မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ျမန္မာႏိုင္ငံမွာအရွည္ဆံုးဇာတ္လမ္းတြဲကိုေရးသားခဲ့တဲ့ မင္းထက္ဟာ လက္ရွိမွာ လူမွုေရးျပသနာရပ္ေတြကို ရင္ဆုိင္ေနရတာလည္းျဖစ္ပါတယ္။ အမ်ိဳးသမီးျဖစ္သူ ႏွင္းအိေရႊရည္ဟာ မၾကာေသးခင္ကမွ မင္းထက္နဲ႔ရရွိထားတ့ဲ ကေလးကို သတိၱရွိရွိ ဖခင္အမည္ခံဖို႔ ေတာင္းဆုိခဲ့တာလည္းျဖစ္ပါတယ္။ မင္းထက္ဟာ လက္ရွိမွာေတာ့ မင္းသမီး စိုးနႏၵာေက်ာ္နဲ႔ သာယာတဲ့ အိမ္ေထာင္ေရးတစ္ခု ကို ထူေထာင္ေနျပီး ကေလးယူဖို႔လည္း စီစဥ္ေနတယ္လို႔သိရပါတယ္။

“ကေလးကိစၥကေတာ့ ဒီတစ္ႏွစ္ေလာက္ျပီးရင္ေတာ့ သူလည္းသူ႔အလုပ္ သူလုပ္ ကိုယ္လည္း ကိုယ့္အလုပ္ ကုိယ္လုပ္ျပီးရင္ေတာ့ ကေလးယူဖို႔ပူဆာထားတယ္ သူ႔ကို သူ႔လိုပဲဝဝကစ္ကစ္ ဒါေပမယ့္ အစားေတာ့ သိပ္မေသာင္းက်န္းနဲ႔လို႔ အဲလိုပူဆာထားတယ္ ျဖစ္ႏိုင္ရင္ေတာ့ သားေယာက္က်ားေလးတစ္ေယာက္ေတာ့ လုိခ်င္တယ္ အဲအတြက္လည္း ၾကိဳျပီးျပင္ဆင္ထားတယ္။ အနာဂတ္အိပ္မက္ကေတာ့ က်ေတာ္ သူၾကြယ္သူေဌးၾကီးလည္းမျဖစ္ခ်င္ဘူး။ အရမ္းၾကီးထင္ေပၚေက်ာ္ၾကားေအာင္ျမင္မွုလညး္ က်ေတာ္တို႔ ႏွစ္ေယာက္လံုးက သိပ္မမက္ဘူးဗ်။”

“က်ေတာ္တို႔ ေလွ်ာက္တဲ့လမ္းမွာ က်ေတာ္တို႔ လိပ္ျပာသန္႔သန္႔နဲ႔ ကိုယ့္ခံယူခ်က္ေလးနဲ႔ သာသာယာယာေလး ပံုမွန္ေပ်ာ္ရႊင္စြာေလ်ွာက္လွမ္းႏိုင္မယ္ဆို ေက်နပ္တယ္ အဲ့အတြက္ သူ႔ကိုလည္း က်ေတာ့္စိတ္ကိုေျပာျပတယ္။ သူကိုယ္တိုင္ကလည္း အဲဒီစိတ္ရွိတယ္။ ေလ်ွာက္လွမ္းတဲ့လမ္းမွာေတာ့ လူတစ္ဖက္သားဒုကၡေရာက္တာျမင္ရင္ကူညီမယ္ ။ အႏုပညာအလုပ္ေတြအတူတူလုပ္မယ္။ သီခ်င္းေတြအတူတူဆိုမယ္။ ထမင္းဟင္းခ်က္၊ အဝတ္ေလ်ွာ္တာကအစ တူတူလုပ္မယ္။ အားတဲ့အခ်ိန္ ပိုက္ဆံေလးပိုလ်ွံလာရင္ အေပ်ာ္ခရီးေလးေတြထြက္မယ္။ ေနာက္ထပ္ကေလးေတြရလာရင္လညး္ ဒီလိုေလးပဲ ဘဝကိုျဖတ္သန္းမယ္။”

