ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကမာၻႀကီးစတင္ျဖစ္ေပၚခဲ့တဲ့အခ်ိန္ဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၄၅၄၃ ႏွစ္ေလာက္က ပဲျဖစ္ပါတယ္။ ဒီေလာက္ႏွစ္သန္းေထာင္ခ်ီၾကာခဲ့တဲ့အခ်ိန္ပိုင္းအတြင္းမွာ မီးေတာင္ေပါက္ကြဲမႈ ၊ စစ္ပြဲ ၊ ေရႀကီးမႈ ၊ ကပ္ဆိုး အစရွိတာေတြ ျဖစ္ခဲ့ဖူးမွာပါ။ ကမာၻေပၚမွာ သက္ရွိေတြစတင္ျဖစ္ေပၚခဲ့တဲ့အခ်ိန္ဟာ လြန္ခဲ့ႏွစ္သန္းေပါင္း ၃၅၀၀ နီးပါးေလာက္ျဖစ္ပါတယ္။

ၾသစေတးသ်အေနာက္ဘက္မွာရွိတဲ့ Apex Chert ေက်ာက္ေဆာင္ေတြကို သိပၸံပညာရွင္ေတြစစ္ေဆးခဲ့တဲ့အခ်ိန္မွာ ဒီေက်ာက္တုံးေတြထဲမွာ အလြန္ေရွးက်လြန္းတဲ့ ဇီဝေက်ာက္ျဖစ္႐ုပ္ကြၽင္းတစ္ခ်ိဳ႕ေတြ႕ရွိခဲ့ၾကရာမွ အခုလိုေကာက္ခ်က္ခ်ခဲ့ၾကတာပဲျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ကမာၻႀကီးဟာ ဟိုးအရင္အခ်ိန္နဲ႔အလြန္ကြာျခားေနၿပီျဖစ္တဲ့အတြက္ သမိုင္းအခ်က္အလက္ေတြဟာ သစ္ေတာႀကီးေတြ ၊ ႏြံအိုင္ႀကီးေတြနဲ႔ သစ္ပင္ႀကီးေတြေအာက္မွာနစ္ျမဳပ္သြားေလာက္ပါၿပီ။

ကနဦးကမာၻမွာအသက္ရွင္ခဲ့ၾကတဲ့သတၱဝါေတြကေတာ့ ဥကၠာခဲႀကီးတစ္ခုက ကမာၻကိုဝင္တိုက္တဲ့အခ်ိန္မွာ ျဖစ္ပ်က္ခဲ့တဲ့ ဆိုး႐ြားလြန္းတဲ့ မီးေတာင္ေပါက္ကြဲမႈေတြ ၊ ေျမငလ်င္ႀကီးေတြနဲ႔ ဆူနာမီလႈိင္းေတြေအာက္ေရာက္သြားခဲ့ၾကရပါတယ္။ ကံေကာင္းေထာက္မၿပီးအသက္ရွင္လ်က္လြတ္ခဲ့တဲ့သတၱဝါေတြဟာလည္း စားစရာမရွိတဲ့အတြက္ေသဆုံးခဲ့ၾကရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ကမာၻႀကီးတစ္ခုလုံး ဖုံမႈန႔္ေတြဖုံးလႊမ္းေနတဲ့အတြက္ အပင္ေတြဟာ အစာခ်က္လုပ္ဖို႔ ေနေရာင္ျခည္မရေတာ့တာေၾကာင့္ အပင္အားလုံးေသဆုံးသြားခဲ့ရတာေၾကာင့္ပါပဲ။


တစ္ခုရွိတာက ေဂၚဇီလာေတြရွိခဲ့တဲ့အခ်ိန္တုန္းက နည္းပညာျမင့္မားလြန္းတဲ့ လူ ဒါမွမဟုတ္ အျခားသတၱဝါမ်ိဳးစိတ္တစ္ခုခုရွိခဲ့သလားဆိုတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ယခုေတြ႕ထားရတဲ့ ေရွးေဟာင္းပစၥည္းေတြဟာ ေဂၚဇီလာေတြေခတ္ထက္ပိုေစာလြန္းတဲ့အခ်ိန္တုန္းကအရာေတြျဖစ္ၿပီး ယခုေခတ္နည္းပညာထက္ကိုသာလြန္ေနတဲ့အဆင့္မွာရွိေနတဲ့အတြက္ပါပဲ။

တကယ္လို႔သာ အဆင့္ျမင့္ မ်ိဳးစိတ္တစ္ခုရွိခဲ့မယ္ဆိုရင္ သူတို႔ေရာ ကမာၻပ်က္ကိန္းထဲပါသြားခဲ့တာလား ။ ဒါမွမဟုတ္ ကမာၻပ်က္ကိန္းကလြတ္ေအာင္ေရွာင္ႏိုင္ခဲ့ၿပီး ယေန႔ေခတ္ကမာၻမွာ ပုန္းကြယ္အသက္ရွင္ေနထိုင္ေနၾကတာလားဆိုတာကိုေတာ့ …………..


