×
Credit: ShweMyanmar
# Unicode Version ဖြင့် ဖတ်ပါ #
ထိုင်းနိူင်ငံ Sisaket က မြို့ တစ်ခုမှာ ဖြစ်သည်။ ကျောင်းဆရာမ ဟောင်း တစ်ယောက်ထဲ သူ့ အိမ်မှာ ကျန်ခဲ့သည်။ မိုးကလည်း အဆက်မပြတ် ရွာသွန်းနေသည်။
မနက် ၃ နာရီထိုးတော့ အိမ်ကို မဖိတ်ခေါ်ပဲ ဧည့်သည် တစ်ယောက် ရောက်လာသည်။ သူက ကောင်းသော လာခြင်းမဟုတ်ပါ။ အိမ်ကို ဖောက်ထွင်းဝင်ရောကက်လာပြီး ဆရာမ၏ အခန်းကို သွားရောက်သည်။
အခန်းရောက်တော့ ဆရာမ ပါးစပ်ကို လက်ဖြင့် ပိတ်ပြီး ဗိုက်ကို ၃ ချက်လောက် ထိုးသည်။ ပြီးတော့ ဆရာမကို ကြမ်းပြင်ပေါ်လှဲချပြီး မုဒိန်းကျင့်ရန် ပြင်ဆင်သည်။ ပထမဦးစွာ အဝတ်အစားများ အားလုံးကို ချွတ်ပစ်သည်။
ဆရာမ ခေါင်းထဲတွင် အတွေး တစ်ခု ရောက်လာသည်။ သူမ က အဆိုပါ မုဒိန်း သူခိုးကောင်ကို ခုခံရန်လည်း မတတ်နိူင်ပေ။ ရုန်းကန်ပါ အသက် အန္တာရယ်ကိုပါ ထိခိုက် နိူင်သောကြောင့် သူမက သေခြင်ယောင်ဆောင်လိုက်သည်။
သူခိုးက မလှုပ်မရှား ရှိနေသည့် ဆရာမ ခန္တာကိုယ် ကို မြင်တော့ သူ လူသတ်မိပြီ ဟူပြီး ထိတ်လန့် သွားသည်။ ထို့ ကြောင့် သူ အခန်းဘက်ကို ထွက်ပြေးသွားသည်။ သူခိုး ထွက်ပြေးသွားမှ ဆရာမက အိမ်နီးနားခြင်းကို အော်ဟစ် အကူအညီ တောင်းသည်။
သူမက သူမ၏ ဝမ်းကွဲများ အကူအညီကြောင့် ရဲကို အကြောင်းကြားသည်။ အဲနား တစ်ဝိုက် တပ်ဆင်ထားသည့် ကင်မရာ ၅ လုံးကြောင့် ရဲတွေက အဆိုပါ သူခိုးကောင်မှာ သူတို့ အိမ်နီးနားချင်းက ဖြစ်ရမည် ဟု ခန့်မှန်းသည်။ ဖမ်းဆီး ရမိခြင်း တော့ မရှိသေးပေ။
ဖိုးသူတော် (www.phothutaw.com)
Credit: ShweMyanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top