×

ရွမ္းျပည္နယ္ ( အေရွ႕ပိုင္း )က်ိဳင္းတံုၿမိဳ႕တြင္ လမ္းေဘး၌ဖုန္းေဆာ့ေနစဥ္ လူငယ္ ( ၇ )ဦးအဖြဲ႕က ဓား၊သံတုတ္တို႔ျဖင့္ ဝိုင္းဝန္းရိုက္ႏွက္သျဖင့္ဒဏ္ရာရသြားသည့္လူငယ္မွာ ေဆးကုသမူခံယူစဥ္ ေသဆံုးသြားေၾကာင္းသိရိွရသည္။

ျဖစ္စဥ္တြင္ ၂၀၁၈ ခုႏွစ္၊စက္တင္ဘာလ ( ၁၀ )ရက္ေန႔ စိုင္းရီတစ္ ( ခ) ခ်င္ဆမ္၊စိုင္းမြန္းလားႏွင့္ ေက်ာ္ရီွမြန္တို႔သည္ ၿမိဳ႕မေဘာလံုးကြင္းတြင္ ေဘာလံုးပြဲၾကည့္ၿပီးေနာက္ ေလယာဥ္ကြင္းလမ္းအတိုင္းဆိုင္ကယ္ျဖင့္ ျပန္လာၿပီး လမ္းတြင္ဆိုင္ကယ္ရပ္၍ ဖုန္းေဆာ့ေနၾကစဥ္ တုတ္၊ဓားမ်ားကိုင္ေဆာင္ထားသည့္လူငယ္ ( ၇ )ဦးေရာက္လာရင္း ဝိုင္းဝန္းရိုက္ႏွက္ခံရ၍ ရိုက္ႏွက္ခံရသူ စိုင္းရီတစ္ ( ခ ) ခ်င္ဆမ္ အသက္ ( ၁၅ )ႏွစ္တြင္ မ်က္ႏွာႏွင့္လက္တို႔တြင္ဓားဒဏ္ရာမ်ားရရိွခဲ့ၿပီး က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ကုသစဥ္ စက္တင္ဘာ ( ၁၁ )ရက္ေန႔ေသဆံုးသြားသည္ဟု စံုစမ္းသိရိွရပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အုပ္စုဖြဲ႕ရိုက္ႏွက္ၾကသည့္
တရားခံမ်ား အိုက္ပီး ( ခ )စိုင္းရဲွန္တစ္၊အိုက္ဝမ္း ( ခ )စိုင္းရွဲန္ဝမ္း၊အိုက္သား ( ခ )ေအာင္ျမတ္ဦး၊အိုက္ဆမ္၊စိုင္းတစ္ ( ခ )အိုက္ေနာ့၊အိုက္ေဆာင္ႏွင့္ စိုင္းေထာင္းခမ္း ( ခ) အိုက္ေထာင္းပါ ( ၇ )ဦးတို႔အားက်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ( ပ)၃၆၅/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၁၁၄ျဖင့္ စက္တင္ဘာ ( ၁၀ )ရက္ေန႔တြင္ အမူဖြင့္အေရးယူထားၿပီး ရိုက္ႏွက္ခံရသူသည္ ေသဆံုးသြားသည့္အတြက္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၄ျဖင့္ေျပာင္းလဲစစ္ေဆးအေရးယူေဆာင္ရြက္လွ်က္ရိွေၾကာင္း ရွမ္းျပည္နယ္ ( ေရွ႕ )ရဲတပ္ဖြဲ႕ရံုးမွ စံုစမ္းသိရိွရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရဲတပ္ဖြဲ႕

#Unicode Version#

ရှမ်းပြည်နယ် ( အရှေ့ပိုင်း )ကျိုင်းတုံမြို့တွင် လမ်းဘေး၌ဖုန်းဆော့နေစဉ် လူငယ် ( ၇ )ဦးအဖွဲ့က ဓား၊သံတုတ်တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်သဖြင့်ဒဏ်ရာရသွားသည့်လူငယ်မှာ ဆေးကုသမူခံယူစဉ် သေဆုံးသွားကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင် ၂၀၁၈ ခုနှစ်၊စက်တင်ဘာလ ( ၁၀ )ရက်နေ့ စိုင်းရီတစ် ( ခ) ချင်ဆမ်၊စိုင်းမွန်းလားနှင့် ကျော်ရှီမွန်တို့သည် မြို့မဘောလုံးကွင်းတွင် ဘောလုံးပွဲကြည့်ပြီးနောက် လေယာဉ်ကွင်းလမ်းအတိုင်းဆိုင်ကယ်ဖြင့် ပြန်လာပြီး လမ်းတွင်ဆိုင်ကယ်ရပ်၍ ဖုန်းဆော့နေကြစဉ် တုတ်၊ဓားများကိုင်ဆောင်ထားသည့်လူငယ် ( ၇ )ဦးရောက်လာရင်း ဝိုင်းဝန်းရိုက်နှက်ခံရ၍ ရိုက်နှက်ခံရသူ စိုင်းရီတစ် ( ခ ) ချင်ဆမ် အသက် ( ၁၅ )နှစ်တွင် မျက်နှာနှင့်လက်တို့တွင်ဓားဒဏ်ရာများရရှိခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသစဉ် စက်တင်ဘာ ( ၁၁ )ရက်နေ့သေဆုံးသွားသည်ဟု စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အုပ်စုဖွဲ့ရိုက်နှက်ကြသည့်
တရားခံများ အိုက်ပီး ( ခ )စိုင်းရဲှန်တစ်၊အိုက်ဝမ်း ( ခ )စိုင်းရှဲန်ဝမ်း၊အိုက်သား ( ခ )အောင်မြတ်ဦး၊အိုက်ဆမ်၊စိုင်းတစ် ( ခ )အိုက်နော့၊အိုက်ဆောင်နှင့် စိုင်းထောင်းခမ်း ( ခ) အိုက်ထောင်းပါ ( ၇ )ဦးတို့အားကျိုင်းတုံမြို့မရဲစခန်းတွင် ( ပ)၃၆၅/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ဖြင့် စက်တင်ဘာ ( ၁၀ )ရက်နေ့တွင် အမူဖွင့်အရေးယူထားပြီး ရိုက်နှက်ခံရသူသည် သေဆုံးသွားသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ဖြင့်ပြောင်းလဲစစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရှမ်းပြည်နယ် ( ရှေ့ )ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ရဲတပ်ဖွဲ့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top