆောင်သွားပေးမှာဖြစ်ပြီးတော့ သေပြီးတဲ့အခါ နေရာကောင်းတစ်ခုမှာနေရအောင်ကြိုးစားသွားမှာပါ ။

ကျွန်မ အခုလိုလူကောင်းတစ်ယောက်ဖြစ်လာပြီဆိုပေမယ့်လည်း ဒီဖြစ်ရပ်ကြီးကိုတစ်သက်လုံးအမှတ်ရနေမှာဖြစ်တဲ့အတွက် သိပ်မပျော်မိပါဘူး”လို့သူကပြောခဲံပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu [Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top