×

ေသတဲ့အထိ လက္တြဲမျဖဳတ္သြားပါဘူးလို႔ ဆိုတဲ့ ခင္လိႈင္ နဲ႔ ဒိန္းေဒါင္

ငယ္ငယ္ကတည္းက ေပါင္းလာခဲ့ၾကတဲ့သူငယ္ခ်င္းျဖစ္တဲ့အျပင္ ဟာသသ႐ုပ္ေဆာင္ေတြအေနနဲ႔ အတိုင္အေဖာက္ညီညီလက္တြဲျဖစ္ခဲ့ၾကတဲ့ ဒိန္းေဒါင္ နဲ႔ ေသတဲ့အထိ လက္တြဲမျဖဳတ္သြားဘူးလို႔ ဟာသသ႐ုပ္ေဆာင္ ခင္လိႈင္က ေျပာပါတယ္။

“ ငယ္ငယ္ကတည္းက ေျပာမနာ ဆိုမနာ သူငယ္ခ်င္းဆိုေတာ့ စကားလံုးေတြကို နာစရာအျဖစ္မသတ္မွတ္ေတာ့ဘူး။ သူကိုယ့္ကို ရယ္ေအာင္လို႔ ေျပာတယ္။ ကိုယ္ကလည္း သူ႔ကို ပံ့ပိုးတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ပံ့ပိုးတယ္လို႔ စိတ္ထဲမွာ ထားထားတဲ့အခါက်ေတာ့ ဘာအေႏွာင့္အယွက္မွ မရွိေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ အသက္ေတြႀကီးသြားတဲ့အထိ မေသခင္အခ်ိန္အထိ လက္တြဲမျဖဳတ္သြားပါဘူး” လုိ႔ ခင္လိႈင္က ေျပာပါတယ္။

ဟာသသ႐ုပ္ေဆာင္ ခင္လိႈင္နဲ႔ ငယ္ငယ္ေလးကတည္းက ေပါင္းလာခဲ့ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္က အတြဲညီေနၿပီး စိတ္ခ်င္းဆက္တာမ်ိဳးလည္းရွိတယ္လို႔ ဒိန္းေဒါင္က ေျပာပါတယ္။

“ ငယ္ငယ္ထဲက ေပါင္းလာေတာ့ ကၽြန္ေတာ္တို႔က ဘယ္ေလာက္ေျပာေျပာမနာဘူး။ စင္ေပၚမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း စိတ္ဆိုးစရာလည္းမလိုဘူး။ စိတ္ေကာက္စရာလည္းမလိုဘူး။ အတြဲညီတယ္လုိ႔ ေခၚတာေပါ့။ သူ႔စိတ္ထဲ ဘာထြက္မလဲ၊ တစ္ခါတေလ စကားတစ္လံုးကို ႏွစ္ေယာက္ၿပိဳင္တူထြက္တာမ်ိဳးေတြ ရွိတယ္” လို႔ သူက ေျပာပါတယ္။

ခင္လိႈင္နဲ႔ ဒိန္းေဒါင္တို႔ အခမ္းအနားမွဴးအျဖစ္ ျပဳလုပ္တဲ့ပြဲေတြမွာ ပရိသတ္ေတြ မ်က္စိပသာဒျဖစ္ေအာင္ အကၤ်ီဆင္တူဝတ္ျဖစ္တာျဖစ္တယ္လုိ႔ သိရပါတယ္။

“ ဟိုးတုန္းကတည္းက သူငယ္ခ်င္းႏွစ္ေယာက္ အစီအစဥ္တင္ဆက္သူစလုပ္ကတည္းက ဆင္တူဝတ္ၿပီးေတာ့ လိုင္းတစ္လိုင္းေဖာက္ခဲ့တာေပါ့ေနာ္။ ဆင္တူေလးဆိုေတာ့ ပရိသတ္ျမင္ရတာ မ်က္စိပသာဒျဖစ္တယ္ဆိုၿပီး ပြဲနဲ႔လည္း လိုက္ဖက္တဲ့ အေရာင္ေလးေတြ ဆင္တူဝတ္ျဖစ္တာပါ။” လို႔ ခင္လိႈင္က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ အင္းယားလိတ္ဟိုတယ္ ျမက္ခင္းျပင္မွာ ႏိုဝင္ဘာ ၂၇ ရက္ညပိုင္းက က်င္းပခဲ့တဲ့ သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းနဲ႔ ကိုတာတာမ်ိဳးတို႔ရဲ့ မဂၤလာညစာစားပြဲမွာလည္း ခင္လိႈင္နဲ႔ ဒိန္းေဒါင္တို႔ႏွစ္ေယာက္ အကၤ်ီဆင္တူဝတ္ၿပီး အခမ္းအနားမွဴးလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ခ်စ္မိုးဂ်ဴလိႈင္
# Unicode Version ျဖင့္ ဖတ္ပါ #
သေတဲ့အထိ လက်တွဲမဖြုတ်သွားပါဘူးလို့ ဆိုတဲ့ ခင်လှိုင် နဲ့ ဒိန်းဒေါင်

