(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ထိန္းသိမ္းေစာင့္ေရွာက္ထားေသာ ေခြးမ်ား (ဓာတ္ပံု − မ်ိဳးမင္းဦး)

စစ္ကိုင္းၿမိဳ႕တြင္ ေခြးႏွင့္ ေၾကာင္ အေကာင္ ၆၀၀ ခန္႔ကို ၿခံႏွစ္ၿခံတြင္ ထိန္းသိမ္းေစာင့္ ေရွာက္ထားၿပီး ၎တို႔ကို အစာေကြၽးေမြးရန္ အလွဴရွင္လိုအပ္ေနေၾကာင္း ေခြးႏွင့္ ေၾကာင္မ်ားေမြးျမဴထားေသာ မေစာသဲဦးက ေျပာၾကားသည္။

လြန္ခဲ့သည့္ သံုးႏွစ္ခန္႔ကစ တင္၍ ေလလြင့္ေခြးႏွင့္ ေၾကာင္ မ်ားကုိ ကယ္တင္ခဲ့ရာ ယခုအခါေခြးအေကာင္ ၅၀၀ ႏွင့္ ေၾကာင္ အေကာင္ ၁၀၀ ခန္႔ ထိန္းသိမ္းေစာင့္ေရွာက္ထားၿပီး ယခုႏွစ္ စက္တင္ဘာလဆန္းတြင္ အစာ ေကြၽးေမြးရန္ အခက္အခဲႀကံဳေတြ႕ ေနသည္ဟု ဆိုသည္။


‘‘ေခြးအေကာင္ ၅၀၀ နဲ႔ ေၾကာင္အေကာင္ ၁၀၀ အတြက္ အစာဖိုးက တစ္ရက္ ႏွစ္သိန္းခြဲခန္႔ကုန္တယ္။ အညံ့ဆံုးဆန္၊ အညံ့ ဆံုးငါးအ႐ိုးနဲ႔ ၀ယ္ေကြၽးတာပါ။ ကုန္က်စရိတ္ထပ္ေလွ်ာ့ဖို႔ မရ လို႔ပါ။ လစဥ္ က်ပ္ ၅,၀၀၀၊ က်ပ္ ၁၀,၀၀၀ လွဴဒါန္းတဲ့သူက ၄၀ ေက်ာ္ ၅၀ နီးပါးရွိတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံ အလွဴရွင္နည္းတဲ့ အခါ ေခြးေလးေတြ၊ ေၾကာင္ေလး ေတြ ေကြၽးေမြးဖို႔ အစာအခက္အခဲ ျဖစ္တာပါ’’ဟု မေစာသဲဦးက ေျပာသည္။

ၿပီးခဲ့သည့္ ေလးလခန္႔ကစ တင္၍ ေခြးႏွင့္ ေၾကာင္မ်ားအစာေကြၽးေမြးရန္ အခက္အခဲႏွင့္ ရင္ဆိုင္ခဲ့ရသျဖင့္ က်ပ္သိန္း ၄၀ ေက်ာ္စိုက္ထုတ္ ေကြၽးေမြးခဲ့ေၾကာင္း မေစာသဲဦးက ဆက္လက္ေျပာၾကားသည္။

စစ္ကိုင္းၿမိဳ႕ မင္းကြန္းကား လမ္းေဘး ၀ါးခ်က္ေဆး႐ုံအနီး အာေလာင္ေက်းရြာ ရွစ္မ်က္ႏွာ ေခ်ာင္သြား ကြန္ကရစ္လမ္းေဘး ရွိ ေခြးၿခံတြင္ ေခြးအေကာင္ ၅၀၀ ႏွင့္ ထန္းေတာေက်းရြာအထက္ တန္းေက်ာင္းအနီးရွိ ေၾကာင္ၿခံ တြင္ ေၾကာင္အေကာင္ ၁၀၀ ကို ထိန္းသိမ္း ေစာင့္ေရွာက္ထားသည္။

‘‘လာမယ့္ ႏို၀င္ဘာမွာ ေခြးထီးေတြေရာ၊ ေခြးမေတြပါ သားေၾကာျဖတ္တာ သင္ေပးတာ ေတြကို တိေမြးကုဆရာ၀န္ေတြနဲ႔ လုပ္မွာပါ။ ဒီေခြးေတြက ကား တိုက္၊ လူ႐ိုက္၊ အနာေရာဂါျဖစ္ ေနလို႔ ကယ္တင္ကုသေပးတာပါ။ လူကိုက္လို႔ အသတ္ခံရေတာ့မယ့္ ေခြးေတြကို ကူညီကယ္တင္ထား တယ္။ အမ်ားျပည္သူသြားလာတဲ့ ေနရာမွာ ေခြးေတြမ်ားေနလို႔ စည္ ပင္က အဆိပ္ခ်ရွင္းလင္းမယ့္ ေခြးေလးေတြေခၚယူထားတာပါ။ အိမ္ ေတြမွာ ေၾကာင္ေတြမႏိုင္ေတာ့လို႔ ဆိုၿပီး စြန္႔ပစ္ခံရတဲ့ ေၾကာင္ေလး ေတြကို ၿခံမွာလက္ခံခဲ့တာပါ။ ေခြးနဲ႔ေၾကာင္ကေလးေတြကို အသတ္ မခံရေအာင္ ကယ္တင္တာကို ႏုိင္ တဲ့၀န္ထမ္းရင္းနဲ႔ အစာေကြၽးဖို႔ အခက္အခဲႀကံဳေတြ႔ရတာပါ’’ဟု စစ္ကိုင္းၿမိဳ႕ ေခြးႏွင့္ ေၾကာင္ထိန္း သိမ္းေရး ၿခံရိွတာ၀န္ရွိသူတစ္ဦး က ေျပာသည္။

