မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

” နတ္သမီးေလး “၊ “အရႈံးနဲ႕ လူ” ၊ “အမုန္းနဲ႕ပဲ ထိုက္တန္တယ္ “ဆိုတဲ့ သီခ်င္းေတြဟာ လူငယ္ပရိတ္သတ္ေတြၾကားအရမ္းကို ေရပန္းစားခဲ့သလို ဝန ရဲ႕ “အသင့္ျဖစ္ထားတယ္ ” သီခ်င္းAlbumတစ္ခုလုံးဟာ သိပ္ကို ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရမွာပါ။ မိန္းကေလးသာမက ေယာက်္ားေလးပရိတ္သတ္ေတြပါ သည္းသည္းလႈပ္ သေဘာက် ေရာ္ကာႀကီး ကိုဝန ရဲ႕ စတိုင္လ္ကေတာ့ တကယ္ကို ေႂကြေလာက္စရာျဖစ္ပါတယ္။အရပ္ျမင့္ျမင့္၊ ႏွာတံမ်က္ခုံးေကာင္းေကာင္းနဲ႕ ေရာ္ခ့္ဂီတကို  လုံးဝ ႐ူးသြပ္သူမို႔ ဝနဟာ ဆံပင္အရွည္ထားထားပါတယ္။

အဆိုေတာ္ ဝန ကေတာ့ တကယ္ကို ရိုးရွင္းတာကို ႀကိဳက္တာေၾကာင့္ Mediaေတြနဲ႕ စိတ္ရႉပ္မခံသလို  interviewေတြလည္း ေျဖတာနည္းပါတယ္။ Facebook အေကာင့္ကို followers ေတြနဲ႕ မသုံးပဲ ေအးေအးေဆးေဆး personal Account တစ္ခုတည္းသာ Friend onlyနဲ႕ သုံးပါတယ္။ အဆိုေတာ္ ဝန ဟာ လူပ်ိဳလား၊ လူလြတ္လား ေသခ်ာ မသိေနၾကတဲ့ ပရိသတ္ေတြအတြက္  ဝနမွာ အိမ္ေထာင္ရွိပါတယ္။

ဝန ရဲ႕ ပါရမီျဖည့္ဘက္ဟာလည္း  ဝါသနာတူ၊ မိတ္ဖက္ အဆိုေတာ္မေလး တစ္ဦးျဖစ္ၿပီး ဒီJuneလ  24ရက္ေန႕မွာ ခ်စ္သူသက္တမ္း (၉)ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ အဆိုေတာ္ဝန ရဲ႕ ခ်စ္သူနာမည္ကေတာ့ ေအာင္းနီ ျဖစ္ၿပီး ျမစ္ႀကီးနားသူ၊ ကခ်င္လူမ်ိဳး ျဖစ္ပါတယ္။ဂီတဝါသနာရွင္ အဆိုေတာ္တစ္ဦး မၾကာခင္က သူမဟာလည္း “ပ်ံသန္းလိုက္” ဆိုတဲ့ သီခ်င္းAlbumကို  ထုတ္ေဝခဲ့ၿပီးျဖစ္ပါတယ္။

ဝန ရယ္လို႔  မေအာင္ခင္ ၊ လူသိမမ်ားခင္ထဲက ဂီတလမ္းမွာ ဝါသနာတူ အတူတြဲ ေအးအတူပူအမွ်ေလွ်ာက္လွမ္းလာခဲ့ၿပီး ခုခ်ိန္ထိ သူတို႔ အခ်စ္ေတြ ခိုင္ၿမဲေနဆဲျဖစ္ပါတယ္။ ဝန ကို သဘာဝ အဆိုေတာ္ လို႔ ေခၚၾကသလို တိုင္းရင္းသားမို႔ တကယ့္ကို ဟိတ္ဟန္မရွိပဲ ရိုးသားပြင့္လင္းၿပီး ဟာသညဏ္႐ႊင္တဲ့ ရွားမွရွား အဆိုေတာ္ျဖစ္ပါတယ္။မေအာင္ျမင္ခင္နဲ႕ ေအာင္ျမင္ၿပီး စပ္ၾကားမွာ အႏုပညာရွင္စုံတြဲေတြဟာ အကြဲအျပတ္ေတြ မ်ားၾကသမို႔  အခ်ိန္ေတြအၾကာႀကီး နားလည္မႈတစ္ခုထဲနဲ႕ ခ်စ္ၾကဖို႔ဆိုတာ တကယ္ေတာ့မလြယ္လွပါဘူး။

