မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 ကိစၥေတာ္ေတာ္မ်ားမ်ား တုိင္ပင္ျဖစ္တယ္။
ဝတ္မႈန္ေရႊရည္ နဲ႔ နဒီေရႊရည္ဆုိတဲ့ ခ်စ္စရာေကာင္းတဲ့ ညီအစ္မႏွစ္ေယာက္ရဲ႕ အေၾကာင္းေတြကုိ နဒီေရႊရည္က မီဒီယာေတြ ကေန တဆင့္ ေျပာျပလာပါတယ္။ သူတုိ႔ ညီအစ္မ ႏွစ္ေယာက္က အသက္ ၁၀ ႏွစ္ကြာတယ္လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ ဝတ္မႈန္ေရႊရည္မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ညီမေလး နဒီေရႊရည္ ရွိပါတယ္။ နဒီေရႊရည္ဟာ အေမတစ္ေယာက္လုိ အစ္မမ်ဳိး ပုိင္ဆုိင္ထားတာေၾကာင့့္ အရမ္းေပ်ာ္တယ္လုိ႔ ဆုိပါတယ္။ ကုိယ္ေရး ကုိယ္တာ ကိစၥတိုင္းကုိလည္း ညီအစ္မ ႏွစ္ေယာက္ တုိင္တုိင္ပင္ပင္ ရွိၾက တယ္လုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။

'' ညီအစ္မ ႏွစ္ေယာက္ကေတာ့ ေတာ္ေတာ္မ်ားမ်ား ကိစၥေတြမွာ တုိင္ပင္ျဖစ္တယ္။ သူလည္း ေမးတာေတြရွိသလုိ ကုိယ္လည္း မသိတာေတြ ရွိရင္သြားသြားေမးတယ္။ တုိင္ပင္တာေတြက ေတာ္ေတာ္မ်ားေတာ့ ဘယ္လုိ အမွတ္တရေတြ ရွိလဲ မစဥ္းစားတတ္ေတာ့ဘူး'' လုိ႔ သူက ဆုိပါတယ္။

Photo: ဝတ္မႈန္ေရႊရည္ ေဖ့စ္ဘြတ္
နဒီေရႊရည္နဲ႔ ဝတ္မႈန္ေရႊရည္တုိ႔ ညီအစ္မႏွစ္ေယာက္က အသက္ ၁၀ ႏွစ္ကြာတယ္လုိ႔ နဒီေရႊရည္ကုိယ္တုိင္ ေျပာျပခဲ့ပါတယ္။ နဒီေရႊရည္ဟာ အခုဆုိရင္ေတာ့ အိမ္ေထာင္ျပဳၿပီးၿပီ ျဖစ္ပါတယ္။ ဝတ္မႈန္ေရႊရည္ကေတာ့ အႏုပညာေလာကရဲ႔ ထိပ္တန္းမင္းသမီး တစ္ဦးဆုိရင္လည္း မမွားပါ ဘူး။

'' အစ္မလုိ အစ္မမ်ဳိးရထားတဲ့အတြက္ ကံေကာင္းပါတယ္။ ေတာ္ေတာ္ကံေကာင္းပါတယ္။ ကုိယ့္အေပၚ အစစအရာရာ ပ့ံပုိးေပးႏိုင္တယ္။ စိတ္ ခြန္အားေရာ၊ အစစအရာရာေပါ့။ မမနဲ႔က အသက္ ၁၀ ႏွစ္လည္း ကြာေတာ့ ကုိယ့္ထက္စာရင္ သူက ပုိရင့္က်က္ပါတယ္။ ေတာ္ေတာ္ ရင့္က်က္ တယ္လုိ႔ ထင္ပါတယ္''


Photo: ဝတ္မႈန္ေရႊရည္ ေဖ့စ္ဘြတ္
အစ္မျဖစ္သူ နဲ႔ အတူ ကုိယ္ေရး ကုိယ္တာ ကိစၥေတြက အစ တုိင္တုိင္ပင္ပင္ရွိတယ္ ဆုိတဲ့ နဒီေရႊရည္က ဝတ္မႈန္ေရႊရည္ရဲ႕ အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕ ဆႏၵကုိလည္း ဖြင့္ဟ ေျပာျပလာပါေသးတယ္။

'' အစ္မရဲ႕ အိမ္ေထာင္ေရးကေတာ့ သူ႔သေဘာပါ။ သူ႔အေပၚ စိတ္ခ်မ္းသာေအာင္ထားၿပီး သူ႔အေပၚ ေကာင္းတဲ့လူဆုိရင္ေတာ့ တစ္မ်ဳိးေပါ့ ေနာ္။ ဒါေပမယ့္လည္း ကုိယ့္အစ္မဆုိေတာ့ ႏွေျမာတာေပါ့'' ဆုိၿပီးေတာ့ ၾသဂုတ္လ ၁၀ ရက္ေန႔က ဝတ္မႈန္ေရႊရည္ရဲ႕ အသက္ ၃၀ ျပည့္ေမြးေန႔ မွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။


