(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ အိႏၵိယႏြယ္ဖြား အိမ္အကူအမ်ိဳးသမီးတစ္ဦးအား အိမ္ရွင္ျဖစ္သူ ေရႊဆိုင္ပိုင္ရွင္က ႀကိဳတင္လုပ္အားခ​ေငြမ်ား အျပည့္အဝ ျပန္လည္ရလိုမွုျဖင့္ တရားစြဲအမွုဖြင္ထားေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ သထုံၿမိဳ႕၊ နန္းခဲရပ္ကြက္ေန မသဇင္စိုး (အိႏၵိယႏြယ္ဖြား) သည္ ဆင္းရဲက်ပ္တည္းလြန္းသျဖင့္ ပြဲစားျဖစ္သူ၏ အဆက္အသြယ္ျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕၊ လမုတန္းေစ်း၊ ေရႊစင္မင္း ေရႊဆိုင္ပိုင္ရွင္၏ အိမ္တြင္ အိမ္အကူအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

မသဇင္စိုးမွာ ကေလးမိခင္ အိမ္ေထာင္ကြဲျဖစ္ေနေသာ္လည္း အလုပ္မရမည္စိုးသျဖင့္ အိမ္ရွင္မိသားစုအား အပ်ိဳဟု ကနဦးတြင္ လိမ္ေျပာဆိုခဲ့သည္။ သိပ္မၾကာမီမွာပင္ သူမမွာ အပ်ိဳမဟုတ္ေၾကာင္း သိသြားခဲ့ၿပီးေနာက္ လိမ္လည္ေျပာဆိုခဲ့သည့္အတြက္ အိမ္ရွင္ျဖစ္သူက ကလိမ္က်စ္က်သည္ဟု ေျပာဆိုကာ ခ်ိဳးႏွိက္ဆက္ဆံမွု၊ မယုံသကၤာမွုမ်ား၊ ရင့္သီးေမာက္မာစြာ ေျပာဆိုဆက္ဆံမွုမ်ား ရွိခဲ့သျဖင့္ အဆိုပါအိမ္တြင္ ၂ ရက္သာ အလုပ္လုပ္ခဲ့ၿပီး ျပန္လာခဲ့သည္။

ထို႔ေၾကာင့္ အိမ္ရွင္ျဖစ္သူက ႀကိဳတင္ထုတ္ေပးထားေသာေငြမ်ား ျပန္ေပးရန္ မသဇင္စိုး၏ မိခင္ျဖစ္သူ ေဒၚသင္းသင္းဦးအား ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇယ်ာသီရိရဲစခန္းတြင္ ေခၚယူဖိအားေပးခဲ့သည္။ မသဇင္စိုး နဲ႔ ေဒၚသင္းသင္းဦး က အိမ္ရွင္ျဖစ္သူအား ႀကိဳတင္ေငြမ်ား ျပန္ေပးခဲ့ရာ ပြဲစားျဖတ္ယူထားေသာ ေငြမ်ားေၾကာင့္ မျပည့္သျဖင့္ အိမ္ရွင္က လက္ခံျခင္းမရွိပဲ အျပည့္ျပန္ေပးရန္ ေတာင္းဆိုခဲ့သည္။

စက္တင္ဘာလ ၆ ရက္ေန႔တြင္ ဦးခင္ဝင္းက တရားလိုျပဳလုပ္ကာ မသဇင္စိုး နဲ႔ ေဒၚသင္းသင္းဦး တို႔ႏွစ္ဦးအား ရာဇသတ္ႀကီးပုဒ္မ ၄၂၀ (လိမ္လည္မွု)ျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕ တရား႐ုံးတြင္ တရားစြဲဆိုခဲ့သည္။

စက္တင္ဘာလ ၁၁ ရက္ေန႔တြင္ အခ်ဳပ္လႊတ္အာမခံ ရရွိေရးေဆာင္ရြက္ခဲ့ၿပီး တရားခံေရွ႕ေနအျဖစ္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝင္း က အမွုရင္ဆိုင္သြားမည္ျဖစ္ေၾကာင္း PVA အဖြဲ႕မွ ထုတ္ျပန္ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Uncode Version#
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အိန္ဒိယနွယ်ဖွား အိမ်အကူအမျိုးသမီးတစ်ဦးအား အိမ်ရှင်ဖြစ်သူ ရွှေဆိုင်ပိုင်ရှင်က ကြိုတင်လုပ်အားခငွေများ အပြည့်အဝ ပြန်လည်ရလိုမှုဖြင့် တရားစွဲအမှုဖွင်ထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်နေ မသဇင်စိုး (အိန္ဒိယနွယ်ဖွား) သည် ဆင်းရဲကျပ်တည်းလွန်းသဖြင့် ပွဲစားဖြစ်သူ၏ အဆက်အသွယ်ဖြင့် မော်လမြိုင်မြို့၊ လမုတန်းဈေး၊ ရွှေစင်မင်း ရွှေဆိုင်ပိုင်ရှင်၏ အိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

မသဇင်စိုးမှာ ကလေးမိခင် အိမ်ထောင်ကွဲဖြစ်နေသော်လည်း အလုပ်မရမည်စိုးသဖြင့် အိမ်ရှင်မိသားစုအား အပျိုဟု ကနဦးတွင် လိမ်ပြောဆိုခဲ့သည်။ သိပ်မကြာမီမှာပင် သူမမှာ အပျိုမဟုတ်ကြောင်း သိသွားခဲ့ပြီးနောက် လိမ်လည်ပြောဆိုခဲ့သည့်အတွက် အိမ်ရှင်ဖြစ်သူက ကလိမ်ကျစ်ကျသည်ဟု ပြောဆိုကာ ချိုးနှိက်ဆက်ဆံမှု၊ မယုံသင်္ကာမှုများ၊ ရင့်သီးမောက်မာစွာ ပြောဆိုဆက်ဆံမှုများ ရှိခဲ့သဖြင့် အဆိုပါအိမ်တွင် ၂ ရက်သာ အလုပ်လုပ်ခဲ့ပြီး ပြန်လာခဲ့သည်။

ထို့ကြောင့် အိမ်ရှင်ဖြစ်သူက ကြိုတင်ထုတ်ပေးထားသောငွေများ ပြန်ပေးရန် မသဇင်စိုး၏ မိခင်ဖြစ်သူ ဒေါ်သင်းသင်းဦးအား မော်လမြိုင်မြို့၊ ဇေယျာသီရိရဲစခန်းတွင် ခေါ်ယူဖိအားပေးခဲ့သည်။ မသဇင်စိုး နဲ့ ဒေါ်သင်းသင်းဦး က အိမ်ရှင်ဖြစ်သူအား ကြိုတင်ငွေများ ပြန်ပေးခဲ့ရာ ပွဲစားဖြတ်ယူထားသော ငွေများကြောင့် မပြည့်သဖြင့် အိမ်ရှင်က လက်ခံခြင်းမရှိပဲ အပြည့်ပြန်ပေးရန် တောင်းဆိုခဲ့သည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ဦးခင်ဝင်းက တရားလိုပြုလုပ်ကာ မသဇင်စိုး နဲ့ ဒေါ်သင်းသင်းဦး တို့နှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၄၂၀ (လိမ်လည်မှု)ဖြင့် မော်လမြိုင်မြို့ တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် အချုပ်လွှတ်အာမခံ ရရှိရေးဆောင်ရွက်ခဲ့ပြီး တရားခံရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း က အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်း PVA အဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top