×

အုန္းသီးဟာ ျမန္မာျပည္မွာ အလြန္ေပါတဲ့ အသီးတစ္မ်ိဳးဆို မမွားပါဘူး။ အုန္းစိမ္းေရဟာ ကမ္းေျခသြားသူတိုင္း ေသာက္ခ်င္ၾကတဲ့ အရည္တစ္မ်ိဳးပါ။ အုန္းသီးဟာ တကယ့္ကို အက်ိဳးရွိတဲ့ အသီးပါ။ တကယ္လို႔ သင္ဟာ အုန္းဆီတို႔ အုန္းႏို႔တုိ႔ ဒါမွမဟုတ္ အုန္းသီး ဒီအတိုင္း စားရတာတို႔ မႀကိဳက္ဘူးဆိုရင္ အုန္းေရေသာက္ပါ။ အက်ိဳးအာနိသင္ အတူတူ ရပါလိမ့္မယ္။

၁။ ေရဓာတ္ကို ျပန္လည္ ျဖည့္တင္းေပးတယ္။

အုန္းေရဟာ ေရဓာတ္ကို ျပန္ျဖည့္ဆည္းတဲ့ ေနရာမွာ ဆရာတစ္ဆူပါ။ ေရဓာတ္ျပန္ျဖည့္ဖို႔ အေရးေပၚလိုေနရင္ အုန္းေရေသာက္လိုက္ပါ။ ဒါက ျဖစ္ႏုိင္ပါတယ္ ဘာေၾကာင့္လဲဆိုေတာ့ အုန္းေရဟာ သဘာ၀အတိုင္း ျဖစ္ေပၚတဲ့ အျပင္ ခႏၶၶၶာကိုယ္ထဲမွာ ရွိတဲ့ ေသြးရည္ၾကည္နဲ႔ သ႑ာန္တူပါတယ္။ ေလ့က်င့္ခန္း လုပ္ၿပီးခ်ိန္နဲ႔ အားကစား လုပ္ၿပီးတဲ့ အခ်ိန္ေတြမွာ ေရဓာတ္ကို ျပန္ျဖည့္ဖို႔ အုန္းေရ ေသာက္ႏုိင္ပါတယ္။ ကိုယ္ထဲမွာ ရွိတဲ့ မရွိမျဖစ္ လိုအပ္တဲ့ သတၱဳရည္ေတြဟာ မညီမွ်တဲ့ အခါမွာ ေသြးတိုးေရာဂါ ျဖစ္ေပၚေစတတ္ပါတယ္။ အုန္းေရမွာ ပိုတက္ဆီယမ္၊ ဆိုဒီယမ္နဲ႔ မက္ဂနီဆီယမ္တု႔ိ ပါ၀င္ၿပီး အုန္းေရကို ဆားနည္းနည္း ထည့္ေသာက္လိုက္ရင္ သတၱဳရည္မညီမွ် ျဖစ္ျခင္းကို ကာကြယ္ႏုိင္ပါတယ္။

၂။ ကိုယ္အေလးခ်ိန္ ထိန္းေပးျခင္း

အုန္းေရမွာ ျပည့္၀တဲ့ အမွ်င္ဓာတ္ေတြ ပါ၀င္တဲ့အျပင္ Antioxidants၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ (၇) မ်ိိဳး ပါ၀င္ပါတယ္။ ဒါေတြဟာ ကိုယ္ခႏၶၶၶာအေလးခ်ိန္ကို ထိန္းညွိေပးၿပီး ေသြးထဲက အဆီဓာတ္ေတြကို မွ်တေအာင္ ေဆာင္ရြက္ေပးပါတယ္။

၃။ Tonar အျဖစ္ အသံုးျပဳႏုိင္ျခင္း

အုန္းေရကို ဂြမ္းစနဲ႔ အနည္းငယ္ဆြတ္ၿပီး မ်က္ႏွာကို တို႔ေပးပါ။ အသားအရည္ေျခာက္ေသြ႔မႈ မျဖစ္ေစပဲ မ်က္ႏွာေလး ၀င္းလာပါလိမ့္မယ္။

၄။ ေပြးကြက္ေတြကိုလည္း ကုသႏုိင္

အုန္းေရကို ေပြးကြက္ရွိတဲ့ ေနရာမွာ သုတ္လိမ္းထားၿပီး တစ္ညထားပါ။ ေနာက္တစ္နည္းကေတာ့ အုန္းေရနဲ႔ နႏြင္းမႈန္႔ကို ဆတူေရာၿပီး တစ္ေန႔ သံုးႀကိမ္ လိမ္းေပးပါ။ အသားအရည္ ပံုမွန္ျဖစ္တဲ့ အထိ လိမ္းေပးပါ။

