iMyanmarHouse.com - Best Property Website for Myanmar
×

ညႀကီးသန္းေခါင္ ေျခဆစ္၊ လက္ဆစ္ေတြ ကိုက္လို႔ အိပ္ယာကေန လန္႔ႏိုးလာဖူးပါသလား။ ေျခေခ်ာင္း၊ လက္ေခ်ာင္းေတြ နာက်င္လို႔ အရာဝတၳဳေတြကို ကိုင္တြယ္ဖို႔ေတာင္ ခက္ခဲေနပါသလား။ ဒါဆိုရင္ေတာ့ သင့္မွာ အဆစ္အျမစ္ေရာင္ေရာဂါ (gout ေရာဂါ) ျဖစ္ေနႏိုင္ေျခ မ်ားေနပါၿပီ။ အဆစ္အျမစ္ေရာင္ ေရာဂါဆိုတာ ခႏၶာကိုယ္ထဲမွာ ယူရစ္အက္ဆစ္ (Uric acid) ၾကြယ္ဝမႈေၾကာင့္ ျဖစ္ပြားတတ္ၿပီး လူကိုဒုကၡေပးႏိုင္တဲ့ ေရာဂါတစ္မ်ိဳးပါ။

ယူရစ္အက္ဆစ္ဆိုတာ purines လို႔ေခၚတဲ့ ဓာတုပစၥည္းကထြက္တဲ့ စြန္႔ပစ္ပစၥည္းတစ္မ်ိဳးျဖစ္ၿပီး ခႏၶာကိုယ္ထဲမွာ ယူရစ္အက္ဆစ္ မ်ားလာတဲ့အခါ ေက်ာက္ကပ္လုပ္ေဆာင္မႈေတြ ရပ္တန္႔သြားသည္အထိ အႏၱရာယ္မ်ားပါတယ္။ ဒါေၾကာင့္ အဆစ္အျမစ္ေရာင္ ေရာဂါ႐ွင္ေတြနဲ႔ ေက်ာက္ကပ္အားနည္းသူေတြ ယူရစ္အက္ဆစ္ မတက္ေအာင္ ေဆာင္ရန္ ေ႐ွာင္ရန္ အစားအစာေလးေတြကို သိထားသင့္ပါတယ္။
စားသံုးေပးသင့္တဲ့ အစားအစာမ်ား
၁။ ဟင္းသီးဟင္း႐ြက္မ်ား

အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြ စားသံုးေပးသင့္တဲ့ ဟင္းသီးဟင္း႐ြက္ေတြကေတာ့ ဟင္းႏုႏြယ္႐ြက္၊ ကညြတ္၊ ပန္းေဂၚဖီစိမ္း၊ ပန္းေဂၚဖီ၊ မုန္လာဥနီ၊ ဗီတြတ္မုန္လာဥ၊ ပဲစိမ္းေတာင့္၊ အာလူး တို႔ပဲ ျဖစ္ပါတယ္။
၂။ အသီးအႏွံ
အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြ စားသံုးေပးသင့္တဲ့ သစ္သီးဝလံေတြကေတာ့ ခ်ယ္ရီသီး၊ စေတာ္ဘယ္ရီသီး၊ ဘလူးဘယ္ရီသီး၊ သံပုရာသီး၊ သံပ႐ိုသီး၊ ဂရိတ္ဖ႐ုထ္သီး၊ လိေမၼာ္သီး၊ နာနတ္သီး၊ ပန္းသစ္ေတာ္သီးနဲ႔ ပ်ားလိေမၼာ္သီးတို႔ ျဖစ္ပါတယ္။
၃။ ပ႐ိုတိန္းဓာတ္စာ


အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြ စားသံုးေပးသင့္တဲ့ ပ႐ိုတိန္းဓာတ္စာေတြကေတာ့ မႈိ၊ ပဲေနာက္ေစ့၊ ပဲေတာင့္႐ွည္တို႔ပဲ ျဖစ္ပါတယ္။
၄။ ကာဘုိဟိုက္ဒရိတ္

အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြဟာ ပါစတာေခါက္ဆြဲ၊ ဂ်ံဳေခါက္ဆြဲနဲ႔ ေပါင္မုန္႔အစ႐ွိတဲ့ ကာဘိုဟိုက္ဒရိတ္ေတြကိုလည္း စားသံုးေပးသင့္ပါတယ္။
၅။ ေသာက္စရာ


အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြ ေသာက္သံုးေပးသင့္တဲ့ ေသာက္စရာေတြကေတာ့ ေရ၊ သံပုရာရည္၊ ခ်ယ္ရီသီးေဖ်ာ္ရည္၊ ေထာပတ္ႏို႔၊ လက္ဖက္ရည္နဲ႔ ေကာ္ဖီတို႔ပဲ ျဖစ္ပါတယ္။
ေ႐ွာင္ၾကဥ္သင့္တဲ့ အစားအစာမ်ား
၁။ ပ႐ိုတိန္းဓာတ္


အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြ ေ႐ွာင္ၾကဥ္သင့္တဲ့ ပ႐ိုတိန္းဓာတ္စာေတြကေတာ့ ဆာဒင္းငါး၊ မက္ကရယ္ငါး၊ ငါးပါးနီေျခာက္၊ တူနာ၊ ထေရာက္ငါး၊ ေရငန္ငါး၊ အမဲသား၊ ဝက္ေပါင္ေျခာက္၊ ဝက္သား၊ ၾကက္သား၊ ကလီစာမ်ား၊ ဘဲသား၊ ၾကက္ဆင္သား၊ တို႔ဟူး၊ ဂဏန္း၊ ျပည္ႀကီးငါး၊ ကမာေကာင္နဲ႔ ပုစြန္တုပ္တို႔ပဲ ျဖစ္ပါတယ္။
၂။ ေသာက္စရာ

ေသာက္စရာေတြထဲမွာ အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြနဲ႔ လံုးဝမတည့္တဲ့ ေသာက္စရာေတြကေတာ့ အရက္နဲ႔ ရယ္ဒီမိတ္ ဘူးသြပ္ေဖ်ာ္ရည္ဘူးေတြပဲ ျဖစ္ပါတယ္။
၃။ အဆီဓာတ္နဲ႔ အဆီ
 

အဆစ္အျမစ္ေရာင္ ေဝဒနာ႐ွင္ေတြဟာ တိရစၱာန္ေတြကရတဲ့ အဆီေတြ၊ မေရာနိစ္ေတြ၊ ေထာပတ္ေတြနဲ႔လည္း မတည့္ပါဘူး။
၄။ တျခားအစားအစာမ်ား

အဆစ္အျမစ္ေရာင္ ေရာဂါသည္ေတြဟာ ဖ႐ူးတို႔စ္ပါဝင္မႈ မ်ားျပားတဲ့ ေျပာင္းဖူးစြပ္ျပဳတ္၊ ေပါင္မုန္႔ခ်ိဳ၊ ၾကက္သား၊ ငါး စြပ္ျပဳတ္စတာေတြကိုလည္း ေ႐ွာင္ၾကဥ္သင့္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ညကြီးသန်းခေါင် ခြေဆစ်၊ လက်ဆစ်တွေ ကိုက်လို့ အိပ်ယာကနေ လန့်နိုးလာဖူးပါသလား။ ခြေချောင်း၊ လက်ချောင်းတွေ နာကျင်လို့ အရာဝတ္ထုတွေကို ကိုင်တွယ်ဖို့တောင် ခက်ခဲနေပါသလား။ ဒါဆိုရင်တော့ သင့်မှာ အဆစ်အမြစ်ရောင်ရောဂါ (gout ရောဂါ) ဖြစ်နေနိုင်ခြေ များနေပါပြီ။ အဆစ်အမြစ်ရောင် ရောဂါဆိုတာ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် (Uric acid) ကြွယ်ဝမှုကြောင့် ဖြစ်ပွားတတ်ပြီး လူကိုဒုက္ခပေးနိုင်တဲ့ ရောဂါတစ်မျိုးပါ။

