iMyanmarHouse.com - Best Property Website for Myanmar
×

ဆက္စီေမာ္ဒယ္တစ္ဦးျဖစ္တဲ့ ဇာဇာထက္ကေတာ့ ပရိသတ္ေတြမထင္ထားတဲ့ ခက္ခဲတဲ့ ဘဝေတြကေနတက္လွမ္းလာခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူမဟာ ယခုအခ်ိန္မွာ ဆက္စီ ပံုေတြကိုရိုက္ေနေပမယ့္ အရင္တုန္းကေတာ့ သူမဟာ ေယာက်ၤလ်ာ တစ္ဦးျဖစ္ခဲ့တာပါ။ စာသင္ျပီးအသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ရတဲ့ သူမဘဝမွာ တစ္ဦးတည္းေသာ မိခင္ဟာ သူမဘဝအတြက္ အေကာင္းဆံုးမွီခိုရာတစ္ခုျဖစ္ခဲ့ပါတယ္။

ေလျဖတ္ေနတဲ့ မိခင္ကို လုပ္ေကြ်းျပဳစုေနရတဲ့ ဇာဇာထက္တစ္ေယာက္ ဘဝရဲ႕ ခက္ခဲၾကမ္းတမ္းမွုေတြကို ခါးစည္းရင္ဆုိင္ခဲ့ရတာလည္းျဖစ္ပါတယ္။ သူမမိခင္အတြက္ အလုပ္ေတြၾကိဳးစားေနရတဲ့အခ်ိန္မွာ စာသင္ရင္းရလာတဲ့ ဝင္ေငြထက္ ဆက္စီပံုေတြကိုရိုက္ျပီး ရလာတဲ့ ဝင္ေငြဟာ ပိုမ်ားလာတာကို သိခဲ့ရပါတယ္။ ဒါေၾကာင့္လည္း သူမဟာ စာသင္တဲ့ဘဝကို စြန္႕လႊတ္ခဲ့ျပီး ဒီလမ္းေၾကာင္းအေပၚကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဒီလိုရိုက္ကူးေနတာကလည္း သူမအတြက္ေတာ့ သမာအာဇီဝအလုပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳေနျခင္းလည္းျဖစ္ပါတယ္။

ဒီပိုက္ဆံကလည္း သူမ်ားနဲ႔ စပြန္ဆာထားျပီးရတဲ့ပိုက္ဆံမဟုတ္ဘူး။ ရိုးသားတယ္လို႔ခံယူတယ္။ သူမ်ားကိုလည္း ေအာက္က်စရာမလိုဘူး။ က်မ အေဖာ္ခြ်တ္ရိုက္ျပီး ဆက္စီရိုက္တာနဲ႔ ပိုက္ဆံရတယ္။အဲတုန္းက ရိုက္မယ့္လူသိပ္မရွိဘူး။ ဓာတ္ပံုသမားေတြက ပိုက္ဆံေပးျပီးရိုက္ၾကတယ္။ ရုိက္ၾကတဲ့အခါက်ေတာ့ ေလးငါးခါေလာက္ရိုက္ရင္ တလကို ၁၅ သိန္း ၂၀ သိန္းေလာက္ရတယ္။ အစကေတာ့ ရွက္တယ္။ ေယာက်ၤာလ်ာဆိုေတာ့ ရွက္တာေပါ့။ ရင္ဘတ္ေတြဆိုလည္း သိပ္ပံုမက်ဘူး။

က်မသူမ်ားေတြလို ပိုက္ဆံမရွိဘူး။ က်မအေမက ေလျဖတ္ထားတာဆိုေတာ့ သူမ်ားေတြလိုမလိုက္ေပးႏုိင္ဘူး။ သူမ်ားေတြ Brand ေတြဝတ္တဲ့အခ်ိန္ က်မ မဝတ္ႏိုင္ဘူး။ ျပီးတဲ့အခါက်ေတာ့ ဒီ ဆက္စီေမာ္ဒယ္က်ေတာ့ အတိုအျပတ္နဲ႔ရိုက္တဲ့အခါမွ အဆင္ေျပတာ။ ပိုက္ဆံမရွိေတာ့ မဂၤလာေစ်းမွာ 2 pieces လွလွေလးေတြ 2 pieces ကေတာ့ ေဘထုတ္ထဲ မရဘူးဆိုေတာ့ အတိုအျပတ္ေလးေတြ ေရကူးဝတ္စံုေလးေတြ က်မလိုက္ရွာတယ္။ ၾကည့္ျမင္တိုင္ညေစ်းမွာ က်မလိုက္ရွာဝယ္တယ္။ က်မတို႔ငွားေနတဲ့ လမ္းထိပ္မွာ ေဘထုတ္ဆိုင္ရွိတယ္။ အမရယ္ အထည္ေလးေတြရွိရင္ ညီမကို ဖယ္ထားေပးေပါ့ေနာ္။ အတိုအျပတ္ေလးေတြေပါ့ေနာ္။

