(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×






































သူ႔ရင္ထဲက ခံစားခ်က္ကုိ ေျပာလာပါတယ္။
ဦးမင္းေဇာ္ကေတာ့ သမီးေခ်ာေလး သြန္းပုိးအိမ္ေၾကာင့္ ေယာကၡမ အေခၚခံေနရၿပီလုိ႔ သိရပါတယ္။ သူ႔ရဲ႕ သမီးေလးကေတာ့ အခုဆုိရင္ ဂီတလမ္းေၾကာင္းေပၚ ေရာက္ဖုိ႔ အတြက္ ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။

Photo: သြန္းပုိးအိမ္ေဖ့စ္ဘြတ္
ဇာတ္ပုိ႔၊ ဇာတ္ရံ သရုပ္ေဆာင္ မင္းေဇာ္မွာ လွပၿပီး ခ်စ္စရာေကာင္းတဲ့ သမီးေလး သြန္းပုိးအိမ္တစ္ေယာက္ရွိပါတယ္။ ဒီသမီးေလးေၾကာင့္ပဲ ေယာကၡမေတာ္ခ်င္ၾကတဲ့ ေယာက်္ားေလးေတြ ရွိတယ္လုိ႔ သိရပါတယ္။ အျပင္မွာ ေတြ႔ရင္ေတာင္ ေယာကၡမလုိ႔ ေခၚတာ ခံေနရၿပီဆိုတာကုိ Duwun  Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ဒါကေတာ့ နားရည္ဝေနၿပီ။ စင္ေပၚမွာ ကေနလည္း ေအာက္ကေန ေအာ္ေျပာေနၾကတာပဲ ပရိသတ္ေတြရဲ႕ သေဘာတရားကုိလည္း နားရည္ ဝေနၿပီ။ ဒါက အေပ်ာ္သေဘာပဲေလ။ ဒါေတြကလည္း သူတုိ႔က ခ်စ္လို႔ စတာဆုိေတာ့ အေပ်ာ္သေဘာပဲ'' ဆုိၿပီးေတာ့ ဇာတ္ပုိ႔ သရုပ္ေဆာင္ မင္းေဇာ္က ေျပာျပလာပါတယ္။


Photo: သြန္းပုိးအိမ္ေဖ့စ္ဘြတ္
သြန္းပုိးအိမ္ဟာ အႏုပညာနဲ႔ ပတ္သက္ၿပီး သီခ်င္းဆုိတာကုိ ဝါသနာပါတယ္လုိ႔ သိရပါတယ္။ အခုခ်ိန္မွာလည္း ဂီတလမ္းေၾကာင္းေပၚ ေလွ်ာက္ဖုိ႔ လုိအပ္ခ်က္ ေတြကို ႀကိဳးစားျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

'' ကုိယ္တိုင္ကေတာ့ အႏုပညာအလုပ္ေတြကုိ ဟုိးငယ္ငယ္ေလးကတည္းက ဝါသနာပါတယ္။ က်န္တာလည္း ဝါသနာပါတာ မဟုတ္ဘူး အႏုပညာတစ္ခုတည္းကုိပဲ ဝါသနာပါတာဆုိေတာ့ ကုိယ္ဝါသနာပါတဲ့ အရာကလည္း ျဖစ္လာဖုိ႔ အခြင့္အေရးေတြ ရွိတဲ့အတြက္ ဝမ္းသာ ပါတယ္၊ ကုိယ့္ကုိယ္ကုိလည္း ကံေကာင္းတယ္လု႔ိ ထင္ပါတယ္'' လုိ႔ သူကဆုိပါတယ္။


Photo: သြန္းပုိးအိမ္ေဖ့စ္ဘြတ္
သြန္းပုိးအိမ္ဟာ ဂီတနဲ႔ ပတ္သက္ၿပီး Myanmar Idol မွာလည္း သီခ်င္းဆုိၿပိဳင္ပြဲဝင္ၿပိဳင္ခဲ့ဖူးတယ္လုိ႔ သိရပါတယ္။ အဲ့ဒီေနာက္ သူ႔ရဲ႕ အသံ အေနအထားေၾကာင့္ အဆုိေတာ္ ယုန္ေလးကလည္း ခ်ီးက်ဴးစကားေျပာခဲ့ၿပီး ကုိယ္ပုိင္သီခ်င္းေရးေပးဖုိ႔ကုိလည္း ေျပာျပခဲ့ဖူးပါတယ္။ အခု လက္ရွိမွာလည္း သြန္းပုိးအိမ္က ပရိသတ္အားေပးမႈ ရရွိခဲ့ပါတယ္။

'' အခုထိ ဘာမွ လႈပ္ရွားမႈ မရွိေသးေပမယ့္ အခုခ်ိန္ကေနစၿပီးေတာ့ အားေပးေနၾကတဲ့ ပရိသတ္အားလုံးကုိ ေက်းဇူးတကယ္တင္တယ္။ ဒီလုိ သိလာတာကလည္း ပရိသတ္ေၾကာင့္ပဲေလ။ အမ်ားႀကီး အားေပးၾကတာ မဟုတ္ေပမယ့္လည္း ေက်းဇူးတင္ပါတယ္။ ေနာက္ကုိလည္း ဆက္ လက္ အားေပးၾကပါဦး'' လုိ႔ ဆုိပါတယ္။


