

ကြားတိုင်း..

ဟဲ့..ဘယ်သူတုန်း ”


ကျမပါရှင့်”



စိတ်ညစ်ကြတာပေါ့


ဟဲ့ ဘယ်သူတုန်းးး”

မေးတော့ဖြေရတာပေါ့

ကျမပါ ရှင့်”

ကျမဆို လာခဲ့အုံးကွဲ့





ကျွန်တော် ပါမင်းကြီး”

ကြီးနဲ့……..


လာနိုင်ကြတော့သတဲ့


ဟဲ့ … ဘယ်သူတုန်း ”

ကျွန်တော် ……ကျွန်တော် ”

လစ်လိုက်တော့”


Credit: အကြည်တော်
# Unicode Version ဖြင့် ဖတ်ပါ #
ဟုတ်တယ်မ ဟုတ်ဘူးလားမန္တလေးသူတွေ “ကျွန်တော်….ကျွန်တော်” နဲ့ပြောတာဘာကြောင့်လဲ ” အကြည်တော် “ပြောမှပဲသိရတယ်…….??

မင်းတုန်းမင်းကြီပေါ့…သိကြတဲ့အတိုင်းမိဖုရား၅၀၀နဲ့စံစားတာလေ

ထို့အပြင်တောင်..၅၀၀နဲ့မလုံလောက်ပဲ
သူစက်တော်ခေါ်နေတုန်အခန်းရှေ့ကခြေသံ
ကြားတိုင်း..

ဟဲ့..ဘယ်သူတုန်း ”

ဟုလှမ်းလှမ်းပြီမေးတယ်-ရံရွေတော်တွေက

ကျမပါရှင့်”

ဆိုလျှင်..အသံသြကြီးနှင့်

ကျမဆို ဝင်ခဲ့လေကွယ် … ဟီးဟီး”

လုပ်တတ်လွန်းတော့ ရံရွေတော်တွေလဲ
စိတ်ညစ်ကြတာပေါ့

မင်းကြီးရှေ့ခြေဖွဖွပင်ဖြတ်မလျှောက်ရဲ…လျှောက်လိုက်လို့ကျမ်းပြင်က”ကျွီ”ခနဲမြည်သွားရင်တောင်

ဟဲ့ ဘယ်သူတုန်းးး”

ဆိုပြီးမေးတော့ ရံရွေတော်တွေလဲဘုရင်က
မေးတော့ဖြေရတာပေါ့

ကျမပါ ရှင့်”

ကျမဆို လာခဲ့အုံးကွဲ့

ထိပါများတော့ရံရွေတော်တွေလဲအထဲမဝင် ကြရအောင်တိုင်ပင်ကြတယ်

နောက်ဆုံးမှာအ ဖြေတခုထွက်လာပြီး အရဲစွန့်ကြည့်ဖို့ဆုံး ဖြတ်လိုက်ကြတယ်

ထိုအရာကားမင်းကြီးအခန်းရှေ့ဖြတ်လျှောက်
တဲ့အခါ အရင်လိုခြေမဖွပဲခြေသံခတ်ပြင်းပြင်း
နဲ့လျှောက်ကြည့်ကြတယ်

ထုံးစံအတိုင်း “ဟဲ့…ခြေသံပြင်းပြင်နဲ့…ဘယ်သူတုန်း!!” ဆိုပြီးလုပ်ကြန်ရော…အဲ့ဒီမှာ ရံရွေတော်လေးကအရဲစွန့်ပြီး အသံလေးပါသြပြီး

ကျွန်တော် ပါမင်းကြီး”

ထိုအခါမင်းကြီလည်း စိတ်မသက်မသာအသံ
ကြီးနဲ့……..

ကျွန်တော်ဆိုသွား ကျွန်တော်ဆိုရင်သွား ”

ဆိုကာမှရံရွေတော်တွေလဲ လွတ်လပ်စွာသွား
လာနိုင်ကြတော့သတဲ့

အကြံအောင်မြင်သွားကြတဲ့ရံရွေတော်တွေလဲ
အခန်းရှေ့ဖြတ်လျှောက်တိုင်း ခြေကျင်းကြီး တွေဝတ်ပြီးတဒုံးဒုံးနဲ့ဖြတ်လျှောက်ကြတော့တယ်တဲ့…. မင်းကြီးကတော့အသံကြားရင်

ဟဲ့ … ဘယ်သူတုန်း ”

ကျွန်တော် ……ကျွန်တော် ”

အေး … ကျွန်တော်ဆိုရင် လစ်ချင်သလိုသာ
လစ်လိုက်တော့”

ဤသို့ဖြင့်….မန္တလေးသူများသည် ” ကျွန်တော် …ကျွန်တော် ” ဟုပြောဆိုသောအမူအကျင့်နှင့် ခြေကျင်းဝတ်သောအလေ့အထ ထိုအချိန်ကစသည်ဟူ၏

ဖိုးသူတော် (www.phothutaw.com)
Credit: အကြည်တော်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top