ယူရစ်အက်ဆစ်ဆိုတာ purines လို့ခေါ်တဲ့ ဓာတုပစ္စည်းကထွက်တဲ့ စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် များလာတဲ့အခါ ကျောက်ကပ်လုပ်ဆောင်မှုတွေ ရပ်တန့်သွားသည်အထိ အန္တရာယ်များပါတယ်။ ဒါကြောင့် အဆစ်အမြစ်ရောင် ရောဂါရှင်တွေနဲ့ ကျောက်ကပ်အားနည်းသူတွေ ယူရစ်အက်ဆစ် မတက်အောင် ဆောင်ရန် ရှောင်ရန် အစားအစာလေးတွေကို သိထားသင့်ပါတယ်။
စားသုံးပေးသင့်တဲ့ အစားအစာများ
၁။ ဟင်းသီးဟင်းရွက်များ
အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဟင်းနုနွယ်ရွက်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ဗီတွတ်မုန်လာဥ၊ ပဲစိမ်းတောင့်၊ အာလူး တို့ပဲ ဖြစ်ပါတယ်။
၂။ အသီးအနှံ
အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ သစ်သီးဝလံတွေကတော့ ချယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ သံပုရာသီး၊ သံပရိုသီး၊ ဂရိတ်ဖရုထ်သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ပန်းသစ်တော်သီးနဲ့ ပျားလိမ္မော်သီးတို့ ဖြစ်ပါတယ်။
၃။ ပရိုတိန်းဓာတ်စာ

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ပရိုတိန်းဓာတ်စာတွေကတော့ မှို၊ ပဲနောက်စေ့၊ ပဲတောင့်ရှည်တို့ပဲ ဖြစ်ပါတယ်။
၄။ ကာဘိုဟိုက်ဒရိတ်

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေဟာ ပါစတာခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲနဲ့ ပေါင်မုန့်အစရှိတဲ့ ကာဘိုဟိုက်ဒရိတ်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။
၅။ သောက်စရာ

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ သောက်သုံးပေးသင့်တဲ့ သောက်စရာတွေကတော့ ရေ၊ သံပုရာရည်၊ ချယ်ရီသီးဖျော်ရည်၊ ထောပတ်နို့၊ လက်ဖက်ရည်နဲ့ ကော်ဖီတို့ပဲ ဖြစ်ပါတယ်။
ရှောင်ကြဉ်သင့်တဲ့ အစားအစာများ
၁။ ပရိုတိန်းဓာတ်

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ ရှောင်ကြဉ်သင့်တဲ့ ပရိုတိန်းဓာတ်စာတွေကတော့ ဆာဒင်းငါး၊ မက်ကရယ်ငါး၊ ငါးပါးနီခြောက်၊ တူနာ၊ ထရောက်ငါး၊ ရေငန်ငါး၊ အမဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်သား၊ ကြက်သား၊ ကလီစာများ၊ ဘဲသား၊ ကြက်ဆင်သား၊ တို့ဟူး၊ ဂဏန်း၊ ပြည်ကြီးငါး၊ ကမာကောင်နဲ့ ပုစွန်တုပ်တို့ပဲ ဖြစ်ပါတယ်။
၂။ သောက်စရာ

သောက်စရာတွေထဲမှာ အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေနဲ့ လုံးဝမတည့်တဲ့ သောက်စရာတွေကတော့ အရက်နဲ့ ရယ်ဒီမိတ် ဘူးသွပ်ဖျော်ရည်ဘူးတွေပဲ ဖြစ်ပါတယ်။
၃။ အဆီဓာတ်နဲ့ အဆီ

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေဟာ တိရစ္တာန်တွေကရတဲ့ အဆီတွေ၊ မရောနိစ်တွေ၊ ထောပတ်တွေနဲ့လည်း မတည့်ပါဘူး။
၄။ တခြားအစားအစာများ

အဆစ်အမြစ်ရောင် ရောဂါသည်တွေဟာ ဖရူးတို့စ်ပါဝင်မှု များပြားတဲ့ ပြောင်းဖူးစွပ်ပြုတ်၊ ပေါင်မုန့်ချို၊ ကြက်သား၊ ငါး စွပ်ပြုတ်စတာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top