(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

တစ္ကိုယ္ေတာ္ေဖ်ာ္ ေျဖပြဲလက္မွတ္ကို စက္တင္ ဘာ ၁၆ ရက္တြင္ ေရာင္းခ်မည္ျဖစ္ကာ တစ္ဦးလွ်င္ ႏွစ္ေစာင္သာေရာင္းခ်မည္ဟု စိုင္းစိုင္းခမ္းလိႈင္က လူမႈ ကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ ပရိသတ္ကို အသိေပးခဲ့သည္။

‘‘အမ်ဳိးသားဇာတ္႐ုံမွာ ထိုင္ ခံု ၁,၄၆၀ ပဲရွိတာေၾကာင့္ တစ္ ေယာက္တည္းကေန အမ်ားႀကီး ၀ယ္သြားတာမ်ဳိးမျဖစ္ေအာင္ အားလံုးမွ်မွ်တတျဖစ္ေအာင္ လူ တစ္ေယာက္ကို Only Two Tickets (လက္မွတ္ ႏွစ္ေစာင္စီ) ေရာင္းပါမယ္ခင္ဗ်ာ’’ဟု စိုင္းစိုင္း ခမ္းလိႈင္က စက္တင္ဘာ ၁၀ ရက္တြင္ ၎၏ Fan Page စာမ်က္ႏွာ၌ ေရးသားထားသည္။

လက္မွတ္မ်ားကို စက္တင္ ဘာ ၁၆ ရက္တြင္ Junction City ငါးလႊာရွိ ပ႐ိုမိုးရွင္းဧရိယာျပဳလုပ္မည္ျဖစ္ၿပီး ယင္းေန႔အၿပီးတြင္ က်န္ရွိသည့္လက္မွတ္မ်ားကို (ျမန္ပြဲ) Myanpwel ေဟာ့လိုင္း ၀၉ ၄၄၅၁၅၁၀၁၀ ၌   ဆက္ လက္ေရာင္းခ်မည္ဟု ၎က ေရး သားထားသည္။

‘ၿပီးခဲ့ေသာ ဇာတ္လမ္းအ က်ဥ္း’အမည္ရွိ အဆိုပါ ေဖ်ာ္ေျဖပြဲကို ေအာက္တိုဘာ ၁၄ ရက္တြင္ အမ်ဳိးသားကဇာတ္႐ုံ၌ ျပဳလုပ္မည္ျဖစ္ကာ Dream Lovers တီး၀ိုင္း၊ ဂီတကဗ်ာ Orcheestra အဖြဲ႕တို႔ႏွင့္ ပူးေပါင္းတင္ဆက္မည္ ျဖစ္သည္။

‘‘သီခ်င္းေတြက အခုမွ Arrange လုပ္ေနတာဆိုေတာ့ ဘယ္ႏွပုဒ္ဆိုပါမယ္။   ဘယ္သီ ခ်င္းေတြပါမယ္ဆိုတာကို အတိအက်ေျပာလို႔မရေသးပါဘူး’’ဟု စိုင္းစိုင္းခမ္းလိႈင္၏ မန္ေနဂ်ာက ေျပာသည္။

‘‘စိုင္းစိုင္းနဲ႔ ၿပီးခဲ့ေသာ ဇာတ္ လမ္းဘာေတြရွိခဲ့ဖူးပါသလဲ ေအာ္ တိုလက္မွတ္သိမ္းထားတာရွိပါ သလား?၊ တြဲ႐ိုက္ဖူးတဲ့ ဓာတ္ပံုရွိ လား?၊ အမွတ္တရလက္ေဆာင္ ဘာညာ? အမွတ္တရေတြ အကုန္ လံုး Comment မွာတင္ေပးပါ’’ဟုစက္တင္ဘာ ၈ ရက္က စိုင္းစိုင္း ခမ္းလိႈင္၏ Fan Page စာမ်က္ႏွာ ၌ ေၾကညာခဲ့ရာ ပရိသတ္ ၂,၀၀၀ ေက်ာ္က ယင္းပို႔စ္ေအာက္တြင္ မွတ္ခ်က္ ၂,၀၀၀ ေက်ာ္၀င္ ေရာက္ေရးသားခဲ့သည္။