Writer – Min Thu
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Hot News
# Unicode Version ျဖင့္ ဖတ္ပါ #
 ကမ္ဘာကြီးစတင်ဖြစ်ပေါ်ခဲ့တဲ့အချိန်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၅၄၃ နှစ်လောက်က ပဲဖြစ်ပါတယ်။ ဒီလောက်နှစ်သန်းထောင်ချီကြာခဲ့တဲ့အချိန်ပိုင်းအတွင်းမှာ မီးတောင်ပေါက်ကွဲမှု ၊ စစ်ပွဲ ၊ ရေကြီးမှု ၊ ကပ်ဆိုး အစရှိတာတွေ ဖြစ်ခဲ့ဖူးမှာပါ။ ကမ္ဘာပေါ်မှာ သက်ရှိတွေစတင်ဖြစ်ပေါ်ခဲ့တဲ့အချိန်ဟာ လွန်ခဲ့နှစ်သန်းပေါင်း ၃၅၀၀ နီးပါးလောက်ဖြစ်ပါတယ်။

သြစတေးသျအနောက်ဘက်မှာရှိတဲ့ Apex Chert ကျောက်ဆောင်တွေကို သိပ္ပံပညာရှင်တွေစစ်ဆေးခဲ့တဲ့အချိန်မှာ ဒီကျောက်တုံးတွေထဲမှာ အလွန်ရှေးကျလွန်းတဲ့ ဇီဝကျောက်ဖြစ်ရုပ်ကျွင်းတစ်ချို့တွေ့ရှိခဲ့ကြရာမှ အခုလိုကောက်ချက်ချခဲ့ကြတာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ ကမ္ဘာကြီးဟာ ဟိုးအရင်အချိန်နဲ့အလွန်ကွာခြားနေပြီဖြစ်တဲ့အတွက် သမိုင်းအချက်အလက်တွေဟာ သစ်တောကြီးတွေ ၊ နွံအိုင်ကြီးတွေနဲ့ သစ်ပင်ကြီးတွေအောက်မှာနစ်မြုပ်သွားလောက်ပါပြီ။

ကနဦးကမ္ဘာမှာအသက်ရှင်ခဲ့ကြတဲ့သတ္တဝါတွေကတော့ ဥက္ကာခဲကြီးတစ်ခုက ကမ္ဘာကိုဝင်တိုက်တဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားလွန်းတဲ့ မီးတောင်ပေါက်ကွဲမှုတွေ ၊ မြေငလျင်ကြီးတွေနဲ့ ဆူနာမီလှိုင်းတွေအောက်ရောက်သွားခဲ့ကြရပါတယ်။ ကံကောင်းထောက်မပြီးအသက်ရှင်လျက်လွတ်ခဲ့တဲ့သတ္တဝါတွေဟာလည်း စားစရာမရှိတဲ့အတွက်သေဆုံးခဲ့ကြရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာကြီးတစ်ခုလုံး ဖုံမှုန့်တွေဖုံးလွှမ်းနေတဲ့အတွက် အပင်တွေဟာ အစာချက်လုပ်ဖို့ နေရောင်ခြည်မရတော့တာကြောင့် အပင်အားလုံးသေဆုံးသွားခဲ့ရတာကြောင့်ပါပဲ။

တစ်ခုရှိတာက ဂေါ်ဇီလာတွေရှိခဲ့တဲ့အချိန်တုန်းက နည်းပညာမြင့်မားလွန်းတဲ့ လူ ဒါမှမဟုတ် အခြားသတ္တဝါမျိုးစိတ်တစ်ခုခုရှိခဲ့သလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ယခုတွေ့ထားရတဲ့ ရှေးဟောင်းပစ္စည်းတွေဟာ ဂေါ်ဇီလာတွေခေတ်ထက်ပိုစောလွန်းတဲ့အချိန်တုန်းကအရာတွေဖြစ်ပြီး ယခုခေတ်နည်းပညာထက်ကိုသာလွန်နေတဲ့အဆင့်မှာရှိနေတဲ့အတွက်ပါပဲ။

တကယ်လို့သာ အဆင့်မြင့် မျိုးစိတ်တစ်ခုရှိခဲ့မယ်ဆိုရင် သူတို့ရော ကမ္ဘာပျက်ကိန်းထဲပါသွားခဲ့တာလား ။ ဒါမှမဟုတ် ကမ္ဘာပျက်ကိန်းကလွတ်အောင်ရှောင်နိုင်ခဲ့ပြီး ယနေ့ခေတ်ကမ္ဘာမှာ ပုန်းကွယ်အသက်ရှင်နေထိုင်နေကြတာလားဆိုတာကိုတော့ …………..

Writer – Min Thu
ဖိုးသူတော် (www.phothutaw.com)
Credit:Daily Hot News

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top