Photo: ဝတ္မႈန္ေရႊရည္ ေဖ့စ္ဘြတ္
သရုပ္ေဆာင္ဝတ္မႈန္ေရႊရည္ဟာ အႏုပညာနယ္ပယ္မွာ ေအာင္ျမင္မႈအမ်ားဆုံး ရရွိထားတဲ့ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ နင္ေစရင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးအမ်ဳိးသမီးဇာတ္ေဆာင္ဆုကုိ ရရွိခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာေတာ့ ႏွလုံးသားျဖင့္ ျပဳလုပ္သည္ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာ အေကာင္းဆုံး အမ်ဳိးသမီးဇာတ္ပုိ႔ ဆု တုိ႔ကုိ ရရွိပုိင္ဆုိင္ခဲ့တာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ကိစ္စတော်တော်များများ တိုင်ပင်ဖြစ်တယ်။
ဝတ်မှုန်ရွှေရည် နဲ့ နဒီရွှေရည်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အကြောင်းတွေကို နဒီရွှေရည်က မီဒီယာတွေ ကနေ တဆင့် ပြောပြလာပါတယ်။ သူတို့ ညီအစ်မ နှစ်ယောက်က အသက် ၁၀ နှစ်ကွာတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဝတ်မှုန်ရွှေရည်မှာတော့ ချစ်စရာကောင်းတဲ့ ညီမလေး နဒီရွှေရည် ရှိပါတယ်။ နဒီရွှေရည်ဟာ အမေတစ်ယောက်လို အစ်မမျိုး ပိုင်ဆိုင်ထားတာကြောင့် အရမ်းပျော်တယ်လို့ ဆိုပါတယ်။ ကိုယ်ရေး ကိုယ်တာ ကိစ္စတိုင်းကိုလည်း ညီအစ်မ နှစ်ယောက် တိုင်တိုင်ပင်ပင် ရှိကြ တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ညီအစ်မ နှစ်ယောက်ကတော့ တော်တော်များများ ကိစ္စတွေမှာ တိုင်ပင်ဖြစ်တယ်။ သူလည်း မေးတာတွေရှိသလို ကိုယ်လည်း မသိတာတွေ ရှိရင်သွားသွားမေးတယ်။ တိုင်ပင်တာတွေက တော်တော်များတော့ ဘယ်လို အမှတ်တရတွေ ရှိလဲ မစဉ်းစားတတ်တော့ဘူး'' လို့ သူက ဆိုပါတယ်။

Photo: ဝတ်မှုန်ရွှေရည် ဖေ့စ်ဘွတ်
နဒီရွှေရည်နဲ့ ဝတ်မှုန်ရွှေရည်တို့ ညီအစ်မနှစ်ယောက်က အသက် ၁၀ နှစ်ကွာတယ်လို့ နဒီရွှေရည်ကိုယ်တိုင် ပြောပြခဲ့ပါတယ်။ နဒီရွှေရည်ဟာ အခုဆိုရင်တော့ အိမ်ထောင်ပြုပြီးပြီ ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီး တစ်ဦးဆိုရင်လည်း မမှားပါ ဘူး။

'' အစ်မလို အစ်မမျိုးရထားတဲ့အတွက် ကံကောင်းပါတယ်။ တော်တော်ကံကောင်းပါတယ်။ ကိုယ့်အပေါ် အစစအရာရာ ပံ့ပိုးပေးနိုင်တယ်။ စိတ် ခွန်အားရော၊ အစစအရာရာပေါ့။ မမနဲ့က အသက် ၁၀ နှစ်လည်း ကွာတော့ ကိုယ့်ထက်စာရင် သူက ပိုရင့်ကျက်ပါတယ်။ တော်တော် ရင့်ကျက် တယ်လို့ ထင်ပါတယ်''

Photo: ဝတ်မှုန်ရွှေရည် ဖေ့စ်ဘွတ်
အစ်မဖြစ်သူ နဲ့ အတူ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေက အစ တိုင်တိုင်ပင်ပင်ရှိတယ် ဆိုတဲ့ နဒီရွှေရည်က ဝတ်မှုန်ရွှေရည်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း ဖွင့်ဟ ပြောပြလာပါသေးတယ်။

'' အစ်မရဲ့ အိမ်ထောင်ရေးကတော့ သူ့သဘောပါ။ သူ့အပေါ် စိတ်ချမ်းသာအောင်ထားပြီး သူ့အပေါ် ကောင်းတဲ့လူဆိုရင်တော့ တစ်မျိုးပေါ့ နော်။ ဒါပေမယ့်လည်း ကိုယ့်အစ်မဆိုတော့ နှမြောတာပေါ့'' ဆိုပြီးတော့ သြဂုတ်လ ၁၀ ရက်နေ့က ဝတ်မှုန်ရွှေရည်ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ဝတ်မှုန်ရွှေရည် ဖေ့စ်ဘွတ်
သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နှလုံးသားဖြင့် ပြုလုပ်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top