(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

အိႏၵိယႏုိင္ငံက အဖြားအုိတစ္ဦးဟာ အသက္(၇၂)အရြယ္ ေရာက္မွ သူမရဲ႕ ပထမဆုံးရင္ေသြးေလးကို ရယူႏုိင္ခဲ့ပါတယ္။ တကယ္ဆုိရင္ အမ်ိဳးသမီးတုိ႔ရဲ႕ ေသြးဆုံးတဲ့အရြယ္ဟာ အသက္(၄၅~၅၀)ဝန္းက်င္အတြင္းမွာ ျဖစ္ၿပီး၊ အဲဒီေနာက္ပုိင္းမွာ သဘာဝနည္းလမ္းနဲ႔ ကေလးယူႏုိင္ဖုိ႔ အေတာ္ေလးကို အလားအလာ နည္းသြားၿပီ ျဖစ္ပါတယ္။

သုိ႔ေသာ္လည္း တစ္ခ်ိဳ႕အမ်ိဳးသမီးေတြဟာ အသက္ (၆၀)ေလာက္မွ ေသြးဆုံးတာမ်ိဳးလည္း ရွိပါတယ္။ ဒါကေတာ့ အလြန္ရွားပါးတဲ့ ျဖစ္စဥ္ပါ။ အခု အသက္(၇၂)အရြယ္ Daljinder Kaur ကေတာ့ သဘာဝနည္းနဲ႔ ကေလးရယူခဲ့တာမဟုတ္ဘဲ၊ ေခတ္ေပၚ IVF နည္းပညာနဲ႔ ကေလးရယူခဲ့တာျဖစ္ပါတယ္။ Kaur ရဲ႕ ခင္ပြန္းသည္ကေတာ့ အသက္ (၇၉)ႏွစ္ ရွိေနၿပီျဖစ္ၿပီး Mohinder Singh Gill လုိ႔ အမည္ရပါတယ္။ သူတုိ႔ႏွစ္ဦးဟာ ဒီအသက္အရြယ္ ေရာက္လာသည္အထိ သားေထာက္သမီးခံ မရွိခဲ့ဘဲ၊ Haryana ၿမိဳ႕မွာ အထီးက်န္စြာ ဘဝကို ျဖတ္သန္းခဲ့ရတာပါ။

ဒါေပမယ့္ ေနာက္ပိုင္းမွာ သုတ္ပုိးအလွဴရွင္ေပၚလာခဲ့ၿပီးေနာက္ သားျဖစ္သူ Arman ကုိ ေကာင္းမြန္ေအာင္ျမင္စြာ ေမြးဖြားႏုိင္ခဲ့တာျဖစ္ပါတယ္။ ကေလးကို Haryana ၿမိဳ႕က National Fertility & Test Tube Baby Centre က ေအာင္ျမင္စြာ IVF လုပ္ေပးႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဂါဒီယန္းသတင္းစာမွာေတာ့ မိခင္ျဖစ္သူ Kaur ရဲ႕ အသက္ဟာ (၇၂)ႏွစ္လုိ႔ အတိအက် မွတ္ယူလုိ႔မရေၾကာင္း၊ သူမမွာ ေမြးစာရင္းနဲ႔မွတ္ပုံတင္မရွိလုိ႔ ဒီထက္ႀကီးခ်င္ႀကီးမယ္ ငယ္ခ်င္ငယ္ႏုိင္တယ္လုိ႔ သိရပါတယ္။ Kaur နဲ႔ Gill တုိ႔ဟာ အိမ္ေထာင္သက္(၄၆)ႏွစ္ ၾကာေနၿပီျဖစ္ၿပီး၊ အခုေတာ့ သူတုိ႔ဘဝရဲ႕ ဆည္းလည္းသံေလးကို စတင္ၾကားနာခြင့္ ရေတာ့မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Myanmar Note

#Unicode Version#

အိန္ဒိယနိုင်ငံက အဖွားအိုတစ်ဦးဟာ အသက်(၇၂)အရွယ် ရောက်မှ သူမရဲ့ ပထမဆုံးရင်သွေးလေးကို ရယူနိုင်ခဲ့ပါတယ်။ တကယ်ဆိုရင် အမျိုးသမီးတို့ရဲ့ သွေးဆုံးတဲ့အရွယ်ဟာ အသက်(၄၅~၅၀)ဝန်းကျင်အတွင်းမှာ ဖြစ်ပြီး၊ အဲဒီနောက်ပိုင်းမှာ သဘာဝနည်းလမ်းနဲ့ ကလေးယူနိုင်ဖို့ အတော်လေးကို အလားအလာ နည်းသွားပြီ ဖြစ်ပါတယ်။

သို့သော်လည်း တစ်ချို့အမျိုးသမီးတွေဟာ အသက် (၆၀)လောက်မှ သွေးဆုံးတာမျိုးလည်း ရှိပါတယ်။ ဒါကတော့ အလွန်ရှားပါးတဲ့ ဖြစ်စဉ်ပါ။ အခု အသက်(၇၂)အရွယ် Daljinder Kaur ကတော့ သဘာဝနည်းနဲ့ ကလေးရယူခဲ့တာမဟုတ်ဘဲ၊ ခေတ်ပေါ် IVF နည်းပညာနဲ့ ကလေးရယူခဲ့တာဖြစ်ပါတယ်။ Kaur ရဲ့ ခင်ပွန်းသည်ကတော့ အသက် (၇၉)နှစ် ရှိနေပြီဖြစ်ပြီး Mohinder Singh Gill လို့ အမည်ရပါတယ်။ သူတို့နှစ်ဦးဟာ ဒီအသက်အရွယ် ရောက်လာသည်အထိ သားထောက်သမီးခံ မရှိခဲ့ဘဲ၊ Haryana မြို့မှာ အထီးကျန်စွာ ဘဝကို ဖြတ်သန်းခဲ့ရတာပါ။

ဒါပေမယ့် နောက်ပိုင်းမှာ သုတ်ပိုးအလှူရှင်ပေါ်လာခဲ့ပြီးနောက် သားဖြစ်သူ Arman ကို ကောင်းမွန်အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးကို Haryana မြို့က National Fertility & Test Tube Baby Centre က အောင်မြင်စွာ IVF လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂါဒီယန်းသတင်းစာမှာတော့ မိခင်ဖြစ်သူ Kaur ရဲ့ အသက်ဟာ (၇၂)နှစ်လို့ အတိအကျ မှတ်ယူလို့မရကြောင်း၊ သူမမှာ မွေးစာရင်းနဲ့မှတ်ပုံတင်မရှိလို့ ဒီထက်ကြီးချင်ကြီးမယ် ငယ်ချင်ငယ်နိုင်တယ်လို့ သိရပါတယ်။ Kaur နဲ့ Gill တို့ဟာ အိမ်ထောင်သက်(၄၆)နှစ် ကြာနေပြီဖြစ်ပြီး၊ အခုတော့ သူတို့ဘဝရဲ့ ဆည်းလည်းသံလေးကို စတင်ကြားနာခွင့် ရတော့မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:  Myanmar Note
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top