×



ထားပါ့မလားတဲ့??



Credit: သက်​နိုင်​ဦး

#Unicode Version#
ဆရာမလေးရဲ့မောင်အရင်းအဲဇော်(ခ)အောင်ဇော်ဝင်းကအမှန်တရားဂျာနယ်ကိုအမှန်တရားအတိုင်းဖြစ်စေဖို့ကူညီပေးဖို့ဆက်သွယ်အကူအညီတောင်းလာပါတယ်။သူ့အမ ဆရာမလေးမသန်းသန်းမြင့်ကတရားရုံးမှာ ဦးဝရိန်မိုးကိစ္စ ရုံးချိန်းမှာတစ်နေကုန်ရင်ဆိုင်ပြီးလို့အိမ်အပြန် မြို့အထွက်ကနေစောင့်ပြီးသတင်းအရ ရှာစရာရှိတယ်ဆိုပြီးရှာတာပါတဲ့??

သတင်းပေးသူကတော့ ပြောခွင့်မရှိလို့မပြောပါဘူးတဲ့??သတင်းရတာဆိုတရားရုံးမှရပ်ထားတုံးက ဘာလို့လာမရှာတာလည်းတဲ့??မြို့ထဲမှာလည်း တား မရှာပဲမြို့ထွက်ကြမှ ဘာလုပ်လာရှာတာလည်းတဲ့??ရှာတော့လည်း တစ်ယောက်တည်းကိုအုံပြီးရှာတာတဲ့??ဆေးပြား 12 ပြားအထုပ်လေးကိုတွေ့တယ်ဆိုပြီးဖမ်းတာတဲ့???

ဆေးပြားတွေက ဆရာမလေးလွယ်ထားတဲ့အိတ်ထဲကတွေ့တာမဟုတ်ဘဲ မည်သူမဆိုလာထည့်နိုင်တဲ့ဆိုင်ကယ်ရဲ့ရှေ့ခွက်ထဲကတွေ့တာပါလို့ပြောပါတယ်။ဆရာမလေးက သူ့ဆေးပြားဆိုရင်
တရားရုံးကိုယူလာပါ့မလားတဲ့??နောက်ပြီး ယူလာတယ်ဆိုရင်လည်းဆရာမလေးလွယ်ထားတဲ့အိတ်ထဲကအတွင်းအိတ်တွေမှာထားမှာပေါ့တဲ့??အခုလို အများမြင်လွယ်တဲ့ ဆိုင်ကယ်ရှေ့ခွက်မှာ
ထားပါ့မလားတဲ့??

သူများလုပ်ကြံတာခံရပါတယ်လို့ ဆရာမလေးရဲ့မောင်အောင်ဇော်ဝင်း (ခ)အဲဇော်ကပြောပါတယ်။အဲဇော် ကိုမေးမြန်းလိုသူများ
09400507556နဲ့09346081003ကိုဆက်သွယ်မေးမြန်းနိုင်ပါကြောင်းသူ့အမ မှာအဲ့လိုဆေးပြားမလုပ်ကြောင်းအဲဇော်က ကျိန်ဆိုပြောနိုင်ပါကြောင်းသူတို့မောင်နှမမှာ ဆင်းရဲလို့အားကိုးစရာ မရှိလို့သတင်းဌာနများကအမှန်တရားဖော်ထုတ်ပေးဖို့ဆရာမလေးရဲ့မောင်အရင်းအဲဇော် ကပြောလာလို့အမှန်တရား သတင်းဂျာနယ်ကဖော်ပြပေးလိုက်ပါတယ်။

ကဲမှုခင်းကူညိမှု ပရဟိတအဖွဲ့တွေကဆရာမလေးကအမှန်နစ်နာသူဟုတ်မဟုတ် စုံစမ်းပြီးအမှန်နစ်နာသူဆိုရင်တော့ကူညီပေးကြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: သက်နိူင်ဦး
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top