အခက္အခဲကေတာ့ အမ်ားၾကီးပါပဲ။ သူမ်ားေတြ MK မွာ ဘရန္းေတြဝယ္ျပီး 2 piece ရိုက္တဲ့အခ်ိန္အားက်တယ္။ ဒါေပမယ့္ သူမ်ားအားက်ေနလို႔ေတာ့မျဖစ္ဘူးေလ။ ဒါ ကိုယ့္ Life က သူမ်ားကိုလုိက္ၾကည့္ျပီးယွဥ္ေနလို႔မရဘူး။ ကိုယ့္ထက္နိမ့္တဲ့သူကိုပဲ ၾကည့္ရတာေပါ့။ အမ်ားဆံုးေျပာတာကေတာ့ က်မ အေမက က်မကို ခိုင္းစားတယ္ေပ့ါ။ အမ်ိဳးေတြရဲ႕ ထရိုးတာကို ခံရတယ္။ က်မ အေမကအမွန္ေတာ့ ဘာမွမသိဘူး ေဖ့ဘုတ္ေတာင္မွ ေသတဲ့အထိ မသံုးတတ္ဘူး။

ျပီးေတာ့အေမက ေလျဖတ္ထားေတာ့ အိမ္ထဲက အိမ္ျပင္ေတာင္မထြက္ႏိုင္ဘူး။ က်န္တဲ့လူေတြတိုက္ခိုက္တာ က်မစိတ္မဝင္စားဘူး။ က်မ ဒီ ဆက္စီရိုက္တယ္ဆိုတာ ဘယ္သူမွခိုင္းလို႔မဟုတ္ဘူး။ ဘယ္သူရဲ႕ တုိက္တြန္းခ်က္မွမပါဘူး။ က်မ အေမက ဘာမွမသိဘူးေပါ့ေနာ္။ ဒါက်မရဲ႕ စီးပြားေရးတစ္ခုအေနနဲ႔ပဲ က်မရိုက္တာ။ က်မအေမကိုခိုင္းစားတယ္လို႔ထင္တာေပါ့ေနာ္။ က်မ အေမက သိေတာင္မသိဘူး။ လူေတြၾကိဳက္သလိုထရိုးတာခံႏိုင္တယ္ ဒါေပမယ့္ က်မ အေမကိုက်ေတာ့ အဲလိုထရိုးတာ က်မမခံႏိုင္ဘူး။ က်မ အေမကဘာမွမသိဘူး အဲေတာ့ လူေတြဘယ္ေလာက္ဘာေျပာေျပာ က်မေခါင္းထဲမွာမထည့္ဘူး က်မဝမ္းအနည္းဆံုးကေတာ့ က်မ ဆက္စီေမာ္ဒယ္စလုပ္တဲ့အခ်ိန္မွာလူေတြက က်မ အေမကို ခိုင္းစားတယ္လို႔ ေျပာခံရတဲ့စကားလံုးကေတာ့ ဘဝမွာ ဘယ္ေတာ့မွမေမ႔ႏုိင္ဘူးေပါ့ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: We Love Cele

#Unicode Version#

ဆက်စီမော်ဒယ်တစ်ဦးဖြစ်တဲ့ ဇာဇာထက်ကတော့ ပရိသတ်တွေမထင်ထားတဲ့ ခက်ခဲတဲ့ ဘဝတွေကနေတက်လှမ်းလာခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ယခုအချိန်မှာ ဆက်စီ ပုံတွေကိုရိုက်နေပေမယ့် အရင်တုန်းကတော့ သူမဟာ ယောကျင်္လျာ တစ်ဦးဖြစ်ခဲ့တာပါ။ စာသင်ပြီးအသက်မွေးဝမ်းကျောင်းပြုခဲ့ရတဲ့ သူမဘဝမှာ တစ်ဦးတည်းသော မိခင်ဟာ သူမဘဝအတွက် အကောင်းဆုံးမှီခိုရာတစ်ခုဖြစ်ခဲ့ပါတယ်။

လေဖြတ်နေတဲ့ မိခင်ကို လုပ်ကျွေးပြုစုနေရတဲ့ ဇာဇာထက်တစ်ယောက် ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ခါးစည်းရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ သူမမိခင်အတွက် အလုပ်တွေကြိုးစားနေရတဲ့အချိန်မှာ စာသင်ရင်းရလာတဲ့ ဝင်ငွေထက် ဆက်စီပုံတွေကိုရိုက်ပြီး ရလာတဲ့ ဝင်ငွေဟာ ပိုများလာတာကို သိခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမဟာ စာသင်တဲ့ဘဝကို စွန့်လွှတ်ခဲ့ပြီး ဒီလမ်းကြောင်းအပေါ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီလိုရိုက်ကူးနေတာကလည်း သူမအတွက်တော့ သမာအာဇီဝအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေခြင်းလည်းဖြစ်ပါတယ်။