ေရာ္ခ့္ အဆိုေတာ္ႀကီး ဝန နဲ႕ ဇနီး မေအာင္းနီ တို႔ မဂၤလာ မဲ့ အခ်ိန္နဲ႕ပက္သတ္ျပီး “မဂၤလာေဆာင္ က ဒီႏွစ္ကုန္မွာ လုပ္ျဖစ္မယ္။ မလုပ္ျဖစ္ရင္ေတာ့ ေနာက္ႏွစ္ ႏွစ္ဆန္းပိုင္းေလာက္မွာ လုပ္ဖို႔ စီစဥ္ထားတယ္။ ခ်စ္သူ သက္တမ္းက (၉ ) ႏွစ္႐ွိၿပီ။ ရက္ အတိအက် သိရလို႔႐ွိရင္ အကုန္လံုးကို ဖိတ္မယ္။ ႏွစ္ေယာက္စလံုးက ျမစ္ႀကီးနားဇာတိမို႔ အဲမွာပဲ မဂၤလာေဆာင္မယ္။ မဂၤလာပြဲကိုလည္း ႐ိုး႐ိုးေလးပဲ က်င္းပျဖစ္မယ္” လို႔ အဆိုေတာ္ ၀န ႏွင့္ ေအာင္းနီ တို႔ ခ်စ္သူ ႏွစ္ဦးကေျပာျပခဲ့ပါတယ္။

အဆိုေတာ္ ၀န ႏွင့္ ေအာင္းနီ တို့ခ်စ္သူနွစ္ဦး ေနာင္ႏွစ္ေပါင္းမ်ားစြာ အခ်စ္ေတြနဲ႕ေပ်ာ္ရႊင္နိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဝနပရိသတ္မ်ား ဆက္လက္အားေပးပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: swelsonenews
# Unicode Version ျဖင့္ ဖတ္ပါ #
” နတ်သမီးလေး “၊ “အရှုံးနဲ့ လူ” ၊ “အမုန်းနဲ့ပဲ ထိုက်တန်တယ် “ဆိုတဲ့ သီချင်းတွေဟာ လူငယ်ပရိတ်သတ်တွေကြားအရမ်းကို ရေပန်းစားခဲ့သလို ဝန ရဲ့ “အသင့်ဖြစ်ထားတယ် ” သီချင်းAlbumတစ်ခုလုံးဟာ သိပ်ကို အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ မိန်းကလေးသာမက ယောကျ်ားလေးပရိတ်သတ်တွေပါ သည်းသည်းလှုပ် သဘောကျ ရော်ကာကြီး ကိုဝန ရဲ့ စတိုင်လ်ကတော့ တကယ်ကို ကြွေလောက်စရာဖြစ်ပါတယ်။အရပ်မြင့်မြင့်၊ နှာတံမျက်ခုံးကောင်းကောင်းနဲ့ ရော်ခ့်ဂီတကို  လုံးဝ ရူးသွပ်သူမို့ ဝနဟာ ဆံပင်အရှည်ထားထားပါတယ်။

အဆိုတော် ဝန ကတော့ တကယ်ကို ရိုးရှင်းတာကို ကြိုက်တာကြောင့် Mediaတွေနဲ့ စိတ်ရှူပ်မခံသလို  interviewတွေလည်း ဖြေတာနည်းပါတယ်။ Facebook အကောင့်ကို followers တွေနဲ့ မသုံးပဲ အေးအေးဆေးဆေး personal Account တစ်ခုတည်းသာ Friend onlyနဲ့ သုံးပါတယ်။ အဆိုတော် ဝန ဟာ လူပျိုလား၊ လူလွတ်လား သေချာ မသိနေကြတဲ့ ပရိသတ်တွေအတွက်  ဝနမှာ အိမ်ထောင်ရှိပါတယ်။