ငယ်ငယ်ကတည်းက ပေါင်းလာခဲ့ကြတဲ့သူငယ်ချင်းဖြစ်တဲ့အပြင် ဟာသသရုပ်ဆောင်တွေအနေနဲ့ အတိုင်အဖောက်ညီညီလက်တွဲဖြစ်ခဲ့ကြတဲ့ ဒိန်းဒေါင် နဲ့ သေတဲ့အထိ လက်တွဲမဖြုတ်သွားဘူးလို့ ဟာသသရုပ်ဆောင် ခင်လှိုင်က ပြောပါတယ်။

“ ငယ်ငယ်ကတည်းက ပြောမနာ ဆိုမနာ သူငယ်ချင်းဆိုတော့ စကားလုံးတွေကို နာစရာအဖြစ်မသတ်မှတ်တော့ဘူး။ သူကိုယ့်ကို ရယ်အောင်လို့ ပြောတယ်။ ကိုယ်ကလည်း သူ့ကို ပံ့ပိုးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပံ့ပိုးတယ်လို့ စိတ်ထဲမှာ ထားထားတဲ့အခါကျတော့ ဘာအနှောင့်အယှက်မှ မရှိတော့ပါဘူး။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အသက်တွေကြီးသွားတဲ့အထိ မသေခင်အချိန်အထိ လက်တွဲမဖြုတ်သွားပါဘူး” လို့ ခင်လှိုင်က ပြောပါတယ်။

ဟာသသရုပ်ဆောင် ခင်လှိုင်နဲ့ ငယ်ငယ်လေးကတည်းက ပေါင်းလာခဲ့တော့ တစ်ယောက်နဲ့ တစ်ယောက်က အတွဲညီနေပြီး စိတ်ချင်းဆက်တာမျိုးလည်းရှိတယ်လို့ ဒိန်းဒေါင်က ပြောပါတယ်။

“ ငယ်ငယ်ထဲက ပေါင်းလာတော့ ကျွန်တော်တို့က ဘယ်လောက်ပြောပြောမနာဘူး။ စင်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်ဆိုးစရာလည်းမလိုဘူး။ စိတ်ကောက်စရာလည်းမလိုဘူး။ အတွဲညီတယ်လို့ ခေါ်တာပေါ့။ သူ့စိတ်ထဲ ဘာထွက်မလဲ၊ တစ်ခါတလေ စကားတစ်လုံးကို နှစ်ယောက်ပြိုင်တူထွက်တာမျိုးတွေ ရှိတယ်” လို့ သူက ပြောပါတယ်။

ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ အခမ်းအနားမှူးအဖြစ် ပြုလုပ်တဲ့ပွဲတွေမှာ ပရိသတ်တွေ မျက်စိပသာဒဖြစ်အောင် အင်္ကျီဆင်တူဝတ်ဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

“ ဟိုးတုန်းကတည်းက သူငယ်ချင်းနှစ်ယောက် အစီအစဉ်တင်ဆက်သူစလုပ်ကတည်းက ဆင်တူဝတ်ပြီးတော့ လိုင်းတစ်လိုင်းဖောက်ခဲ့တာပေါ့နော်။ ဆင်တူလေးဆိုတော့ ပရိသတ်မြင်ရတာ မျက်စိပသာဒဖြစ်တယ်ဆိုပြီး ပွဲနဲ့လည်း လိုက်ဖက်တဲ့ အရောင်လေးတွေ ဆင်တူဝတ်ဖြစ်တာပါ။” လို့ ခင်လှိုင်က ပြောပါတယ်။

ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ် မြက်ခင်းပြင်မှာ နိုဝင်ဘာ ၂၇ ရက်ညပိုင်းက ကျင်းပခဲ့တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းနဲ့ ကိုတာတာမျိုးတို့ရဲ့ မင်္ဂလာညစာစားပွဲမှာလည်း ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့နှစ်ယောက် အင်္ကျီဆင်တူဝတ်ပြီး အခမ်းအနားမှူးလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ချစ်မိုးဂျူလှိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top