×

MOTIVATIONS

၁။ မင္းပုိင္တဲ့ေတာင္းထဲမွာ ၾကက္ဥ ၁၀လုံး ရွိတယ္။ တစ္ေန႔ကုိ ၉လုံးစားၿပီး ၁လုံးခ်န္ထားလုိ႔ ၁၀ရက္ၾကာရင္ ဘာျဖစ္မလဲ။

ၾကက္ဥ ၁၀လုံးေရာက္ေနၿပီေပါ့။ တစ္လုံးေလွ်ာ့စားလုိက္တဲ့အတြက္ မင္းလည္း ဘာမွမသိသာပါဘူး။ အဲေတာ့ အလုပ္လုပ္

မယ္ဆုိရင္ ကုိယ့္၀င္ေငြ ၁၀ပုံ ၁ပုံကုိ အၿမဲခ်န္ထားရမယ္ကြ။ ၉ပုံေတာင္သုံးရတဲ့အတြက္ ဒီေလာက္ႀကီးလည္း ၿခိဳးၿခံစရာမလုိဘူးမလား။

ဒါ ငါေျပာခ်င္တဲ့ ေျမပုံ ၁ ကြ။

၂။ ေနာက္တစ္ခုက မင္းရဲ႕၀င္ေငြထြက္ေငြေတြကို ေသေသခ်ာခ်ာသိထားဖုိ႔လုိတယ္။ မလုိအပ္ပဲနဲ႔ ထြက္ေနတဲ့

လမ္းေၾကာင္းေတြရွိရင္ အျမန္ပိတ္ပစ္ေပေတာ့။ အဲလုိမွ မလုပ္ရင္ အိတ္ေပါက္နဲ႔ ဖားေကာက္သလုိ ျဖစ္ေနလိမ့္မယ္ကြ။

ဒါငါေျပာခ်င္တဲ့ ေျမပုံ ၂ ပဲ။

၃။ တတိယတစ္ခုက ေငြကုိစုေပမယ့္ သက္မဲ့လုိ သေဘာမထားရဘူး။ ႏြားေတြ ၾကက္ေတြ ေမြးသလုိေပါ့။

အေကာင္ေတြပြား ၊ ဥေတြဥ အေကာင္ထပ္ပြားေပါ့ကြာ။ ေငြကုိေငြခ်င္းထပ္ပြားနိဳင္ဖုိ႔ အက်ဴ ိးရွိတဲ့ေနရာေတြမွာ ထည့္၀င္ၿမဳပ္ႏွံကြ။

အဲလုိမွမလုပ္ပဲေငြကို ေသတၱာထဲ ထည့္သိမ္းထားမယ္ဆုိရင္ ေငြေတဟာအေၾကာေသသြားလိမ့္မယ္။ ေလျဖတ္တဲ့လူလုိ

မင္းေငြေတြဟာ အင္အားမရွိေတာ့ဘူး ေပါ့။ ဥပမာကြာ ငါ့သားေမြးတုန္းက ငါေငြေလးနည္းနည္းအတုိးခ်ထားတယ္။

ရတဲ့အတုိးေတြကိုမသုံးပဲ အရင္းထဲ ထပ္ၿမဳပ္တယ္။ အဲဒီကေန အတုိးျပန္ျဖစ္ ငါ့သား ၁၂ႏွစ္ေရာက္လုိ႔ ေက်ာင္းပို႔မယ္လုပ္ေတာ့

ေငြကုိ ျပန္ထုတ္လုိက္တာ မနည္းပါဘူးကြာ။ ဒါဟာေျမပုံ ၃ေပါ့။

၄။ ေနာက္တစ္ခုက အလုပ္လုပ္တဲ့အခါမွာ ေလာင္းကစား မဆန္ရဘူးကြ။ ျမတ္ခ်င္ျမတ္ မျမတ္ရင္သြားဟ ဆုိတဲ့သေဘာမ်ဴ ိးမ

လုပ္ရဘူး။ ေသခ်ာတာေလာက္ ကုိယ္ကြ်မ္းက်င္သေလာက္ နိဳင္သေလာက္ပဲလုပ္ရမယ္။ ေလာင္းကစားလုပ္လုိ႔ကေတာ့ ရလည္းခဏပဲ။

