ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အျပာေရာင္ အမွတ္အ သားရရွိထားသည့္ နာေရးကူညီမႈ အသင္း (ရန္ကုန္) ဥကၠ႒ ဦးေက်ာ္ သူ၏ ေဖ့စ္ဘြတ္ခ္အေကာင့္ခိုးယူ ခံရေၾကာင္း ၎၏ ဇနီး ေဒၚျမင့္ ျမင့္ခင္ေဖက ဆုိရွယ္မီဒီယာမွ တစ္ဆင့္ ထုတ္ျပန္သည္။

အေကာင့္ ခိုးယူသူသည္ အေကာင့္အမည္ကို Ye Yint Aung ဟု ေျပာင္းလဲထားသည္။ ၎သည္ ဦးေက်ာ္သူႏွင့္ ဦးညီ ေဂ်ာ္တို႔ Messenger အတြင္း ေနာက္ေျပာင္ကာ အျပန္အလွန္ ေပးပို႔ထားသည့္ ဓာတ္ပံုမ်ားကို ျပသ၍ ၿခိမ္းေျခာက္ေနသည္ဟု ေဒၚျမင့္ျမင့္ခင္ေဖကဆုိသည္။

အေကာင့္ခိုးယူသူသည္ လက္ရွိ၌ ပ႐ိုဖိုင္ႏွင့္ ကာဗာဓာတ္ပံု ကို ေျပာင္းလဲခဲ့သည့္အျပင္ ‘ညီေဂ်ာ္ အျမန္ဆက္သြယ္ပါ’ဟူ ေသာ ပို႔စ္ကိုလည္းေရးသားခဲ့ သည္။

အေကာင့္ခိုးယူခံရျခင္းႏွင့္ ပတ္သက္၍ ဦးေက်ာ္သူထံသို႔ 7Day Daily သတင္းစာက ဆက္ သြယ္ရာ အားလပ္ျခင္းမရွိသျဖင့္ ျပန္လည္္ဆက္သြယ္ရန္ ေျပာဆို သည္။

စက္တင္ဘာအတြင္း အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ စီးပြား ေရးအႀကံေပး ေဒါက္တာေရွာင္ တာနဲလ္၏ ေဖ့စ္ဘြတ္ခ္အေကာင့္ ခိုးယူခံရၿပီး ဇြန္လအတြင္း ႏုိင္ငံ ေရးေခါင္းေဆာင္ ဦးကိုကိုႀကီးေဖ့စ္ဘြတ္ခ္အေကာင့္ ခိုးယူခံရ သည္။

၂၀၁၇ ဇူလုိင္တြင္ အႏုပညာရွင္ ၁၀ ဦးခန္႔၏ ေဖ့စ္ဘြတ္ခ္အ ေကာင့္မ်ား ခိုးယူခံခဲ့ရသည္။ အ ေကာင့္ခိုးယူသူမ်ားသည္ အႏု ပညာရွင္မ်ားထံ အခ်က္အလက္ ေပါက္ၾကားလိုျခင္းမရွိပါက က်ပ္ႏွစ္သိန္းမွ ၁၀ သိန္းအထိ လႊဲ ေျပာင္းေပးရန္ ေတာင္းဆိုခဲ့ သည္။