၅။ ေရာဂါကာကြယ္မႈ စနစ္ကို ေထာက္ပံ့ေပးတယ္

အုန္းေရဟာ ခႏၶၶၶၶာကိုယ္ရဲ႕ ေရာဂါကာကြယ္မႈ စနစ္ကို ျမင့္တက္ေစၿပီး အနာတရ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ အုန္းေရကို ခုခံအားျမင့္တင္ဖို႔ ေသာက္မယ္ဆို ေဖ်ာ္ရည္လို လုပ္ေသာက္လို႔ ရပါတယ္။

ပါ၀င္တာေတြကေတာ့

သံပုရာသီး ၁လံုး
ဂ်င္း တစ္လက္မ
နႏြင္းတက္ တစ္လက္မ (အတက္မရွိရင္ အမႈန္႔ထည့္ႏုိင္)
ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
အုန္းေရ ဖန္ခြက္ တစ္၀က္
ငရုတ္သီးမႈန္႔ အနည္းငယ္

ျပဳလုပ္ပံု

သံပုရာသီးကို အကြင္းလိုက္လွီးပါ။ ဂ်င္းနဲ႔ နႏြင္းတက္ကိုလည္း ခပ္ပါးပါး လွီးပါ။ နႏြင္းတက္ မရရင္ နႏြင္းမႈန္႔ နည္းနည္း ထည့္ပါ။ ပ်ားရည္နဲ႔ အုန္းေရ ေရာပါ။ ေကာင္းေကာင္း ေမႊေပးပါ။ ငရုတ္သီးမႈန္႔ထည့္ပါ။ ေမႊၿပီး ခ်က္ခ်င္းေသာက္လိုက္ပါ။ဒီနည္းဟာ ကိုယ္ထဲက အဆိပ္ေတြကို ထုတ္ၿပီး ကိုယ္ခံအား ျမင့္တက္ေစတဲ့ ေဖ်ာ္ရည္ပါ။ ၀ိတ္ထိန္းသူေတြ အတြက္လည္း ေကာင္းတယ္လို႔ သတင္းေကာင္း ပါးပါရေစ။

၆။ မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေစနုိင္

အုန္းေရကို ေန႔တုိင္း ေသာက္ေပးမယ္ဆိုရင္ မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေစၿပီး HDL လို႔ေခၚတဲ့ ေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြ ျမင့္တက္လာေစပါတယ္။ ဒါက အသည္း၊ နွလံုး၊ ေက်ာက္ကပ္နဲ႔ ပင္မေသြးလႊတ္ေၾကာေတြမွာ ကိန္းေအာင္းေနတတ္တဲ့ ၀ေစတဲ့ အဆီေတြကို ေလ်ာ့ပါးေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfood

#Unicode Version#
အုန်းသီးဟာ မြန်မာပြည်မှာ အလွန်ပေါတဲ့ အသီးတစ်မျိုးဆို မမှားပါဘူး။ အုန်းစိမ်းရေဟာ ကမ်းခြေသွားသူတိုင်း သောက်ချင်ကြတဲ့ အရည်တစ်မျိုးပါ။ အုန်းသီးဟာ တကယ့်ကို အကျိုးရှိတဲ့ အသီးပါ။ တကယ်လို့ သင်ဟာ အုန်းဆီတို့ အုန်းနို့တို့ ဒါမှမဟုတ် အုန်းသီး ဒီအတိုင်း စားရတာတို့ မကြိုက်ဘူးဆိုရင် အုန်းရေသောက်ပါ။ အကျိုးအာနိသင် အတူတူ ရပါလိမ့်မယ်။

၁။ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးတယ်။

အုန်းရေဟာ ရေဓာတ်ကို ပြန်ဖြည့်ဆည်းတဲ့ နေရာမှာ ဆရာတစ်ဆူပါ။ ရေဓာတ်ပြန်ဖြည့်ဖို့ အရေးပေါ်လိုနေရင် အုန်းရေသောက်လိုက်ပါ။ ဒါက ဖြစ်နိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အုန်းရေဟာ သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ အပြင် ခန္ဓ္ဓ္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးရည်ကြည်နဲ့ သဏ္ဍာန်တူပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးချိန်နဲ့ အားကစား လုပ်ပြီးတဲ့ အချိန်တွေမှာ ရေဓာတ်ကို ပြန်ဖြည့်ဖို့ အုန်းရေ သောက်နိုင်ပါတယ်။ ကိုယ်ထဲမှာ ရှိတဲ့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုရည်တွေဟာ မညီမျှတဲ့ အခါမှာ သွေးတိုးရောဂါ ဖြစ်ပေါ်စေတတ်ပါတယ်။ အုန်းရေမှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ မက်ဂနီဆီယမ်တု့ိ ပါဝင်ပြီး အုန်းရေကို ဆားနည်းနည်း ထည့်သောက်လိုက်ရင် သတ္တုရည်မညီမျှ ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