Photo: သြန္းပုိးအိမ္ေဖ့စ္ဘြတ္
ဇာတ္ပုိ႔ ဇာတ္ရံ သရုပ္ေဆာင္ မင္းေဇာ္ကုိေတာ့ ဗီဒီယုိဇာတ္ကားေတြကေန တဆင့္ ပရိသတ္ေတြ သိၾကမွာပါ။ သူ႔အေနနဲ႔ ဇာတ္ကားရုိက္ကူး မႈေတြသာမက လူရႊင္ေတာ္ တစ္ေယာက္အျဖစ္ပါ ဇာတ္ေတြ ကေနရတာျဖစ္ပါတယ္။ သူ႔ရဲ႕ သမီးေလး သြန္းပုိးအိမ္ရဲ႕ အႏုပညာကုိလည္း တစ္ဖက္ တစ္လမ္းက ပ့ံပုိးေပးေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 သူ့ရင်ထဲက ခံစားချက်ကို ပြောလာပါတယ်။
ဦးမင်းဇော်ကတော့ သမီးချောလေး သွန်းပိုးအိမ်ကြောင့် ယောက္ခမ အခေါ်ခံနေရပြီလို့ သိရပါတယ်။ သူ့ရဲ့ သမီးလေးကတော့ အခုဆိုရင် ဂီတလမ်းကြောင်းပေါ် ရောက်ဖို့ အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်
ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် မင်းဇော်မှာ လှပပြီး ချစ်စရာကောင်းတဲ့ သမီးလေး သွန်းပိုးအိမ်တစ်ယောက်ရှိပါတယ်။ ဒီသမီးလေးကြောင့်ပဲ ယောက္ခမတော်ချင်ကြတဲ့ ယောကျ်ားလေးတွေ ရှိတယ်လို့ သိရပါတယ်။ အပြင်မှာ တွေ့ရင်တောင် ယောက္ခမလို့ ခေါ်တာ ခံနေရပြီဆိုတာကို Duwun  Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဒါကတော့ နားရည်ဝနေပြီ။ စင်ပေါ်မှာ ကနေလည်း အောက်ကနေ အော်ပြောနေကြတာပဲ ပရိသတ်တွေရဲ့ သဘောတရားကိုလည်း နားရည် ဝနေပြီ။ ဒါက အပျော်သဘောပဲလေ။ ဒါတွေကလည်း သူတို့က ချစ်လို့ စတာဆိုတော့ အပျော်သဘောပဲ'' ဆိုပြီးတော့ ဇာတ်ပို့ သရုပ်ဆောင် မင်းဇော်က ပြောပြလာပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်
သွန်းပိုးအိမ်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သီချင်းဆိုတာကို ဝါသနာပါတယ်လို့ သိရပါတယ်။ အခုချိန်မှာလည်း ဂီတလမ်းကြောင်းပေါ် လျှောက်ဖို့ လိုအပ်ချက် တွေကို ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

'' ကိုယ်တိုင်ကတော့ အနုပညာအလုပ်တွေကို ဟိုးငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ ကျန်တာလည်း ဝါသနာပါတာ မဟုတ်ဘူး အနုပညာတစ်ခုတည်းကိုပဲ ဝါသနာပါတာဆိုတော့ ကိုယ်ဝါသနာပါတဲ့ အရာကလည်း ဖြစ်လာဖို့ အခွင့်အရေးတွေ ရှိတဲ့အတွက် ဝမ်းသာ ပါတယ်၊ ကိုယ့်ကိုယ်ကိုလည်း ကံကောင်းတယ်လု့ိ ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်
သွန်းပိုးအိမ်ဟာ ဂီတနဲ့ ပတ်သက်ပြီး Myanmar Idol မှာလည်း သီချင်းဆိုပြိုင်ပွဲဝင်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ အသံ အနေအထားကြောင့် အဆိုတော် ယုန်လေးကလည်း ချီးကျူးစကားပြောခဲ့ပြီး ကိုယ်ပိုင်သီချင်းရေးပေးဖို့ကိုလည်း ပြောပြခဲ့ဖူးပါတယ်။ အခု လက်ရှိမှာလည်း သွန်းပိုးအိမ်က ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။

'' အခုထိ ဘာမှ လှုပ်ရှားမှု မရှိသေးပေမယ့် အခုချိန်ကနေစပြီးတော့ အားပေးနေကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတကယ်တင်တယ်။ ဒီလို သိလာတာကလည်း ပရိသတ်ကြောင့်ပဲလေ။ အများကြီး အားပေးကြတာ မဟုတ်ပေမယ့်လည်း ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း ဆက် လက် အားပေးကြပါဦး'' လို့ ဆိုပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်
ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် မင်းဇော်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ သိကြမှာပါ။ သူ့အနေနဲ့ ဇာတ်ကားရိုက်ကူး မှုတွေသာမက လူရွှင်တော် တစ်ယောက်အဖြစ်ပါ ဇာတ်တွေ ကနေရတာဖြစ်ပါတယ်။ သူ့ရဲ့ သမီးလေး သွန်းပိုးအိမ်ရဲ့ အနုပညာကိုလည်း တစ်ဖက် တစ်လမ်းက ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top