“တစ္ႏွစ္ေလာက္ဆိုရင္ေတာ့ မဂၤလာလဲမေဆာင္ရေသးဘူး ခုဟာက အခက္အခဲေတြၾကားထဲမွာ ခံယူခ်က္ေတြ အိမ္မက္ေတြ တူညီလို႔ အခက္ခဲေတြရင္ဆိုင္မယ္ဆိုျပီး စိတ္နဲ႔ လက္မွတ္ထိုးလက္ထပ္လိုက္တာပဲရွိတယ္။ ဒါေပမယ့္ က်ေတာ့္စိတ္ထဲမွာေတြးထားတာ က်ေတာ္ျမတ္နိုးတဲ့မိန္းကေလးတစ္ေယာက္ကို ဒီေလာက္နဲ႔မျပီးခ်င္ဘူး။”

” သူကေတာ့ မလုပ္ဘူးေျပာတယ္ အဲ့အတြက္ အဓိပၸါယ္ရွိတဲ့ မဂၤလာေဆာင္တစ္ခုကိုလုပ္ျဖစ္ဦးမွာပါ။ အဲ့အတြက္ကိုလည္း စီစဥ္ေနပါတယ္။ ေရွ႕ႏွစ္ထဲမွာလုပ္ျဖစ္ေလာက္မွာပါ။ အဲဒါျပီးမွ ကေလးယူတဲ့ကိစၥ သူနဲ႔က်ေတာ္တိုင္ပင္ျပီး ကေလးတစ္ေယာက္ယူတယ္ဆိုတာလည္း က်ေတာ္စဥ္းစားၾကည့္တယ္ေလ ျပင္ဆင္ရတာေတြအမ်ားၾကီး ဒီကေလး ေနမေကာင္းျဖစ္တာကအစ ဒီမိဘႏွစ္ပါးျဖစ္လာတဲ့အခ်ိန္မွာ သူတုိ႔လက္ထဲ မွာ ေငြေရးေၾကးေရးကစလို႔ ဒီကေလးအတြက္ ဘာမွျပင္ဆင္မွုမရွိဘဲ သြားယူလိုက္ရင ္ဒီကေလးပဲဒုကၡေရာက္မွာ အဲေတာ့ က်ေတာ္တို႔ ေသခ်ာတိုင္ပင္ျပီး ျပင္ဆင္ေနပါတယ္။”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: We Love Cele
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံမှာအရှည်ဆုံးဇာတ်လမ်းတွဲကိုရေးသားခဲ့တဲ့ မင်းထက်ဟာ လက်ရှိမှာ လူမှုရေးပြသနာရပ်တွေကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူ နှင်းအိရွှေရည်ဟာ မကြာသေးခင်ကမှ မင်းထက်နဲ့ရရှိထားတဲ့ ကလေးကို သတ္တိရှိရှိ ဖခင်အမည်ခံဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ မင်းထက်ဟာ လက်ရှိမှာတော့ မင်းသမီး စိုးနန္ဒာကျော်နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ကို ထူထောင်နေပြီး ကလေးယူဖို့လည်း စီစဉ်နေတယ်လို့သိရပါတယ်။

“ကလေးကိစ္စကတော့ ဒီတစ်နှစ်လောက်ပြီးရင်တော့ သူလည်းသူ့အလုပ် သူလုပ် ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်ပြီးရင်တော့ ကလေးယူဖို့ပူဆာထားတယ် သူ့ကို သူ့လိုပဲဝဝကစ်ကစ် ဒါပေမယ့် အစားတော့ သိပ်မသောင်းကျန်းနဲ့လို့ အဲလိုပူဆာထားတယ် ဖြစ်နိုင်ရင်တော့ သားယောက်ကျားလေးတစ်ယောက်တော့ လိုချင်တယ် အဲအတွက်လည်း ကြိုပြီးပြင်ဆင်ထားတယ်။ အနာဂတ်အိပ်မက်ကတော့ ကျတော် သူကြွယ်သူဌေးကြီးလည်းမဖြစ်ချင်ဘူး။ အရမ်းကြီးထင်ပေါ်ကျော်ကြားအောင်မြင်မှုလည်း ကျတော်တို့ နှစ်ယောက်လုံးက သိပ်မမက်ဘူးဗျ။”