မြဲစရာရွိရင္ ျမန္ျမန္မြဲသြားလိမ့္မယ္။ တစ္ခါက မုိးႀကဳိးသြားတစ္ခုကို ငါ့လာေရာင္းဖူးတယ္။ အေျပာကလည္းေကာင္း

လက္ေတြ႔စမ္းျပေတာ့လည္း လွ်ပ္စစ္မီးလည္းၿငိမ္း၊ ေရဒီယုိလည္းရပ္သြားေတာ့ အစစ္လုိ႔ယုံသြားတယ္။ အစစ္ဆုိရင္ျပန္ေရာင္းရင္

သိန္း၂၀ေလာက္ရမွာကိုး။ ဒါနဲ႔ ၁သိန္းနဲ႔၀ယ္လာၿပီး အိမ္ေရာက္ေတာ့ လွ်ပ္စစ္ဓာတ္မီးမေျပာနဲ႔၊ လက္ႏွိပ္ဓာတ္မီးေတာင္ မၿငိမ္းဘူး။

စနစ္တက်စီစဥ္ၿပီး လိမ္သြားတာကြ။ တစ္သိန္းမုိ႔ေပါ့။ ၁၀သိန္းဆုိရင္ငါခြက္ဆြဲေနေလာက္ၿပီ။ အဲဒီေတာ့ ေျပာခ်င္တဲ့ ေလးအခ်က္က

ကုိယ္မသိတဲ့ မပုိင္တဲ့အလုပ္၊ မကြ်မ္းက်င္တဲ့အလုပ္မွာ ဘာရင္းႏွီးျမဳပ္ႏွံမွဳ မွမလုပ္ရဘူး။ ဒါက ေျမပုံ ၄ ကြ။

၅။ ေနာက္တစ္ခုက လူတစ္ေယာက္ဟာ အိမ္ငွားေနတာ မသင့္ေတာ္ဘူး။ အေျခအေနအရ ငွားေနရင္လည္း ကိုယ္ပုိင္

အိမ္ျဖစ္ေအာင္ႀကဳိးစားရမယ္။ အိမ္ငွားစရိတ္ဟာ ၾကာလာရင္ အိမ္တစ္လုံးစာေလာက္ရွိလာတယ္။ စိတ္႐ွဳပ္ရတယ္။ ေသးတာႀကီးတာ

မဓာန မဟုတ္ဘူး။ ကုိယ္ပုိျဖစ္ေအာင္ႀကဳိးစားဖုိ႔ပဲ။ အဲဒီအေပါက္က ေငြအထြက္ဆုံးပဲ။ အဲဒီေတာ့ ကားပဲေမာင္းေမာင္း၊

စက္ေလွပဲေထာင္ေထာင္ ကုိယ္ပိုင္ ျဖစ္ေအာင္အရင္ဆုံးႀကဳိးစား။ ဒါ ငါးခုေျမာက္ေျမပုံပဲ။

၆။ တုိ႔ျမန္မာစကားမွာ မတ္တတ္စာပဲရွိတယ္၊ တုံးလုံးစာမရွိဘူး ဆုိတဲ့စကားရွိတယ္။ စကားပဲရွိတာကြ မလုိက္နာၾကဘူး။ ဒါေၾကာင့္

မေမွ်ာ္မွန္းနိဳင္တဲ့ အနာဂါတ္အတြက္ ျပင္ဆင္မွဳေတြ လုပ္ထားရမယ္။ ရုတ္တရက္ကုိယ္ေသသြားရင္ က်န္ရစ္သူမိသားစုကို

မထိခိုက္ေစဖုိ႔၊ ရုတ္တရက္ထိခိုက္မိလုိ႔ ဒုကၡိတ ျဖစ္သြားရင္ ဆက္လက္အသက္ရွင္ နိဳင္ဖုိ႔ ႀကဳိတင္ျပင္ဆင္ထားရမယ္။ ဒါ