ဒီပိုက်ဆံကလည်း သူများနဲ့ စပွန်ဆာထားပြီးရတဲ့ပိုက်ဆံမဟုတ်ဘူး။ ရိုးသားတယ်လို့ခံယူတယ်။ သူများကိုလည်း အောက်ကျစရာမလိုဘူး။ ကျမ အဖော်ချွတ်ရိုက်ပြီး ဆက်စီရိုက်တာနဲ့ ပိုက်ဆံရတယ်။အဲတုန်းက ရိုက်မယ့်လူသိပ်မရှိဘူး။ ဓာတ်ပုံသမားတွေက ပိုက်ဆံပေးပြီးရိုက်ကြတယ်။ ရိုက်ကြတဲ့အခါကျတော့ လေးငါးခါလောက်ရိုက်ရင် တလကို ၁၅ သိန်း ၂၀ သိန်းလောက်ရတယ်။ အစကတော့ ရှက်တယ်။ ယောကျင်္ာလျာဆိုတော့ ရှက်တာပေါ့။ ရင်ဘတ်တွေဆိုလည်း သိပ်ပုံမကျဘူး။

ကျမသူများတွေလို ပိုက်ဆံမရှိဘူး။ ကျမအမေက လေဖြတ်ထားတာဆိုတော့ သူများတွေလိုမလိုက်ပေးနိုင်ဘူး။ သူများတွေ Brand တွေဝတ်တဲ့အချိန် ကျမ မဝတ်နိုင်ဘူး။ ပြီးတဲ့အခါကျတော့ ဒီ ဆက်စီမော်ဒယ်ကျတော့ အတိုအပြတ်နဲ့ရိုက်တဲ့အခါမှ အဆင်ပြေတာ။ ပိုက်ဆံမရှိတော့ မင်္ဂလာစျေးမှာ 2 pieces လှလှလေးတွေ 2 pieces ကတော့ ဘေထုတ်ထဲ မရဘူးဆိုတော့ အတိုအပြတ်လေးတွေ ရေကူးဝတ်စုံလေးတွေ ကျမလိုက်ရှာတယ်။ ကြည့်မြင်တိုင်ညစျေးမှာ ကျမလိုက်ရှာဝယ်တယ်။ ကျမတို့ငှားနေတဲ့ လမ်းထိပ်မှာ ဘေထုတ်ဆိုင်ရှိတယ်။ အမရယ် အထည်လေးတွေရှိရင် ညီမကို ဖယ်ထားပေးပေါ့နော်။ အတိုအပြတ်လေးတွေပေါ့နော်။

အခက်အခဲကတော့ အများကြီးပါပဲ။ သူများတွေ MK မှာ ဘရန်းတွေဝယ်ပြီး 2 piece ရိုက်တဲ့အချိန်အားကျတယ်။ ဒါပေမယ့် သူများအားကျနေလို့တော့မဖြစ်ဘူးလေ။ ဒါ ကိုယ့် Life က သူများကိုလိုက်ကြည့်ပြီးယှဉ်နေလို့မရဘူး။ ကိုယ့်ထက်နိမ့်တဲ့သူကိုပဲ ကြည့်ရတာပေါ့။ အများဆုံးပြောတာကတော့ ကျမ အမေက ကျမကို ခိုင်းစားတယ်ပေ့ါ။ အမျိုးတွေရဲ့ ထရိုးတာကို ခံရတယ်။ ကျမ အမေကအမှန်တော့ ဘာမှမသိဘူး ဖေ့ဘုတ်တောင်မှ သေတဲ့အထိ မသုံးတတ်ဘူး။

ပြီးတော့အမေက လေဖြတ်ထားတော့ အိမ်ထဲက အိမ်ပြင်တောင်မထွက်နိုင်ဘူး။ ကျန်တဲ့လူတွေတိုက်ခိုက်တာ ကျမစိတ်မဝင်စားဘူး။ ကျမ ဒီ ဆက်စီရိုက်တယ်ဆိုတာ ဘယ်သူမှခိုင်းလို့မဟုတ်ဘူး။ ဘယ်သူရဲ့ တိုက်တွန်းချက်မှမပါဘူး။ ကျမ အမေက ဘာမှမသိဘူးပေါ့နော်။ ဒါကျမရဲ့ စီးပွားရေးတစ်ခုအနေနဲ့ပဲ ကျမရိုက်တာ။ ကျမအမေကိုခိုင်းစားတယ်လို့ထင်တာပေါ့နော်။ ကျမ အမေက သိတောင်မသိဘူး။ လူတွေကြိုက်သလိုထရိုးတာခံနိုင်တယ် ဒါပေမယ့် ကျမ အမေကိုကျတော့ အဲလိုထရိုးတာ ကျမမခံနိုင်ဘူး။ ကျမ အမေကဘာမှမသိဘူး အဲတော့ လူတွေဘယ်လောက်ဘာပြောပြော ကျမခေါင်းထဲမှာမထည့်ဘူး ကျမဝမ်းအနည်းဆုံးကတော့ ကျမ ဆက်စီမော်ဒယ်စလုပ်တဲ့အချိန်မှာလူတွေက ကျမ အမေကို ခိုင်းစားတယ်လို့ ပြောခံရတဲ့စကားလုံးကတော့ ဘဝမှာ ဘယ်တော့မှမမေ့နိုင်ဘူးပေါ့နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top