×

ေပါင္ၿမိဳ႕မွာ စက္တင္ဘာ ၁၁ ရက္ေန႔ ေန႔လည္ပုိင္းက ေခြးရူးတစ္ေကာင္ လုိက္ျပီး ကိုက္တာေၾကာင့္ အနည္းဆုံး လူ ၁၅ ေယာက္ေလာက္ဒဏ္ရာရရွိသြားျပီး ေဆးကုသမႈခံယူခဲ့ရတယ္လုိ႔ ေပါင္ျမိဳ႕ ကဒါရပ္ကြက္ ေဒသခံ တစ္ေယာက္က စက္တင္ဘာ ၁၂ ရက္ေန႔မွာ ေျပာပါတယ္။

“ဘုံေက်ာင္းလမ္းထဲက လူေတြကုိ ကုိက္တာပါ။ ေခြးက ရူးတယ္လု႔ိေတာ့ ေျပာတယ္ ရူးလားေကာင္းလားေတာ့ ကြ်န္ေတာ္ေသခ်ာမသိဘူးေပါ့ဗ်ာ။ လူေတြကေတာ့ ေဆးရုံမွာ ေဆးသြားကု လုိက္ရတယ္။”လုိ႔ ေပါင္ေဒသခံ ကုိေအာင္သက္ပုိင္ကေျပာ ေျပာပါတယ္။

အဲ့ဒီေခြးရူးကုိက္မႈေၾကာင့္ အသက္ ၂ ႏွစ္အရြယ္ကေလးတစ္ေယာက္နဲ႔ အသက္ ၇၈ ႏွစ္အရြယ္ အဘြားအိုတစ္ဦးအပါအ၀င္ အမ်ိဳးသား ၉ ေယာက္နဲ႕ အမ်ိဳးသမီး ၆ ေယာက္တုိ႔ ဒဏ္ရာေတြရရွိခဲ့တယ္လုိ႔ ေပါင္ျမိဳ႕နယ္ရဲတပ္ဖြဲ႕သိရပါတယ္။

ေခြးကုိက္ခံခဲ့ရသူေတြကုိ ေပါင္ၿမိဳ႕ျပည္သူ႔ေဆးရုံကုိ ပုိ႔ခဲ့ျပီး ေခြးရူးျပန္ ကာကြယ္ေဆးေတြ ထုိးေပးခဲရတယ္လုိ႔လည္း ေပါင္ျမိဳ႕နယ္ ရဲတပ္ဖြဲ႔ကဆုိပါတယ္။ လမ္းေဘးေခြးေၾကာင့္ ေခြးရူးေရာဂါအျဖစ္မ်ားၿပီး အျခားေသာကူးစက္ေရာဂါေတြျဖစ္ေစႏုိင္ပါတယ္။

ျမန္မာႏုိင္ငံဟာ ေခြး႐ူးျပန္ ေရာဂါေၾကာင့္ တစ္ႏွစ္လွ်င္ လူ တစ္ေထာင္ခန္႔ ေသဆံုးေနရျပီး အေရွ႕ေတာင္အာရွမွာ လူဦးေရ တစ္သန္းကုိ ၂၂ ဦးႏႈန္းျဖင့္ ေခြး႐ူးျပန္ေရာဂါျဖစ္ပြားမႈအမ်ား ဆံုးႏုိင္ငံတြင္ ျမန္မာပါဝင္ေနၿပီး ႏွစ္စဥ္ ေခြးကိုက္ခံရသူ ဦးေရ ေျခာက္သိန္းခန္႔ရွိေၾကာင္း ကမၻာ႔ က်န္းမာေရးအဖြဲ႕ (WHO)က ခန္႔ မွန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ပေါင်မြို့မှာ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ခွေးရူးတစ်ကောင် လိုက်ပြီး ကိုက်တာကြောင့် အနည်းဆုံး လူ ၁၅ ယောက်လောက်ဒဏ်ရာရရှိသွားပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပေါင်မြို့ ကဒါရပ်ကွက် ဒေသခံ တစ်ယောက်က စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

“ဘုံကျောင်းလမ်းထဲက လူတွေကို ကိုက်တာပါ။ ခွေးက ရူးတယ်လု့ိတော့ ပြောတယ် ရူးလားကောင်းလားတော့ ကျွန်တော်သေချာမသိဘူးပေါ့ဗျာ။ လူတွေကတော့ ဆေးရုံမှာ ဆေးသွားကု လိုက်ရတယ်။”လို့ ပေါင်ဒေသခံ ကိုအောင်သက်ပိုင်ကပြော ပြောပါတယ်။

အဲ့ဒီခွေးရူးကိုက်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့သိရပါတယ်။

ခွေးကိုက်ခံခဲ့ရသူတွေကို ပေါင်မြို့ပြည်သူ့ဆေးရုံကို ပို့ခဲ့ပြီး ခွေးရူးပြန် ကာကွယ်ဆေးတွေ ထိုးပေးခဲရတယ်လို့လည်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့ကဆိုပါတယ်။ လမ်းဘေးခွေးကြောင့် ခွေးရူးရောဂါအဖြစ်များပြီး အခြားသောကူးစက်ရောဂါတွေဖြစ်စေနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ခွေးရူးပြန် ရောဂါကြောင့် တစ်နှစ်လျှင် လူ တစ်ထောင်ခန့် သေဆုံးနေရပြီး အရှေ့တောင်အာရှမှာ လူဦးရေ တစ်သန်းကို ၂၂ ဦးနှုန်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအများ ဆုံးနိုင်ငံတွင် မြန်မာပါဝင်နေပြီး နှစ်စဉ် ခွေးကိုက်ခံရသူ ဦးရေ ခြောက်သိန်းခန့်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ခန့် မှန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top