ေျခာက္ခုေျမာက္ေျမပုံပဲ။

၇။ ၇ခ်က္ေျမာက္ကေတာ့ ႀကဳိးစားမွဳကို မေလွ်ာ့ဖုိ႔ပဲ၊ ကိုယ္နဲ႔လုပ္ငန္းတူေတြရွိေနတယ္ကြ၊ ကုိယ္ကရပ္ေပမဲ့သူတုိ႔ကႀကဳိးစားေနမွာ၊

ကုိယ္လုပ္တဲ့ အလုပ္မွာ အစြမ္းထက္ေလေလ ၀င္ေငြေကာင္းေလေလေပါ့ကြာ။ မင္းသေဘာေပါက္ဖုိ႔က ကုိယ့္ဆီကုိ အားေပးတဲ့ေဖာက္

သည္တုိ႔ အားေပးတဲ့ ပရိသတ္တုိ႔ဆုိတာ စိတ္ခ်ရတာမဟုတ္ဘူး။ ကုိယ့္ထက္သာတဲ့လူ၊ ေတာ္တဲ့သူရွိရင္ အဲဒီကုိသြားၾကမွာ။

အဲဒါေတာ့ၿမဲၿမဲမွတ္ထား။ ငါေျပာခ်င္တဲ့ ၇ခုေျမာက္ေျမပုံကဒါပဲ။

မင္းသေဘာေပါက္ဖုိ႔ကေတာ့ _ #အလုပ္တစ္ခုမွာသဘာရင့္၀ါရင့္တာနဲ႔ မႀကီးပြားဘူးေနာ္။ ေတာ္မွႀကီးပြားတာ။

ကုလုိ႔ေပ်ာက္တဲ့ဆရာ၀န္ဆီကုိပဲ လူနာက သြားမွာေနာ္။ သဘာရင့္၀ါရင့္တယ္ဆုိၿပီး သြားမွာမဟုတ္ဘူး။

ဒီအခ်က္ကုိၿမဲၿမဲသေဘာေပါက္စမ္းပါ။

#မင္းသိခၤ

“ပ်ားသားေခ်ာင္းက ေရေမွ်ာကမ္းတင္ ေအာင္ဗဒင္ ” စာအုပ္ထဲက တရုတ္ႀကီးအေဖာက္က စီးပြားေရးလုပ္ဖုိ႔ႀကဳိးစားေနတဲ့

ေအာင္ဗဒင္ကို အႀကံေပးေနတာကို ေကာက္ႏွဳတ္ေဖာ္ျပတာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:B_jack
# Unicode Version ျဖင့္ ဖတ္ပါ #
MOTIVATIONS

၁။ မင်းပိုင်တဲ့တောင်းထဲမှာ ကြက်ဥ ၁၀လုံး ရှိတယ်။ တစ်နေ့ကို ၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင် ဘာဖြစ်မလဲ။

ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။ တစ်လုံးလျှော့စားလိုက်တဲ့အတွက် မင်းလည်း ဘာမှမသိသာပါဘူး။ အဲတော့ အလုပ်လုပ်

မယ်ဆိုရင် ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။ ၉ပုံတောင်သုံးရတဲ့အတွက် ဒီလောက်ကြီးလည်း ခြိုးခြံစရာမလိုဘူးမလား။

ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။

၂။ နောက်တစ်ခုက မင်းရဲ့ဝင်ငွေထွက်ငွေတွေကို သေသေချာချာသိထားဖို့လိုတယ်။ မလိုအပ်ပဲနဲ့ ထွက်နေတဲ့

လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။ အဲလိုမှ မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။

ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။

၃။ တတိယတစ်ခုက ငွေကိုစုပေမယ့် သက်မဲ့လို သဘောမထားရဘူး။ နွားတွေ ကြက်တွေ မွေးသလိုပေါ့။

အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။ ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျူ ိးရှိတဲ့နေရာတွေမှာ ထည့်ဝင်မြုပ်နှံကွ။

အဲလိုမှမလုပ်ပဲငွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။ လေဖြတ်တဲ့လူလို

မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။ ဥပမာကွာ ငါ့သားမွေးတုန်းက ငါငွေလေးနည်းနည်းအတိုးချထားတယ်။

ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲ ထပ်မြုပ်တယ်။ အဲဒီကနေ အတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့

ငွေကို ပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ။ ဒါဟာမြေပုံ ၃ပေါ့။

၄။ နောက်တစ်ခုက အလုပ်လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။ မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျူ ိးမ

လုပ်ရဘူး။ သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သလောက်ပဲလုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ။

မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။ တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ်။ အပြောကလည်းကောင်း

လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း၊ ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ယုံသွားတယ်။ အစစ်ဆိုရင်ပြန်ရောင်းရင်

သိန်း၂၀လောက်ရမှာကိုး။ ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်ဓာတ်မီးမပြောနဲ့၊ လက်နှိပ်ဓာတ်မီးတောင် မငြိမ်းဘူး။

စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။ တစ်သိန်းမို့ပေါ့။ ၁၀သိန်းဆိုရင်ငါခွက်ဆွဲနေလောက်ပြီ။ အဲဒီတော့ ပြောချင်တဲ့ လေးအချက်က

ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြုပ်နှံမှု မှမလုပ်ရဘူး။ ဒါက မြေပုံ ၄ ကွ။

၅။ နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှားနေတာ မသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်

အိမ်ဖြစ်အောင်ကြိုးစားရမယ်။ အိမ်ငှားစရိတ်ဟာ ကြာလာရင် အိမ်တစ်လုံးစာလောက်ရှိလာတယ်။ စိတ်ရှုပ်ရတယ်။ သေးတာကြီးတာ

မဓာန မဟုတ်ဘူး။ ကိုယ်ပိုဖြစ်အောင်ကြိုးစားဖို့ပဲ။ အဲဒီအပေါက်က ငွေအထွက်ဆုံးပဲ။ အဲဒီတော့ ကားပဲမောင်းမောင်း၊

စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား။ ဒါ ငါးခုမြောက်မြေပုံပဲ။

၆။ တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။ စကားပဲရှိတာကွ မလိုက်နာကြဘူး။ ဒါကြောင့်

မမျှော်မှန်းနိုင်တဲ့ အနာဂါတ်အတွက် ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူမိသားစုကို

မထိခိုက်စေဖို့၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတ ဖြစ်သွားရင် ဆက်လက်အသက်ရှင် နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဒါ

ခြောက်ခုမြောက်မြေပုံပဲ။

၇။ ၇ချက်မြောက်ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ၊ ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ၊ ကိုယ်ကရပ်ပေမဲ့သူတို့ကကြိုးစားနေမှာ၊

ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက်လေလေ ဝင်ငွေကောင်းလေလေပေါ့ကွာ။ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ဖောက်

သည်တို့ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမဟုတ်ဘူး။ ကိုယ့်ထက်သာတဲ့လူ၊ တော်တဲ့သူရှိရင် အဲဒီကိုသွားကြမှာ။

အဲဒါတော့မြဲမြဲမှတ်ထား။ ငါပြောချင်တဲ့ ၇ခုမြောက်မြေပုံကဒါပဲ။

မင်းသဘောပေါက်ဖို့ကတော့ _ #အလုပ်တစ်ခုမှာသဘာရင့်ဝါရင့်တာနဲ့ မကြီးပွားဘူးနော်။ တော်မှကြီးပွားတာ။

ကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲ လူနာက သွားမှာနော်။ သဘာရင့်ဝါရင့်တယ်ဆိုပြီး သွားမှာမဟုတ်ဘူး။

ဒီအချက်ကိုမြဲမြဲသဘောပေါက်စမ်းပါ။

#မင်းသိင်္ခ

“ပျားသားချောင်းက ရေမျှောကမ်းတင် အောင်ဗဒင် ” စာအုပ်ထဲက တရုတ်ကြီးအဖောက်က စီးပွားရေးလုပ်ဖို့ကြိုးစားနေတဲ့

အောင်ဗဒင်ကို အကြံပေးနေတာကို ကောက်နှုတ်ဖော်ပြတာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:B_jack
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top