၂။ ကိုယ်အလေးချိန် ထိန်းပေးခြင်း

အုန်းရေမှာ ပြည့်ဝတဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် Antioxidants၊ ဗီတာမင်နဲ့ သတ္တုဓာတ် (၇) မျိုး ပါဝင်ပါတယ်။ ဒါတွေဟာ ကိုယ်ခန္ဓ္ဓ္ဓာအလေးချိန်ကို ထိန်းညှိပေးပြီး သွေးထဲက အဆီဓာတ်တွေကို မျှတအောင် ဆောင်ရွက်ပေးပါတယ်။

၃။ Tonar အဖြစ် အသုံးပြုနိုင်ခြင်း

အုန်းရေကို ဂွမ်းစနဲ့ အနည်းငယ်ဆွတ်ပြီး မျက်နှာကို တို့ပေးပါ။ အသားအရည်ခြောက်သွေ့မှု မဖြစ်စေပဲ မျက်နှာလေး ဝင်းလာပါလိမ့်မယ်။

၄။ ပွေးကွက်တွေကိုလည်း ကုသနိုင်

အုန်းရေကို ပွေးကွက်ရှိတဲ့ နေရာမှာ သုတ်လိမ်းထားပြီး တစ်ညထားပါ။ နောက်တစ်နည်းကတော့ အုန်းရေနဲ့ နနွင်းမှုန့်ကို ဆတူရောပြီး တစ်နေ့ သုံးကြိမ် လိမ်းပေးပါ။ အသားအရည် ပုံမှန်ဖြစ်တဲ့ အထိ လိမ်းပေးပါ။

၅။ ရောဂါကာကွယ်မှု စနစ်ကို ထောက်ပံ့ပေးတယ်

အုန်းရေဟာ ခန္ဓ္ဓ္ဓ္ဓာကိုယ်ရဲ့ ရောဂါကာကွယ်မှု စနစ်ကို မြင့်တက်စေပြီး အနာတရ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အုန်းရေကို ခုခံအားမြင့်တင်ဖို့ သောက်မယ်ဆို ဖျော်ရည်လို လုပ်သောက်လို့ ရပါတယ်။

ပါဝင်တာတွေကတော့

သံပုရာသီး ၁လုံး
ဂျင်း တစ်လက်မ
နနွင်းတက် တစ်လက်မ (အတက်မရှိရင် အမှုန့်ထည့်နိုင်)
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
အုန်းရေ ဖန်ခွက် တစ်ဝက်
ငရုတ်သီးမှုန့် အနည်းငယ်

ပြုလုပ်ပုံ

သံပုရာသီးကို အကွင်းလိုက်လှီးပါ။ ဂျင်းနဲ့ နနွင်းတက်ကိုလည်း ခပ်ပါးပါး လှီးပါ။ နနွင်းတက် မရရင် နနွင်းမှုန့် နည်းနည်း ထည့်ပါ။ ပျားရည်နဲ့ အုန်းရေ ရောပါ။ ကောင်းကောင်း မွှေပေးပါ။ ငရုတ်သီးမှုန့်ထည့်ပါ။ မွှေပြီး ချက်ချင်းသောက်လိုက်ပါ။ဒီနည်းဟာ ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပြီး ကိုယ်ခံအား မြင့်တက်စေတဲ့ ဖျော်ရည်ပါ။ ဝိတ်ထိန်းသူတွေ အတွက်လည်း ကောင်းတယ်လို့ သတင်းကောင်း ပါးပါရစေ။

၆။ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချစေနိုင်

အုန်းရေကို နေ့တိုင်း သောက်ပေးမယ်ဆိုရင် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချစေပြီး HDL လို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ မြင့်တက်လာစေပါတယ်။ ဒါက အသည်း၊ နှလုံး၊ ကျောက်ကပ်နဲ့ ပင်မသွေးလွှတ်ကြောတွေမှာ ကိန်းအောင်းနေတတ်တဲ့ ဝစေတဲ့ အဆီတွေကို လျော့ပါးစေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top