“ကျတော်တို့ လျှောက်တဲ့လမ်းမှာ ကျတော်တို့ လိပ်ပြာသန့်သန့်နဲ့ ကိုယ့်ခံယူချက်လေးနဲ့ သာသာယာယာလေး ပုံမှန်ပျော်ရွှင်စွာလျှောက်လှမ်းနိုင်မယ်ဆို ကျေနပ်တယ် အဲ့အတွက် သူ့ကိုလည်း ကျတော့်စိတ်ကိုပြောပြတယ်။ သူကိုယ်တိုင်ကလည်း အဲဒီစိတ်ရှိတယ်။ လျှောက်လှမ်းတဲ့လမ်းမှာတော့ လူတစ်ဖက်သားဒုက္ခရောက်တာမြင်ရင်ကူညီမယ် ။ အနုပညာအလုပ်တွေအတူတူလုပ်မယ်။ သီချင်းတွေအတူတူဆိုမယ်။ ထမင်းဟင်းချက်၊ အဝတ်လျှော်တာကအစ တူတူလုပ်မယ်။ အားတဲ့အချိန် ပိုက်ဆံလေးပိုလျှံလာရင် အပျော်ခရီးလေးတွေထွက်မယ်။ နောက်ထပ်ကလေးတွေရလာရင်လည်း ဒီလိုလေးပဲ ဘဝကိုဖြတ်သန်းမယ်။”

“တစ်နှစ်လောက်ဆိုရင်တော့ မင်္ဂလာလဲမဆောင်ရသေးဘူး ခုဟာက အခက်အခဲတွေကြားထဲမှာ ခံယူချက်တွေ အိမ်မက်တွေ တူညီလို့ အခက်ခဲတွေရင်ဆိုင်မယ်ဆိုပြီး စိတ်နဲ့ လက်မှတ်ထိုးလက်ထပ်လိုက်တာပဲရှိတယ်။ ဒါပေမယ့် ကျတော့်စိတ်ထဲမှာတွေးထားတာ ကျတော်မြတ်နိုးတဲ့မိန်းကလေးတစ်ယောက်ကို ဒီလောက်နဲ့မပြီးချင်ဘူး။”

” သူကတော့ မလုပ်ဘူးပြောတယ် အဲ့အတွက် အဓိပ္ပါယ်ရှိတဲ့ မင်္ဂလာဆောင်တစ်ခုကိုလုပ်ဖြစ်ဦးမှာပါ။ အဲ့အတွက်ကိုလည်း စီစဉ်နေပါတယ်။ ရှေ့နှစ်ထဲမှာလုပ်ဖြစ်လောက်မှာပါ။ အဲဒါပြီးမှ ကလေးယူတဲ့ကိစ္စ သူနဲ့ကျတော်တိုင်ပင်ပြီး ကလေးတစ်ယောက်ယူတယ်ဆိုတာလည်း ကျတော်စဉ်းစားကြည့်တယ်လေ ပြင်ဆင်ရတာတွေအများကြီး ဒီကလေး နေမကောင်းဖြစ်တာကအစ ဒီမိဘနှစ်ပါးဖြစ်လာတဲ့အချိန်မှာ သူတို့လက်ထဲ မှာ ငွေရေးကြေးရေးကစလို့ ဒီကလေးအတွက် ဘာမှပြင်ဆင်မှုမရှိဘဲ သွားယူလိုက်ရင ်ဒီကလေးပဲဒုက္ခရောက်မှာ အဲတော့ ကျတော်တို့ သေချာတိုင်ပင်ပြီး ပြင်ဆင်နေပါတယ်။”

ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top