ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
တိုက်တန်းနစ်သင်္ဘောဟာ ဇိမ်ခံသင်္ဘောတစ်စီးဖြစ်ပါတယ်။ဒီသင်္ဘောဟာဆိုရင် ပထမတန်း ၊ ဒုတိယတန်း နဲ့ တတိယတန်းစား ခရီးသည်တွေအားလုံးအတွက် ဇိမ်ခံပစ္စည်းအပြည့်အဝထောက်ပံ့ပေးထားတဲ့သင်္ဘောတစ်စီးလည်းဖြစ်ပါတယ်။ သင်္ဘောတည်ဆောက်တုန်းက တတိယတန်းစားခရီးသည်တွေကိုထည့်မတွက်ထားတဲ့အတွက် ပထမတန်းစားနဲ့ ဒုတိယတန်းစားခရီးသည်တွေအတွက်ပဲဆောက်လုပ်ထားခဲ့တာကြောင့် တတိယတန်းစားအိပ်ခန်းတွေဟာ ပထမတန်းစားခရီးသည်တွေရဲ့အိပ်ခန်းထက်အနည်းငယ်သာသေးငယ်ပါတယ်။ ဒီတော့ ဘယ်လိုလက်မှတ်ပဲဝယ်ဝယ် ဇိမ်ခံပစ္စည်းအပြည့်အဝသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။
တိုက်တန်းနစ်ဟာစာပို့သင်္ဘောတစ်စီးဖြစ်ပါတယ်။ တိုက်တန်းနစ်နာမည်ရှေ့က RMS ဆိုတာက Royal Mail Ship ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ တိုက်တန်းနစ်ရဲ့ ကုန်းဘတ် G အောက်ဘက်မှာ စာတွေထားတဲ့အခန်းရှိပါတယ်။ ဒီအခန်းမှာ အလုပ်လုပ်နေတဲ့သူတွေဟာတစ်နေ့ကို ၁၃ နာရီ ရ ရက်ပတ်လုံးအလုပ်လုပ်ရပြီး Royal Mail နဲ့ US ကြားပို့စာ တစ်နေ့တာ အစောင်ရေ ၆သောင်းလောက်ကို သယ်ယူပို့ဆောင်ပေးရပါတယ်။
တိုက်တန်းနစ်သင်္ဘောဟာ ဒီဇိုင်းညံ့ဖျင်းတဲ့သင်္ဘောတစ်စင်းလည်းဖြစ်ပါတယ်။ ဒီသဘေ်ာမှာ ရေလုံခန်း ၁၆ ခန်းပါဝင်ခဲ့ပေမယ့်လည်း ခရီးသည်တွေကိုလွတ်လွတ်လပ်လပ်သွားလာစေချင်တဲ့အတွက်ကြောင့် သင်္ဘောထိပ်ပိုင်းက ရေလုံခန်းတွေကိုပဲချန်ပြီး ကျန်တာတွေကိုဖယ်ထုတ်ပစ်ခဲ့ပါတယ်။
ရေခဲတောင်နဲ့ တိုက်မိတဲ့အချိန်မှာ ရေလုံခန်းတံခါးတွေဟာ ပြန်လည်ပြင်ဆင်ထားတာဖြစ်တဲ့အတွက် အရင်လောက် မခိုင်တော့ပဲ ရေအားနဲ့ပြုတ်ထွက်ကုန်တာကြောင့် သင်္ဘောဝမ်းတစ်ခုလုံးရေတွေပြည့်သွားခဲ့ရတာပဲဖြစ်ပါတယ်။ ဒီအချက်ဟာ တိုက်တန်းနစ်သင်္ဘောမြုပ်ရတဲ့အဓိကအကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။
အခုချိန်မှာတော့ တိုက်တန်းနစ်သင်္ဘောကြီးဟာ ရေသတ္တဝါရဲ့အိမ်တစ်ခုဖြစ်နေပါပြီ။
ရေအောက်ကသတ္တဝါတွေအတွက်တော့ တိုက်တန်းနစ်ဟာ အခြားသင်္ဘောတွေနဲ့မကွာပါဘူး။
ထို့အပြင် ရေအောက်မှာ ရှိနေတဲ့ အနုဇီဝပိုးမွှားတွေဟာ သင်္ဘောကြီးကို စားသုံးနေကြတာကြောင့် သင်္ဘောကြီးဟာတစ်နေ့တစ်ခြား လုံးပါးပါးလာပါပြီ။ သိပ္ပံပညာရှင်တွေကတော့ နောက်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ တိုက်တန်းနစ်သင်္ဘောကြီးပျောက်ကွယ်သွားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။
Writer – Min Thu (Daily Hot News)
ဖိုးသူတော် (www.phothutaw.com)
Credit:http://bahuthuta.net
# Unicode Version ဖြင့် ဖတ်ပါ #
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top