ေဖ့စ္ဘြတ္ခ္အေကာင့္ခိုးယူ ခံရၿပီး ေငြေၾကးလႊဲေျပာင္းရန္ ေတာင္းဆိုခံရသည့္ အႏုပညာရွင္ အခ်ိဳ႕သည္ သက္ဆုိင္ရာနယ္ေျမ ရဲစခန္းတြင္ တုိင္ၾကားခဲ့ေသာ္ လည္း ေဖာ္ထုတ္အေရးယူႏုိင္ျခင္း မရွိေပ။ အေကာင့္ခိုးခံရသူအခ်ိဳ႕ သည္ ေငြေၾကးလႊဲေျပာင္းရန္ ေတာင္းဆုိျခင္းမခံရေသာ္လည္း အေကာင့္ပိုင္ရွင္အေယာင္ေဆာင္ ကာ အသိမိတ္ေဆြမ်ားႏွင့္ ဆက္ သြယ္၍ ေငြေၾကးလႊဲေပးရန္ ေတာင္းဆိုမႈမ်ားႀကံဳေတြ႕ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#
အပြာရောင် အမှတ်အ သားရရှိထားသည့် နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော် သူ၏ ဖေ့စ်ဘွတ်ခ်အကောင့်ခိုးယူ ခံရကြောင်း ၎င်း၏ ဇနီး ဒေါ်မြင့် မြင့်ခင်ဖေက ဆိုရှယ်မီဒီယာမှ တစ်ဆင့် ထုတ်ပြန်သည်။

အကောင့် ခိုးယူသူသည် အကောင့်အမည်ကို Ye Yint Aung ဟု ပြောင်းလဲထားသည်။ ၎င်းသည် ဦးကျော်သူနှင့် ဦးညီ ဂျော်တို့ Messenger အတွင်း နောက်ပြောင်ကာ အပြန်အလှန် ပေးပို့ထားသည့် ဓာတ်ပုံများကို ပြသ၍ ခြိမ်းခြောက်နေသည်ဟု ဒေါ်မြင့်မြင့်ခင်ဖေကဆိုသည်။

အကောင့်ခိုးယူသူသည် လက်ရှိ၌ ပရိုဖိုင်နှင့် ကာဗာဓာတ်ပုံ ကို ပြောင်းလဲခဲ့သည့်အပြင် ‘ညီဂျော် အမြန်ဆက်သွယ်ပါ’ဟူ သော ပို့စ်ကိုလည်းရေးသားခဲ့ သည်။

အကောင့်ခိုးယူခံရခြင်းနှင့် ပတ်သက်၍ ဦးကျော်သူထံသို့ 7Day Daily သတင်းစာက ဆက် သွယ်ရာ အားလပ်ခြင်းမရှိသဖြင့် ပြန်လည်ဆက်သွယ်ရန် ပြောဆို သည်။

စက်တင်ဘာအတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် စီးပွား ရေးအကြံပေး ဒေါက်တာရှောင် တာနဲလ်၏ ဖေ့စ်ဘွတ်ခ်အကောင့် ခိုးယူခံရပြီး ဇွန်လအတွင်း နိုင်ငံ ရေးခေါင်းဆောင် ဦးကိုကိုကြီးဖေ့စ်ဘွတ်ခ်အကောင့် ခိုးယူခံရ သည်။

၂၀၁၇ ဇူလိုင်တွင် အနုပညာရှင် ၁၀ ဦးခန့်၏ ဖေ့စ်ဘွတ်ခ်အ ကောင့်များ ခိုးယူခံခဲ့ရသည်။ အ ကောင့်ခိုးယူသူများသည် အနု ပညာရှင်များထံ အချက်အလက် ပေါက်ကြားလိုခြင်းမရှိပါက ကျပ်နှစ်သိန်းမှ ၁၀ သိန်းအထိ လွှဲ ပြောင်းပေးရန် တောင်းဆိုခဲ့ သည်။

ဖေ့စ်ဘွတ်ခ်အကောင့်ခိုးယူ ခံရပြီး ငွေကြေးလွှဲပြောင်းရန် တောင်းဆိုခံရသည့် အနုပညာရှင် အချို့သည် သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင် တိုင်ကြားခဲ့သော် လည်း ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိပေ။ အကောင့်ခိုးခံရသူအချို့ သည် ငွေကြေးလွှဲပြောင်းရန် တောင်းဆိုခြင်းမခံရသော်လည်း အကောင့်ပိုင်ရှင်အယောင်ဆောင် ကာ အသိမိတ်ဆွေများနှင့် ဆက် သွယ်၍ ငွေကြေးလွှဲပေးရန် တောင်းဆိုမှုများကြုံတွေ့ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top