ဝန ရဲ့ ပါရမီဖြည့်ဘက်ဟာလည်း  ဝါသနာတူ၊ မိတ်ဖက် အဆိုတော်မလေး တစ်ဦးဖြစ်ပြီး ဒီJuneလ  24ရက်နေ့မှာ ချစ်သူသက်တမ်း (၉)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော်ဝန ရဲ့ ချစ်သူနာမည်ကတော့ အောင်းနီ ဖြစ်ပြီး မြစ်ကြီးနားသူ၊ ကချင်လူမျိုး ဖြစ်ပါတယ်။ဂီတဝါသနာရှင် အဆိုတော်တစ်ဦး မကြာခင်က သူမဟာလည်း “ပျံသန်းလိုက်” ဆိုတဲ့ သီချင်းAlbumကို  ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

ဝန ရယ်လို့  မအောင်ခင် ၊ လူသိမများခင်ထဲက ဂီတလမ်းမှာ ဝါသနာတူ အတူတွဲ အေးအတူပူအမျှလျှောက်လှမ်းလာခဲ့ပြီး ခုချိန်ထိ သူတို့ အချစ်တွေ ခိုင်မြဲနေဆဲဖြစ်ပါတယ်။ ဝန ကို သဘာဝ အဆိုတော် လို့ ခေါ်ကြသလို တိုင်းရင်းသားမို့ တကယ့်ကို ဟိတ်ဟန်မရှိပဲ ရိုးသားပွင့်လင်းပြီး ဟာသညဏ်ရွှင်တဲ့ ရှားမှရှား အဆိုတော်ဖြစ်ပါတယ်။မအောင်မြင်ခင်နဲ့ အောင်မြင်ပြီး စပ်ကြားမှာ အနုပညာရှင်စုံတွဲတွေဟာ အကွဲအပြတ်တွေ များကြသမို့  အချိန်တွေအကြာကြီး နားလည်မှုတစ်ခုထဲနဲ့ ချစ်ကြဖို့ဆိုတာ တကယ်တော့မလွယ်လှပါဘူး။

ရော်ခ့် အဆိုတော်ကြီး ဝန နဲ့ ဇနီး မအောင်းနီ တို့ မင်္ဂလာ မဲ့ အချိန်နဲ့ပက်သတ်ပြီး “မင်္ဂလာဆောင် က ဒီနှစ်ကုန်မှာ လုပ်ဖြစ်မယ်။ မလုပ်ဖြစ်ရင်တော့ နောက်နှစ် နှစ်ဆန်းပိုင်းလောက်မှာ လုပ်ဖို့ စီစဉ်ထားတယ်။ ချစ်သူ သက်တမ်းက (၉ ) နှစ်ရှိပြီ။ ရက် အတိအကျ သိရလို့ရှိရင် အကုန်လုံးကို ဖိတ်မယ်။ နှစ်ယောက်စလုံးက မြစ်ကြီးနားဇာတိမို့ အဲမှာပဲ မင်္ဂလာဆောင်မယ်။ မင်္ဂလာပွဲကိုလည်း ရိုးရိုးလေးပဲ ကျင်းပဖြစ်မယ်” လို့ အဆိုတော် ဝန နှင့် အောင်းနီ တို့ ချစ်သူ နှစ်ဦးကပြောပြခဲ့ပါတယ်။

အဆိုတော် ဝန နှင့် အောင်းနီ တို့ချစ်သူနှစ်ဦး နောင်နှစ်ပေါင်းများစွာ အချစ်တွေနဲ့ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဝနပရိသတ်များ ဆက်လက်အားပေးပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: swelsonenews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top