စိုင္းစိုင္းခမ္းလိႈင္က ယခုႏွစ္ အတြင္း တစ္ကိုယ္ေတာ္အေခြအ သစ္အေနျဖင့္ ‘စိုင္းစိုင္းက စိုင္း စိုင္း’အေခြကို ျဖန္႔ခ်ိထားၿပီး ႏွစ္စဥ္ျပဳလုပ္ေနက် ေမြးေန႔ေဖ်ာ္ေျဖပြဲကို ဧၿပီ ၁၀ ရက္တြင္ ျပဳလုပ္ခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ကိုယ်တော်ဖျော် ဖြေပွဲလက်မှတ်ကို စက်တင် ဘာ ၁၆ ရက်တွင် ရောင်းချမည်ဖြစ်ကာ တစ်ဦးလျှင် နှစ်စောင်သာရောင်းချမည်ဟု စိုင်းစိုင်းခမ်းလှိုင်က လူမှု ကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်ကို အသိပေးခဲ့သည်။

‘‘အမျိုးသားဇာတ်ရုံမှာ ထိုင် ခုံ ၁,၄၆၀ ပဲရှိတာကြောင့် တစ် ယောက်တည်းကနေ အများကြီး ဝယ်သွားတာမျိုးမဖြစ်အောင် အားလုံးမျှမျှတတဖြစ်အောင် လူ တစ်ယောက်ကို Only Two Tickets (လက်မှတ် နှစ်စောင်စီ) ရောင်းပါမယ်ခင်ဗျာ’’ဟု စိုင်းစိုင်း ခမ်းလှိုင်က စက်တင်ဘာ ၁၀ ရက်တွင် ၎င်း၏ Fan Page စာမျက်နှာ၌ ရေးသားထားသည်။

လက်မှတ်များကို စက်တင် ဘာ ၁၆ ရက်တွင် Junction City ငါးလွှာရှိ ပရိုမိုးရှင်းဧရိယာပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့အပြီးတွင် ကျန်ရှိသည့်လက်မှတ်များကို (မြန်ပွဲ) Myanpwel ဟော့လိုင်း ၀၉ ၄၄၅၁၅၁၀၁၀ ၌   ဆက် လက်ရောင်းချမည်ဟု ၎င်းက ရေး သားထားသည်။

‘ပြီးခဲ့သော ဇာတ်လမ်းအ ကျဉ်း’အမည်ရှိ အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၄ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ကာ Dream Lovers တီးဝိုင်း၊ ဂီတကဗျာ Orcheestra အဖွဲ့တို့နှင့် ပူးပေါင်းတင်ဆက်မည် ဖြစ်သည်။

‘‘သီချင်းတွေက အခုမှ Arrange လုပ်နေတာဆိုတော့ ဘယ်နှပုဒ်ဆိုပါမယ်။   ဘယ်သီ ချင်းတွေပါမယ်ဆိုတာကို အတိအကျပြောလို့မရသေးပါဘူး’’ဟု စိုင်းစိုင်းခမ်းလှိုင်၏ မန်နေဂျာက ပြောသည်။

‘‘စိုင်းစိုင်းနဲ့ ပြီးခဲ့သော ဇာတ် လမ်းဘာတွေရှိခဲ့ဖူးပါသလဲ အော် တိုလက်မှတ်သိမ်းထားတာရှိပါ သလား?၊ တွဲရိုက်ဖူးတဲ့ ဓာတ်ပုံရှိ လား?၊ အမှတ်တရလက်ဆောင် ဘာညာ? အမှတ်တရတွေ အကုန် လုံး Comment မှာတင်ပေးပါ’’ဟုစက်တင်ဘာ ၈ ရက်က စိုင်းစိုင်း ခမ်းလှိုင်၏ Fan Page စာမျက်နှာ ၌ ကြေညာခဲ့ရာ ပရိသတ် ၂,၀၀၀ ကျော်က ယင်းပို့စ်အောက်တွင် မှတ်ချက် ၂,၀၀၀ ကျော်ဝင် ရောက်ရေးသားခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ် အတွင်း တစ်ကိုယ်တော်အခွေအ သစ်အနေဖြင့် ‘စိုင်းစိုင်းက စိုင်း စိုင်း’အခွေကို ဖြန့်ချိထားပြီး နှစ်စဉ်ပြုလုပ်နေကျ မွေးနေ့ဖျော်ဖြေပွဲကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top