စစ္ကိုင္းၿမိဳ႕ရွိ ေခြးႏွင့္ ေၾကာင္မ်ား အစာေကြၽးေမြးရန္ အနယ္နယ္အရပ္ရပ္မွ လွဴဒါန္းလိုပါက ဖုန္း - ၀၉-၇၇၂၃၀၁၈၆၄ ႏွင့္ ၀၉ - ၉၇၆၈၅၅၃၃၉ သို႔ ဆက္သြယ္ႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ထိန်းသိမ်းစောင့်ရှောက်ထားသော ခွေးများ (ဓာတ်ပုံ − မျိုးမင်းဦး)

စစ်ကိုင်းမြို့တွင် ခွေးနှင့် ကြောင် အကောင် ၆၀၀ ခန့်ကို ခြံနှစ်ခြံတွင် ထိန်းသိမ်းစောင့် ရှောက်ထားပြီး ၎င်းတို့ကို အစာကျွေးမွေးရန် အလှူရှင်လိုအပ်နေကြောင်း ခွေးနှင့် ကြောင်များမွေးမြူထားသော မစောသဲဦးက ပြောကြားသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်ကစ တင်၍ လေလွင့်ခွေးနှင့် ကြောင် များကို ကယ်တင်ခဲ့ရာ ယခုအခါခွေးအကောင် ၅၀၀ နှင့် ကြောင် အကောင် ၁၀၀ ခန့် ထိန်းသိမ်းစောင့်ရှောက်ထားပြီး ယခုနှစ် စက်တင်ဘာလဆန်းတွင် အစာ ကျွေးမွေးရန် အခက်အခဲကြုံတွေ့ နေသည်ဟု ဆိုသည်။


‘‘ခွေးအကောင် ၅၀၀ နဲ့ ကြောင်အကောင် ၁၀၀ အတွက် အစာဖိုးက တစ်ရက် နှစ်သိန်းခွဲခန့်ကုန်တယ်။ အညံ့ဆုံးဆန်၊ အညံ့ ဆုံးငါးအရိုးနဲ့ ဝယ်ကျွေးတာပါ။ ကုန်ကျစရိတ်ထပ်လျှော့ဖို့ မရ လို့ပါ။ လစဉ် ကျပ် ၅,၀၀၀၊ ကျပ် ၁၀,၀၀၀ လှူဒါန်းတဲ့သူက ၄၀ ကျော် ၅၀ နီးပါးရှိတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အလှူရှင်နည်းတဲ့ အခါ ခွေးလေးတွေ၊ ကြောင်လေး တွေ ကျွေးမွေးဖို့ အစာအခက်အခဲ ဖြစ်တာပါ’’ဟု မစောသဲဦးက ပြောသည်။

ပြီးခဲ့သည့် လေးလခန့်ကစ တင်၍ ခွေးနှင့် ကြောင်များအစာကျွေးမွေးရန် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ကျပ်သိန်း ၄၀ ကျော်စိုက်ထုတ် ကျွေးမွေးခဲ့ကြောင်း မစောသဲဦးက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းမြို့ မင်းကွန်းကား လမ်းဘေး ဝါးချက်ဆေးရုံအနီး အာလောင်ကျေးရွာ ရှစ်မျက်နှာ ချောင်သွား ကွန်ကရစ်လမ်းဘေး ရှိ ခွေးခြံတွင် ခွေးအကောင် ၅၀၀ နှင့် ထန်းတောကျေးရွာအထက် တန်းကျောင်းအနီးရှိ ကြောင်ခြံ တွင် ကြောင်အကောင် ၁၀၀ ကို ထိန်းသိမ်း စောင့်ရှောက်ထားသည်။

‘‘လာမယ့် နိုဝင်ဘာမှာ ခွေးထီးတွေရော၊ ခွေးမတွေပါ သားကြောဖြတ်တာ သင်ပေးတာ တွေကို တိမွေးကုဆရာဝန်တွေနဲ့ လုပ်မှာပါ။ ဒီခွေးတွေက ကား တိုက်၊ လူရိုက်၊ အနာရောဂါဖြစ် နေလို့ ကယ်တင်ကုသပေးတာပါ။ လူကိုက်လို့ အသတ်ခံရတော့မယ့် ခွေးတွေကို ကူညီကယ်တင်ထား တယ်။ အများပြည်သူသွားလာတဲ့ နေရာမှာ ခွေးတွေများနေလို့ စည် ပင်က အဆိပ်ချရှင်းလင်းမယ့် ခွေးလေးတွေခေါ်ယူထားတာပါ။ အိမ် တွေမှာ ကြောင်တွေမနိုင်တော့လို့ ဆိုပြီး စွန့်ပစ်ခံရတဲ့ ကြောင်လေး တွေကို ခြံမှာလက်ခံခဲ့တာပါ။ ခွေးနဲ့ကြောင်ကလေးတွေကို အသတ် မခံရအောင် ကယ်တင်တာကို နိုင် တဲ့ဝန်ထမ်းရင်းနဲ့ အစာကျွေးဖို့ အခက်အခဲကြုံတွေ့ရတာပါ’’ဟု စစ်ကိုင်းမြို့ ခွေးနှင့် ကြောင်ထိန်း သိမ်းရေး ခြံရှိတာဝန်ရှိသူတစ်ဦး က ပြောသည်။

စစ်ကိုင်းမြို့ရှိ ခွေးနှင့် ကြောင်များ အစာကျွေးမွေးရန် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းလိုပါက ဖုန်း - ၀၉-၇၇၂၃၀၁၈၆၄ နှင့် ၀၉ - ၉၇၆၈၅၅၃၃၉ သို့ ဆက်သွယ်နိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top